Photobucket
Showing posts with label Karen Tale. Show all posts
Showing posts with label Karen Tale. Show all posts

Thursday, September 24, 2009

ငါးပေါင်းစုံဟင်းနှင့် တာလပေါ့

ရှေးတုန်းကရွာတရွာမှာ အလွန်ချစ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ဟာ တယောက်ကိုတ

ယောက် အလွန်ချစ်ခင်ကြတာကြောင့် ပြောမနာ ဆိုမနာ အမြဲတမ်းကျီစယ်နောက်ပြောင်လေ့ ရှိကြတယ်။

သူတို့နှစ်ယောက်ဟာ တရွာထဲသားတွေဖြစ်ပေမဲ့ နောင်အခါ တယောက်က အလွန်ဝေးတဲ့ရွာတရွာမှာ အိမ်ထောင်ကျ

သွားတာကြောင့် သူငယ်ချင်းနှစ်ယောက်ဟာ တယောက်နဲ့တယောက် ခွဲပြီးနေကြရတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်

ဟာ တယောက်ကိုတယောက် ဘယ်တော့မှမမေ့ကြဘဲ အမြဲတမ်း သတိယနေကြတယ်။ မကြာမကြာဆိုသလိုလဲ တ

ယောက်အိမ်ကိုတယောက် အလည်အပတ်လာလေ့ ရှိကြတယ်။ တနေ့တော့တခြားရွာမှာ အိမ်ထောင်ကျနေသူဟာ သူ့

သူငယ်ချင်းကို သတိယလွမ်းဆွတ်တာကြောင့် ကောင်းနိုးရာရာ လက်ဆောင်တွေကိုယူပြီး သူငယ်ချင်းအိမ်ကို လာ

တယ်။

အဝေးရောက်သူငယ်ချင်းလဲ ကောင်းတဲ့လက်ဆောင်တွေယူပြီး မမျှော်လင့်ဘဲ ရောက်လာလို့ ရွာကသူငယ်ချင်းဟာဝမ်း

သာလုံးဆို့မတတ် ဖြစ်နေတယ်။ ရောက်လာတဲ့သူငယ်ချင်းကို ခရီးဦးကြိုပြုပြီး နေရာထိုင်ခင်း ကောင်းကောင်းပြင်ပေး

ပြီး အချိန်ကြာကြာ ခွဲနေခဲ့ကြရတာကြောင့် ရှေးဟောင်းနှောင်းဖြစ်တွေကို ၂ယောက်သားအတိုးချပြီးပြောကာ ပျော်မဆုံး

ဖြစ်နေကြတော့တယ်။ အိမ်ရှင်ရွာခံသူငယ်ချင်းဟာ တရွာကရောက်လာတဲ့ တရွာသားသူငယ်ချင်းကို မနောက်မပြောင်ရ

တာကြာပြီးဆိုပြီး အခုလိုအခွင့်သင့်တုန်း တနည်းနည်းနဲ့နောက်ပြောင်ဘို့ စိတ်ကူးမိတယ်။ ဒါကြောင့် စကားပြောနေယင်း

အမှတ်တမဲ့ အိမ်ခန်းထဲကိုဝင်သွားပြီး သူ့ဇနီးကို တရွာသား သူငယ်ချင်းအတွက် ထမင်းကျွေးတဲ့အခါ ထူးထူးထွေထွေ

ဘာဟင်းမှ ချက်မကျွေးဘဲ တို့စရာမပါတဲ့ ငါးပိရည် တခွက်လောက်သာ ထည့်ကျွေးဘို့ မှားထားလိုက်တယ်။

ဒီနောက် သူဟာ အိမ်ရှေ့ခန်းသူငယ်ချင်းရှိရာကို ပြန်လာပြီး " ကဲသူငယ်ချင်းရေ့ ရောက်တုန်းပေါက်တုန်း ငါ့မိန်းမက

သူငယ်ချင်းကို အထူးကျွေးဘို့ ငါးပေါင်းစုံဟင်းကို ချက်သတဲ့ဗျာ၊ ငါတော့ဝမ်းသာတယ်ဗျာ၊ အချင်းချင်း မတွေ့တာကြာ

တော့ အခုလိုပြန်တွေ့ကြတုန်း စားကောင်းသောက်ဖွယ် ငါးပေါင်းစုံဟင်းနဲ့ကျွေးရတော့ ဘယ်ဝမ်းမသာဘဲနေနိုင်ပါ့မလဲ "

