Photobucket
Showing posts with label article. Show all posts
Showing posts with label article. Show all posts

Saturday, July 4, 2009

သက်တမ်းရှည် ကရင်တာလပေါ့ဟင်း


ကရင်လူမျိုးများ၏ ရိုးရာဟင်းတစ်မျိုးမှာ "တာလပေါ့ဟင်း" ဖြစ်ပါသည်။ ကရင်သက္ကရာဇ်သည် ၂၇၄၈-ခုနှစ်ဖြစ်၏။

ကရင်လူမျိုးတို့သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ရှိခဲ့သောလူမျိုးများ ဖြစ်ပါသည်။ ကရင်တာလပေါ့

ဟင်းသည် လူမျိုးနှင့်အတူ ပေါ်ပေါက်လာသော ဟင်းဖြစ်၍ "သက်တမ်းရှည်ဟင်း"ဟုဆိုနိုင်ပါသည်။ စားသုံးသူအ

ပေါ်မှာ မူတည်ပြီး တာလပေါ့ဟင်းကို ချက်နိုင်သော အမျိုးအစားများစွာ ရှိသည်။

" အရည်ကျဲတာလပေါ့၊ အရည်ပြစ်တာလပေါ့" နှင့် "နံရံကပ်နိုင်သော တာလပေါ့" ဟင်းဟူ၍ များစွာရှိသည်။ စာရေး

သူကိုယ်တိုင် မချက်တတ်သော်လည်း ကရင်ပြည်နယ်- ကရင်ရွာတိုင်း အိမ်သူမများ ချက်တတ်ကြသည်။ တာလပေါ့

ဟင်း မချက်တတ်ပါက အိမ်ရှင်မ ကောင်းတစ်ယောက်အဖြစ် ကရင်ဖထီးတို့က အသိအမှတ် မပြုနိုင်ချေ။ အိမ်ရှင်မ

ကောင်းတစ်ယောက်ဖြစ်လိုပါက တာလပေါ့ဟင်းချက်တတ်မှ ဖြစ်ပါလိမ့်မည်။

ကရင်အမျိုးသား၊ အမျိုးသမီး(ဖထီး/အမိုး)များတါင် တာလပေါ့ဟင်းကို ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်သော ပုဂ္ဂိုလ်

များစွာရှိ၏။ စွယ်စုံအရသာနှင့် ချက်ပြီး ပူပူနွေးနွေးထမင်းနှင့် စားမိပါက ထမင်းတစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်

သွားမှန်း မသိတော့ပေ။ ကရင်ရွာကို အဝေးကဧည့်သည်များ အလည်ရောက်လာခိုက် ပူပူနွေးနွေး တာလပေါ့ဟင်းနှင့်

ထမင်းစားမိပါက ထိုအိမ်၊ ထိုမိသားစု၊ ထိုရွာကို လွမ်းတမြေ့မြေ့ အောက်မေ့တတ်ကြပြီး မမေ့နိုင်တော့ပေ။ တစ်ဦးနှင့်

တစ်ဦးလည်း ခင်မင်ရင်းနှီးလာ၏။

ကရင်ရိုးရာ-တာလပေါ့ဟင်းသည် ကရင်ရိုးရာ "မိတ်ဆုံစားပွဲများ၊ ကရင်နှစ်သစ်ကူးနေ့များ၊ ၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ

ရက်များ၊ ဘုန်းတော်ကြီးကျောင်း အလှူပွဲများ"၌ အိုးသူကြီး ဖထီးတို့အတွက် အစွမ်းပြချက်ပြုတ်ခွင့်ရသော ရက်များပင်

ဖြစ်ပါသည်။

၎င်းတာလပေါ့ဟင်းတွင် အထူအားဖြင့် "မျှစ်၊ ခရု" ပါဝင်စေပြီး ဘယ်လောက်ပင်စားစား ဝမ်းမပျက်တတ်ပေ။ သဘာဝအ

စားအစာ မျိုးနွယ်စုဟင်းဖြစ်၍ ကရင်အမျိုးသားတိုင်း ထိုတာလပေါ့ဟင်းကို "ရိုးရာဟင်းအဖြစ်" ချက်ပြုတ်စားသောက်

ထိန်းသိန်းနေထိုင်လာကြသည်။

ကမ္ဘာပေါ်တွင် နာမည်ကြီးဟိုတယ်များ၊ စားသောက်ဆိုင်များတွင် ရှာဖွေစားသုံးရန် မတွေ့နိုင်ချေ။ တစ်ချို့ကရင်အမျိုး

သားများ မြန်မာ၊ထိုင်း၊ မလေးရှား၊ စင်္ကာပူစသောနိုင်ငံများ၌ ဟိုတယ်ြုကီးတွင် အလုပ် လုပ်နေကြပြီး ဟိုတယ်အစားအ

စာများကို သာ နေ့စဉ်စားသုံးရသဖြင့် ရက်ရှည်လများ ငြီးငွေ့လာကြသည်။" မိမိတို့ မြို့ရွာများသို့ - တာလပေါ့ဟင်းပူပူ

နွေးနွေး စားချင်လိုက်တာ…" စသည်ဖြင့် တမ်းတမိလာ၏။

မိမိတို့ မိသားစုနှင့် ထမင်းဝိုင်းတွင် အားရပါးရ မြိန်ရေ ရှက်ရေဖြင့် ပျော်ပျော်ပါးပါး စားချင်ကြး၏။ ငယ်စဉ်ဘဝက အစား

အသောက်ကို မမေ့တတ်ပေ။ " ကရင်ဘဝ၊ ကရင်ရိုးရာ၊ ကရင်ဓလေ့ " စားသောက်ဖွယ်ကို မမေ့နိုင်ချေ။ ကရင်လူမျိုးများ

သည် ကရင်စာကိုဖတ်၍ ကရင်စကားကိုပြောရင်း ကရင်ဝတ်စုံဝတ်ဆင်ကာ ကရင်ဒုံးယိမ်း ကပြီးသောအခါ ကရင်တာလ

ပေါ့ဟင်း ပူပူနွေးနွေးကို အမောပြေစားသောက်ကြပါက ကရင်ပီသသည်ဟု ရှေးကရင်ပညာရှိလူကြီးများက အဆိုအမိန့်

ရှိခဲ့၏။

ထိုအဆိုအမိန့်နှင့်အညီ ယနေ့ကရင်အမျိုးသားတို့၏ မျိုးဆက်သက်တမ်းသည် " နှစ်ပေါင်းနှစ်ထောင်" ကျော်လာပြီ။ သို့အ

တွက်ကြောင့် ကရင်အမျိုးသားများ ရှိနေလျှင် တာလပေါ့ဟင်းလည်း ရှိရမည်။ " ကရင်အမျိုးသားနှင့် တာလပေါ့ဟင်း " ခွဲ

ခြား၍ မရပါ။ သီးခြားခွဲထုတ်၍လည်း မဖြစ်နိုင်ပေ။ တာလပေါ့ဟင်းကို မေ့ပျောက်ပါက ကရင်အမျိုးသား၏ စိတ်ဓာတ်ကို

မေ့ပျောက်သလိုဖြစ်နေလိမ့်မည်။

" သက်တမ်းရှည် ကရင်တာလပေါ့ဟင်း " ကို ကရင်မျိုးနွယ်စုတို့၏ " ရိုးရာအစားအစာ" အဖြစ်ဖြင့် ထိန်းသိမ်းရမည် ဖြစ်

ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

တေဇော (ငှက်ပျောတော)

http://kda2005.blogspot.com/မှ ကူးယူတင်ပြသည်။

Read More...

Photobucket