ခလောက်နို့ရွာသားတွေ ပြောင်တတ် နောက်တတ် ရှုပ်ရှုပ်ပွေပွေ ဟာသအပြည့်နဲ့ လုပ်တတ်ပုံတွေထဲမှာ တစိမ်းတရံဆံ
ချင်း မဆိုထားနဲ့ မြေးက အဖိုးကို ရှုပ်နောက်လှောင်တာမျိုးလဲ ရှိတာဘဲ။
တခါကခလောက်နို့ရွာသား မိသားတစုနေကြတဲ့ အိမ်တအိမ်မှာ မိခင်ဖြစ်သူက ကလေးတွေကို ကောက်ညှင်းပေါင်းပြီး
ကျွေးဘို့စီစဉ်တယ်။ ဒီတခါ ခလေးတွေကလဲများပြီး တယောက်အကြိုက်တမျိုးစီဖြစ်ကာ သူကကောက်ညှင်းအဖြူမှစား
မယ်၊ ငါကကောက်ညှင်းငချိတ်မှ စားမယ်နဲ့ ဆူဆူညံညံလုပ်ကြတယ်။ ဒီတခါ စိတ်ရှည်တဲ့အမေက ခလေးတွေအားလုံး
ကြေနပ်အောင် ကောက်ညှင်းဖြူကတပေါင်း၊ ကောက်ညှင်းငချိတ်ကတပေါင်း၊ ၂ပေါင်းပေါင်းတယ်။ ကောက်ညှင်းတွေ
ပေါင်းလို့ကျက်တော့ အမေဖြစ်သူက " နင်တို့ခဏနေကြအုံး၊ အဖိုးကိုအရင်ကျွေး၊ အဖိုးစားပြီးမှ ခလေးတွေက စားရ
တယ်၊ ဒီတော့မှ လိမ်မာတဲ့ခလေးဖြစ်တယ် " လို့ ခလေးတွေကို ပြောလိုက်တယ်။
ဒီလိုပြောတော့ ခလေးတွေကနားထောင်ကြတယ်။ ငြိမ်ပြီးနေကြတယ်။ အဖိုးဖြစ်သူကလဲ ပြင်ဆင်ထားတဲ့ကောက်ညှင်း
ပန်းကန်နားလာပြီး " ငါမြေးတွေက လိမ်မာပါတယ်၊ အဖိုးအရင်စားလိုက်မယ် " လို့ ပြောကာ ထိုင်ပြီးကောက်ညှင်းဖြူ
ပန်းကန်ကိုနှိုက်စားတယ်။ စားလို့အတော်ကြေနပ်တော့ " အိမ်း၊ ကောင်းကွ၊ ဒီကောက်ညှင်းငချိတ်ကကော ဘယ်လို
နေမလဲ " လို့ ပြောပြီး တခါ ကောက်ညှင်းငချိတ်ပန်းကန်ကို နှိုက်စားပြန်တယ်။ အဖိုးဟာ ကောက်ညှင်း အဖြူရော၊
ငချိတ်ရော စားပြီးတော့ထသွားတယ်။ ဒီတော့မှခလေးတွေလဲ ၀င်စားကြတယ်။
မနက်လင်းတော့ အဖိုးအိုဟာ အလုပ်ရှိတဲ့အတိုင်း လယ်ထဲကိုဆင်းသွားတယ်။ နေတော်တော်မြင့်တော့ လယ်ကစင်း
တနေရာမှာ ခါတိုင်း အခင်းသွားနေကြအတိုင်း ကစင်းပေါ်မှာထိုင်ပြီး အခင်းသွားလိုက်တယ်။ ပြီးတော့ပေါက်တူးကိုင်
ပြီးအလုပ်ကိုဆက်လုပ်တယ်။ မွန်းတိမ်းသွားတဲ့အခါ မြေးတယောက်က အဖိုးအိုပေါက်တူးပေါက်နေတဲ့ လက်ထဲကို
လိုက်လာတယ်။ သူ့လက်ထဲမှာ သူ့အဖိုးမေ့ကျန်ရစ်ခဲ့တဲ့ ၀ါးဆေးတံနဲ့ ၀ါးဆေးဗူးကလေးပါလာတယ်။ မြေငယ်ဟာ
လယ်ထဲကို ကစင်းရိုးအတိုင်း ရှောက်လာပြီး သူ့အဖိုးအခင်းသွားထားတဲ့ နေရာရောက်တော့ ရပ်လိုက်တယ်။ ပြီးတော့
သေသေချာချာထိုင်ပြီး ဦးအကြိမ်ကြိမ်ချကာ " သွားပါတော့ ငန်းတော်ကြား မြွေမင်းရယ်၊ ကျွန်တော်မျိုးကို မနှောက်
ရှက်ပါနဲ့ " လို့ ဆိုနေတယ်။
ဒီလို သူ့မြေးကလေးဦးအကြိမ်ကြိမ်ချပြီး ရှိခိုးနေတာကိုခပ်လှမ်းလှမ်းမှာ အလုပ်လုပ်နေတဲ့အဖိုးကမြင်တော့ ' ဘာပါ
လိမ့် ' လို့ လာကြည့်တယ်။ အဖိုးအိုစွန့်ထားတဲ့ မစင်ရှေရှေတုံးကြီးဟာ ကောက်ညှင်းအဖြူနဲ့ ကောက်ညှင်းငချိတ်ရဲ့
သတ္တိကြောင့် အဖြူကွက်အမဲကွက်တွေနဲ့ ငန်းတော်မြွေကလေး ခွေနေသလို ဖြစ်နေတာကိုတွေ့တော့မှ သဘောကျ
ကာပြုံးပြီး သူ့မြေးကိုဆွဲထူလိုက်တယ်။ ပြီးတော့ မြေးလက်ထဲက ဆေးတံနဲ့ ဆေးဗူးကိုယူပြီး အလုပ်လုပ်ရာကို ပြန်သွား
တယ်။
သူ့မြေးကိုတော့ ဘာတခွန်းမှမပြောလိုက်ဘူး။

လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
No comments:
Post a Comment