လို့ ရယ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်။ ခဏကြာတော့ ဧည့်သည်သူငယ်ချင်းကို မီးဖိုထဲမှာ ထမင်းပွဲပြင်ပြီးလို့ ထမင်းလက်

ဆုံအတူတူစားဘို့ အိမ်ရှင်သူငယ်ချင်းက ခေါ်လိုက်တယ်။

တရွာကရောက်လာတဲ့ ဧည့်သည်သူငယ်ချင်းဟာ ခရီးပန်းလာတာကြောင့် အလွန်ဆာနေတယ်။ အိမ်ရှင်သူငယ်ချင်းက

ကောင်းတဲ့ ငါးပေါင်းစုံဟင်းနဲ့ ကျွေးမယ်ဆိုတာကြောင့်လဲ ၀မ်းသာပြီးမျှော်နေမိတယ်။ ဒါကြောင့် သူဟာခြေလှမ်းသွက်

သွက်နဲ့ အိမ်ရှင်သူငယ်ချင်းခေါ်တဲ့ မီးဖိုးခန်းကိုလိုက်လာတယ်။ ဒါပေမဲ့ ဧည့်သည်သူငယ်ချင်းဟာ ကြာကြာဝမ်းမသာနိုင်

ဘူး။ သူဟာ ထမင်းဝိုင်းကိုရောက်တဲ့အခါ ထမင်းတပန်းကန်နဲ့ ငါးပိရည်ကျဲကျဲတခွက်ကိုသာ ပြင်ဆင်ထားတာကို တွေ့ရ

တာကြောင့်ဖြစ်တယ်။ သူ့ထင်မြင်ချက်နဲ့ အခုလက်တွေ့ကြုံရတာဟာ လွဲချင်တိုင်းလွဲနေတာကို တွေ့ရတာကြောင့် အိမ်

ရှင်သူငယ်ချင်းက ငါးပေါင်းစုံဟင်းနဲ့ ကျွေးမယ်ဆိုတာကို နားမလည်နိုင်အောင်ဖြစ်တယ်။ ငါးပေါင်းစုံဟင်း မကျက်သေး

ကြောင့် မထည့်ရသေးတာလာလို့ သံသယဖြစ်ပြီး မီးဖိုဖက်ကိုလှမ်းကြည့်သေးတယ်။ ဒါပေမဲ့ ဟင်းအိုတည်ထားတာကိုမ

ဆိုထားနဲ့ ဟင်းအိုနဲ့တူတဲ့အိုဆိုလို့ ဘာအိုမှမတွေ့ဘူး။ ဒါကြောင့် မျက်နှာပျက်ပျက်နဲ့ ထမင်းကို ကုန်ပြီးစားနေတယ်။ သူ

ထမင်းစားနေတုန်း အိမ်ရှင်ဖြစ်တဲ့သူငယ်ချင်းက " စားပါသူငယ်ချင်းစားပါ၊ အားမနာတမ်းစားစမ်းပါ၊ ငါးပေါင်းစုံဟင်းက

ဘယ်နဲ့နေသလဲ၊ ငါးပေါင်းစုံဟင်းကိုသာ ခက်ရွှဲရွှဲဆမ်းပါ သူငယ်ချင်း " စတဲ့ လောကွက်စကားတွေ တွင်တွင်ပြောနေ

တယ်။ ဧည့်သည်သူငယ်ချင်းဟာ အဲဒီအချိန်ထိ သူ့သူငယ်ချင်းဘာကိုဆိုလိုတယ်ဆိုတာကို တွေးလို့မရဘူး။ သူကမကြေ

နပ်တဲ့အမူအရာနဲ့ အိမ်ရှင်သူငယ်ချင်းကို " မဟုတ်သေးပါဘူး သူငယ်ချင်းရယ်၊ သူငယ်ချင်းကတော့ ငါးပေါင်းစုံဟင်းလို့

သာပြောနေတယ်၊ ငါတော့ဟင်းတခွက်မှမတွေ့ဘူး။ ငါးပိရည်တခွက်ကလွဲပြီး ဘာမှမတွေ့ပါလား။ ဘယ်မှာလဲ မင်းငါး

ပေါင်းစုံဟင်းဆိုတာက " လို့ ဒဲ့ဒိုးဘဲ မေးလိုက်တယ်။

အဲဒီအခါသူငယ်ချင်းက ဟက်ဟက်ပတ်ပတ် ရယ်လိုက်ပြီး " သူငယ်ချင်းနှယ် အကင်းပါးမယ်မလိုလိုနဲ့ အ,ရန်ကော။ အဲ

ဒီငပိကို ငါးပေါင်းစုံဟင်းလို့ ငါပြောတာပါ။ စဉ်းစားကြည့်လေ၊ ငါပိဆိုတာဟာ ငါးမျိုးစုံကိုစုပြီးလုပ်ထားတာ မဟုတ်လား။

ပြီးတော့ ငါးမျိုးစုံတွေဟာ ဖမ်းယူလာစက အင်မတန်လတ်ဆတ်ကောင်းမွန်တဲ့ ငါးတွေပါဘဲ။ နောက်ဒီငါးတွေပုပ်ကုန်လို့

ငါးပိဖြစ်ရတာပါ။ တကယ်ဆိုတော့ ဒါဟာ ငါးပေါင်းစုံစုပြီး ချက်ထားတဲ့ ငါးဟင်းတွေဘဲ မဟုတ်လား " လို့ ပြောပြီး စားပွဲ

ပေါ်က ငါးပေါင်းစုံဟင်းကိုအားမနာတမ်း ခပ်စားဘို့ပြောလိုက်တယ်။ အဲဒီအခါကျမှ ဧည့်သည်သူငယ်ချင်းဟာ သူ့သူငယ်

ချင်းက ဘာကိုပြောနေတယ်ဆိုတာကိုရိပ်မိတော့တယ်။ ဒါကြောင့် ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ ထမင်းကိုသာ

ကုန်းပြီးစားနေတယ်။

ထမင်းစားပြီးတဲ့အခါ ဧည့်သည် သူငယ်ချင်းက " ထမင်းစားလို့မြိန်ပါပေတယ် သူငယ်ချင်း၊ သူငယ်ချင်းကို ကျေးဇူးတင်

လှပါတယ်၊ တနေ့တော့တို့ရွာ အလည်လာခဲ့ပါအုံးသူငယ်ချင်း၊ သူငယ်ချင်းကိုလဲ ဧည့်ဝတ်ပြုချင်ပါသေးတယ် " လို့ ပြော

ပြီးဖိတ်လိုက်တယ်။ ဒီနောက် ဧည့်သည် သူငယ်ချင်းဟာနှုတ်ဆက်ပြီး ရွာကိုပြန်လာခဲ့တယ်။ ရက်များမကြာခင် ငါးပေါင်း

စုံဟင်းနဲ့ ကျွေးလွတ်လိုက်တဲ့သူငယ်ချင်းဟာ အဝေးရောက်သူငယ်ချင်းဆီကို အလယ်အပတ်အနေနဲ့ ရောက်လာတယ်။

အဲဒီအခါ အိမ်ခံသူငယ်ချင်းဟာ ဧည့်ဝတ်ပြုဘို့သူ့အလှဲ့ ရောက်လာတာကြောင့် အလွန်ဝမ်းသာနေတယ်။ ဒါကြောင့် သူ့

မိန်းမကို ကရင်အမျိုးသားတွေ အလွန်ကြိုက်ပြီး ချက်ပြုတ်စားသောက်လေ့ရှိတဲ့ ' တာလပေါ့ ' ခေါ်တဲ့ ဟင်းချိုတမျိုးကို

ချက်ပြုတ်ဖို့ခိုင်းလိုက်တယ်။ အမှန်တော့ တာလပေါ့ ဟင်းချိုချက်ရာမှာ အသီး အရွက်အညွန့်မျိုးစုံထည့်ပြီး ချက်ရတယ်။

ဒါပေမဲ့သူက တာလပေါ့ဟင်းခတ်ဖို့ မျှစ်ကိုအသုံးမပြုဘဲ ၀ါးခြမ်းကိုနုတ်နုတ်စင်းပြီး ခပ်ခိုင်းတယ်။ သူ့ဇနီးဟာ ၀ါးခြမ်းတွေ

ကို လက်ညှိုးအရွယ်၊ လက်မအရွယ် ဖြတ်တောက်ပြီး တာလပေါ့ ဟင်းအဖြစ် ချက်ရာမှာတခြားဟင်းတွေ ပြည့်စုံပြီး အစီ

အမံ အဆီအငေါ်ထည့်တာကြောင့် အနံ့အရသာနှင့်ပြည့်ပေမဲ့ ၀ါးဟာမျှစ်လိုမပျော့ပြောင်းတာကြောင့် စားလို့မရဘူး။

ထမင်းစားချိန်ကျတဲ့အခါ အိမ်ခံသူငယ်ချင်းက သူဖိတ်လို့ရောက်လာတဲ့ သူငယ်ချင်းကို ထမင်းဝိုင်းထဲခေါ်လာပြီး " ကဲ

သူငယ်ချင်း ထမင်းစားကြစို့၊ သူငယ်ချင်းလို ငါးပေါင်းစုံဟင်းနဲ့ ချက်မကျွေးနိုင်တာကိုတော့ ၀မ်းနည်းပါတယ်။ ဒါပေမဲ့ သူ

ူငယ်ချင်းအတွက် အင်မတန်အရသာနဲ့ပြည့်စုံတဲ့ တာလပေါ့ဟင်းကိုတော့ အထူးစီမံပြီးချက်ထားပါတယ်၊ အားမနာတမ်း

စားစမ်းပါ သူငယ်ချင်း " လို့ လောက၀တ်ပြုပြီး မြိန်မြိန်ရှက်ရှက် စားသောက်ဖို့ပြောတယ်။

ဧည့်သည်သူငယ်ချင်းဟာ တာလပေါ့ဟင်းကို နှစ်သက်သူဖြစ်တယ်။ ဒါကြောင့်သူဟာ တာလပေါ့ဟင်းကို ခပ်ယူပြီး အား

ရပါးရစားလိုက်တဲ့အခါ မျှစ်တွေမဟုတ်ဘဲ မာတဲ့ဝါးခြမ်းပြားတွေကို ကိုက်မိရက်သာဖြစ်တော့တယ်။ ဒါနဲ့ " ဘယ့်နှယ် သူ

ငယ်ချင်း မျှစ်တာလပေါ့ဟင်းက မျှစ်မဟုတ်ဘဲ ၀ါးခြမ်းပြားတွေဖြစ်နေပါလား " လို့ ပြောလိုက်တယ်။ အဲဒီအခါ အိမ်ခံသူ

ငယ်ချင်းက တဟားဟားနဲ့ရယ်လိုက်ပြီး " ဟာ သူငယ်ချင်း ၀ါးခြမ်းပြားက မျှစ်ကဖြစ်လာတာဘဲ မဟုတ်လား၊ အခုမှသာ

ဝါးခြမ်းပြာဖြစ်နေတာပါ၊ အရင်ကတော့ မျှစ်ပါဘဲ။ စားပါ၊ ၀ါးခြမ်းပြားပေမဲ့ မျှစ်အဖြစ်နဲ့ အမှတ်ပြုပြီးစားပါ " လို့ ပြန်ပြော

လိုက်တယ်။ အဲဒီ ဧည့်သည်သူငယ်ချင်းဟာ သူကငါးပိကို ငါးပေါင်းစုံဟင်းလုပ်ပြီး ကျွေးခဲ့တာကို အခုပြန်ပြီးကလဲ့စားချေ

တဲ့ သူငယ်ချင်းရဲ့ရည်ရွယ်ချက်ကို ရိပ်မိလာပြီး ဘာမှမပြောတော့ဘဲ ထမင်းကို ဆက်ပြီးစားနေတော့တယ်။

ဧည့်သည်သူငယ်ချင်းက ထမင်းစားပြီးလို့ အိမ်ကိုပြန်ဘို့ အိမ်ခံသူငယ်ချင်းကို နှုတ်ဆက်တဲ့အခါ ဧည့်သည်သူငယ်ချင်းက

" သူငယ်ချင်းရေ၊ သူ့အလှည့်ကိုယ့်အလှည့်ဆိုသလို အပြန်အလှန်ကျွေးပြီးကြပါပြီး၊ နောက်ဒီလိုဟင်းမျိုးနဲ့ ဧည့်ဝတ်မပြု

ကြစတမ်း ကတိပေးကြပါစို့လား " လို့ ပြောလိုက်တော့ အိမ်ခံသူငယ်ချင်းက သဘောတူတဲ့အနေနဲ့ ရယ်မောပြီး " ငါကမ

စ, ပါဘူးကွာ၊ အေ... ကောင်းပါပြီး " လို့ ဆိုကာ ခေါင်းညိတ်လိုက်တယ်။ (ပိုးကရင်ပုံပြင်)

Read More...

Friday, February 27, 2009

ဖူးတကဲရဲ့ ဖားစည်

ဒီစာမူဟာ ပိုးကရင်တွေရဲ့ရာဇ၀င်သမိုင်း အယူအဆ သဘောတခုလည်းဖြစ်တယ်။ ပုံပြင်ဒဏ္ဍာရီလိုလဲဖြစ်တယ်။

၁၉၅၀-၅၁ ခုနှစ်လောက်က ကရင်ခေါင်းဆောင် စောဘဦးကြီးဟာ အခုကရင်ပြည်နယ်ဖြစ်နေတဲ့ ကော့ကရိတ်မြို့ ကို

ရောက်လာတုန်း လက်နက်ကိုင်တွေနဲ့  ဒေါနတောင်ကိုဖြတ်ပြီး မြ၀တီကို ကားတစီးနဲ့ သွားတယ်။

အဲဒီကားရဲ့ ဘေးမှာ 'ထော်မဲပါး' ဆိုတဲ့စာလုံးကိုကားရဲ့ အမည်အဖြစ်ရေးထားတယ်။ ဒီအမည်ကိုဖတ်ရပြီးနောက် ထော်မဲ့

ပါဆိုတဲ့အဓိပ္ပါယ်ကို ဒီပုံပြင်ပေးပို့ တဲ့ကျွန်တော်မိတ်ဆွေက စုံစမ်းတယ်။ ဒီလိုစုံစမ်းတော့ တရွာတပုဒ်ဆန်းဖြစ်နေတယ်။

ကျကျနနပြောပြနိုင်သူ ရှာမရဖြစ်နေတယ်။ ၁၉၆၃ ခုနှစ် ရောက်တဲ့အခါမှ မော်လမြိုင် ကျိုက်သံလံစေတီရဲ့အနီး တောင်

ရိုးတန်းရှိ တောင်စွန်းကျောင်းမှာ သီတင်းသုံးနေတဲ့ ကရင်အမျိုးသား ရဟန်းတော် ဦးစန္ဒဆီမှာ ထော်မဲပါးရဲ့  အကြောင်း

ကို ပြည့်ပြည့်ရတော့တယ်။

ကရင်လူမျိုးများ အလေးအမြတ် ယူဆထားရာဖြစ်တဲ့ ထော်မဲပါးအကြောင်းဟာ ဒီလိုပါ . . .

အလွန်ရှေးကျတဲ့အခါတုန်းကမဲ့လေးစီးဆိုတဲ့ ( မဲ့လံချောင်း၊သထုံခရိုင် ဘီးလင်းကျိုက်ထိုဘက်မှာရှိတယ် ) အရပ်မှာ ဖူး

မော်တော်လို့ ခေါ်တဲ့ ကရင်အမျိုးသားတယောက်ရှိတယ်။ အဲဒီ ဖူးမော်တော်ကရင်အမျိုးသားဟာ မဲ့လေးစီးအရပ်မှာ တ

ယောက်ထဲ တောင်ယာပဲခင်းစိုက်ပျိုးပြီး အသက်မွေးနေတယ်။ ဒီလိုတောင်ယာလုပ်ရင်းနေခဲ့တော့ တနေ့ မှာ ခါးစောင်း

လောက်ရှိပြီး အလွန်သန်စွမ်းကောင်းမွန်တဲ့ သူ့ တောင်ယာကစပါးပင်တွေကိုကြည့်ပြီး ကြည်နူးနှစ်သိမ့်နေတုန်း ၀က်သိုး

ကြီးတကောင်ဟာ တောစပ်ကထွက်လာပြီး သူ့ တောင်ယာက စပါးပင်တွေကို ဖျက်ဆီးစားသောက်နေတာ တွေ့ ရတယ်။

အဲဒါကိုမြင်တာနဲ့ ဖူးမော်တော်ဟာ အလွန်စိတ်ဆိုးဒေါသထွက်ပြီး ကိုင်စွဲနေကြဖြစ်တဲ့ လှံတံကို တဲမှာပြန်ယူပြီး ၀က်ကြီး

နောက်ကိုလိုက်တယ်။ ၀က်ကြီးဟာ လှံတံကိုင်စွဲပြီးလိုက်လာတဲ့ ဖူးမော်ထော်ကိုမြင်တဲ့အခါ တောထဲကိုဝင်ပြေးတယ်။ ဖူး

မော်တော်ကလဲ ၀က်ကြီးကိုမမိရင်မနေဘူး သတ်မယ်လို့ အားခဲပြီး ၀က်နောက်ကိုလိုက်တယ်။ ဒီလိုမျက်ခြည်မပြတ်ဝက်

နောက်ကို လိုက်သွားတဲ့အခါ လေးကေဆိုတဲ့အရပ်ကိုရောက်သွားတယ်။ အဲဒီတုန်းကလေးကေအရပ်မှာ အိမ်ခြေအတော်

အတန်းများတဲ့ ရွာကြီးတရွာရှိပြီးဖြစ်တယ်။ အဲဒီရွာကိုအုပ်ချုပ်နေတဲ့ တောင်ပေါ်ကရင်အခေါ် "တကွော" ပိုးကရင်အခေါ်

"ချခေါင်" မြန်မာလိုခေါ်ကြတဲ့ "စော်ကဲ" တယောက်ရှိတယ်။

အဲဒီစော်ကဲမှာ အလွန်လှတဲ့ 'နော်သဒါ' လို့ ခေါ်တဲ့ သမီးပျိုတယောက်ရှိတယ်။ ကရင်အမျိုးသားတွေနေတဲ့ဒေသမှာ အဲဒီ

တုန်းကစပြီးကနေ့ ထက်ထိ ဓလေ့ထုံးစံတခုရှိတယ်။ အဲဒီဓလေ့ဟာ တကယ်လို့  သမီးပျိုတရောက်ရှိရင် အဲဒီသမီးပျို အ

ချိန်တန်အရွယ်ရောက်လို့  လက်ထပ်မင်္ဂလာလုပ်တဲ့အခါမှာ အဲဒီမင်္ဂလာဆောင်မှာကျွေးဘို့  အပျိုဖေါ်ဝင်ကတဲကကြိုတင်

ပြီး ၀က်တကောင်(အပျိုဝက်)ကို မွေးထားကြရတဲ့ ဓလေ့ရှိဘဲ။ လက်ထပ်မင်္ဂလာလုပ်တဲ့အခါ အဲဒီဝက်ကိုသတ်ပြီး ရောက်

လာတဲ့ဧည့်ပရိသတ်တွေကို ခေါင်ရည်အရက်တွေနဲ့  ဧည့်ခံပြီး ပျော်ပျော်ရွှင်ရွှင် ကျွေးမွေးကြတယ်။ လေးကေရွာက စော်

်ကဲကလဲ သမီးပျို နော်သဒါအတွက် လက်ထပ်ပွဲမှာကျွေးဘို့  တောင်ပေါ်ကရင်အခေါ် ' ထော်ဖကွော် ' ၊ ပိုးကရင်အခေါ်

' ထွတ်ဖကွောင် ' ခေါ် ခါးမှာအဖြူပတ်ရှိတဲ့ (ခါးပတ်နဲ့ )၀က်ထီးကြီးတကောင်ကို မွေးမြူထားတယ်။ စော်ကဲသမီးနော်သ

ဒါရဲ့  ၀က်ထီးကြီးဟာ ခွန်အားဗလသန်တဲ့အပြင် အလွန်ထူးဆန်းတဲ့ဝက်ကြီးဖြစ်တယ်။ ထူးဆန်းပုံက ဒီဝက်ရဲ့ အစွယ်နှစ်

ချောင်းဟာ တချောင်းက ရွှေအစွယ်ဖြစ်ပြီး၊ တချောင်းကငွေအစွယ်ဖြစ်နေတယ်။

ဖူးမော်တော်ရဲ့ တောင်ယာကို သွားပြီးဖျက်ဆီးတဲ့ဝက်ကြီးဟာ တခြားမဟုတ်၊ စော်ကဲသမီး နော်သဒါရဲ့  ခါးပတ်ဖြူနဲ့ ဝက်

ကြီး “ထော်ဖကွော”ဘဲဖြစ်တယ်။ ဖူးမော်တော်ကလိုက်တဲ့အတွက် သူ့ နေရာ လေးကေရွာကို ပြန်ပြေးလာတာဖြစ်တယ်။

ဖူးမော်တော်ဟာ ၀က်ကြီး လေးကေရွာကို ၀င်သွားတာမြင်တဲ့အခါ ဆက်မလိုက်တော့ဘဲ ရွာပြင်ရှိ “ ဖိတုံနုံ့ ” လို့ ခေါ်တဲ့

အဖွားအိုတယောက်ရဲ့  အိမ်ကိုဝင်ပြီးနေလိုက်တယ်။ ဖိတုံနုံ့ ကို သူဟာမဲလေးစီအရပ်ကဖြစ်ပြီး သူ့ တောင်ယာကိုလာဖျက်

ဆီးတဲ့ ၀က်ကြီးကိုလိုက်တဲ့အခါ အခုဒီအရပ်ကို ရောက်လာပါတယ်။ တည်းခိုစရာမရှိလို့  ရက်နဲနဲလောက်တည်းခိုခွင့်ပေး

ပါလို့  ခွင့်တောင်းတယ်။ ဖိတုံနုံ့ ကလည်း သူ့ အိမ်မှာတည်းလိုက တည်းခိုနေနိုင်ပါတယ်၊ ပြန်ချင်တဲ့အခါမှပြန်နိုင်ပါတယ်။

သူ့ မှာလဲ သားသမီးမရှိလို့  တသက်လုံးနေချင်ယင်လဲ ၀မ်းမြောက်ဝမ်းသာ လက်ခံပါမယ်လို့  ပြောတယ်။

အမယ်အိုဖိတုံနုံ့ ဟာ အလွန်သဘောကောင်းသူဖြစ်တယ်၊ ဒါကြောင့်ဖူးမော်တော်ဟာ အမယ်အိုရဲ့ အိမ်မှာတည်းခိုမိတာနဲ့ 

အလွန်ချစ်ခင်လေးစားလာတယ်။ အိမ်အလုပ်မှန်သမျှလဲ ၀ိုင်းဝန်းလုပ်ကိုင်ပေးတယ်။ ဖိတုံနုံ့ ကလဲ ဖူးမော်တော်ကို သား

အရင်းလောက်ချစ်လာတယ်။ အမယ်အို ဖိတုံနုံ့ ရဲ့  ပြောပြချက်အရ ဖူးမော်တော်တောင်ယာကိုသွားပြီး ဖျက်ဆီးတဲ့ ၀က်

ကြီးဟာ အဲဒီရွာရဲ့ အကြီးအကဲဖြစ်တဲ့ တကွော “စော်ကဲ” သမီးရဲ့ ဝက်ကြီးဖြစ်တာကို သိရတယ်။ ဒါတင်မကသေးဘူး၊ ရွှေ

အစွယ်နဲ့ ငွေအစွယ်တဖက်ဆီရှိတဲ့ ဒီ “ထော်ဖကွော်” ခေါ်တဲ့ဝက်ကြီးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူပေါ်လာရင် သမီးပျိုနော်

သဒါနဲ့ ပေးစားမယ်လို့  စော်ကဲကြီးက ကျေညာထားတာကိုလဲ သိရတယ်။ ဒါကြောင့် ဖူးမော်တော်ဟာ ၀က်ကြီးကို နဂိုက

တည်းက အငြိုးထားလိုက်လာတာလဲဖြစ်၊ တခါဝက်ကြီးကိုသတ်နိုင်ယင် သမီးနဲ့ ပေးစားမဲ့အကြောင်းကို ကြားရပြန်တော့

ဖူးမော်တော်က ၀က်ကြီးနဲ့ သူသတ်မယ်လို့  ဖိတုံနုံ့ ကတဆင့် အကြောင်းကြားလိုက်တယ်။

တရပ်တကျေးက ရောက်လာတဲ့ ဖူးမော်တော်ဆိုသူဟာ ဘယ်သူမှ ယှဉ်ပြိုင်မသတ်ဝံ့တဲ့ ၀က်ကြီးနဲ့ သတ်တော့မဲ့ သတင်း

ဟာ ရွာကလေးထဲမှာတခါထဲ ချက်ခြင်းပျံ့နှံ့ သွားတယ်။ ရွာသူရွာသားတွေဟာ ဖူးမော်တော်နဲ့  ၀က်ကြီး ယှဉ်ပြိုင်သတ်မဲ့

နေရာကို ရောက်လာကြတယ်။ စောကဲကြီးဟာ ၀က်စားကျင်းက၀က်ကြီးကို လွတ်ထုတ်လိုက်တဲ့အခါ ၀က်ကြီးဟာဖူးမော်

တော်ရှိရာကို တဟုန်ထိုးပြေးလာပြီးပက်တယ်။ ဒီတော့ ဖူးမော်တော်က လှံနဲ့ ဆီးပြီးထိုးလိုက်တော့ လှံချက်ထိတာနဲ့ ချက်

ချင်း ၀က်ကြီးဟာ ကျွဲလောက်နီးနီးကြီးသွားတယ်။ ဖူးမော်တော်ဟာ ဒီအဖြစ်ကိုတွေ့ တဲ့အခါ အလွန်အံ့သြသွားတယ်။ ဒါ

ပေမဲ့ဆက်ပြီးခုခံရအုံးတော့မယ်လို့ အားတင်းပြီး နောက်ထပ်တခေါက် ပြေးပြီးဝင်လာတဲ့ ၀က်ကြီးကိုလှံနဲ့  စိုက်ထိုးလိုက်

ပြန်တယ်။ ဒီတော့ ကျွဲလောက်ကြီးနေတဲ့ဝက်ကြီးဟာ လှံနဲ့ ထိတဲ့အခါမှာ ထူးထူးဆန်းဆန်း ဆင်ပေါက်ကြီးတကောင်

လောက်အထိတိုးပြီး ကြီးသွားတာကို တွေ့ ရပြန်တယ်။ လာကြည့်တဲ့ပရိသတ်တွေက ဖူးမော်တော်ဟာ ၀က်ကြီးရဲ့ အစွယ်

ဖျားမှာမချိမဆံ့ သေသွားမဲ့အဖြစ်ကို တွေးကြပြီး ရင်တမမနဲ့ ကြည့်နေကြတယ်။ ဖူးမော်တော်ကိုယ်တိုင်ကလဲ သူဟာဝက်

ကြီးရဲ့  အစွယ်ဖျားမှာ သေရတော့မယ်လို့  တွေးပြီးအားလျှော့စပြုလာတယ်။

အဲဒီ အခြေအနေမှာ ပရိသတ်ထဲက “အားမလျှော့နဲ့ ဖိုးခွား ဆက်ခုခံပါ၊ မင်းအမှန်ဘဲအနိုင်ရမယ်” လို့  အော်တဲ့အသံအခု

ကို ကြားရတော့ ဖူးမော်တော်ဟာ အားတက်လာပြန်တယ်။ ဒီအသံရှင်ဟာတခြားမဟုတ်ဘူး၊ ဖူးမော်တော်ရဲ့ ကျေးဇူးရှင်

ဖိတုံနုံ့  အဖွားအိုရဲ့ အသံဘဲ။ ၀က်ကြီးဟာ ဖူးမော်တော်ရှိရာကို တအားပြေးဝင်လာတဲ့အခါ အလစ်မပေးတဲ့ ဖူးမော်တော်

ဝက်ကြီးဘေးကိုလှံနဲ့  ပြေးထောက်လိုက်တယ်။ ဒီတော့ဝက်ကြီးဟာ အသံကျယ်ကျယ်ကြီးအော်ပြီး သေသွားတယ်။ လာ

ကြည့်ကြတဲ့ ပရိသတ်တွေကလဲ ကောင်းချီးသြဘာပေးကြတယ်။ စော်ကဲကြီးဟာ ၀က်ကြီးကိုသတ်နိုင်တဲ့ ဖူးမော်တော်ကို

ကြည့်ပြီး အလွန်ကြေနပ်သဘောကျတယ်။ နောင်အခါမှာ ဒီလူငယ်ဟာ သူ့ နေရာကိုယူပြီး ရပ်ရွာကိုကောင်းကောင်းအုပ်

ချုပ်နိုင်တဲ့ စော်ကဲဖြစ်လာလိမ့်မယ်လို့ လဲ သူယုံကြည်တယ်။

အဲဒီနေ့ မှာ ကတိအတိုင်း စော်ကဲကြီးဟာ ဖူးမော်တော်နဲ့ သူ့ သမီးနော်သဒါကို လက်ထပ်ပေးလိုက်တယ်။ လက်ထပ်ပွဲမှာ

ဝက်ကြီးရဲ့ အသားကိုကောင်းကောင်းချက်ပြုတ်ပြီး အရက်ခေါင်ရည်တွေနဲ့  သောက်စားပျော်မြူးကြရတဲ့အတွက် ရွာသား

တွေကလဲ အလွန်ကြေနပ် သဘောကျနေကြတယ်။ လက်ထပ်မင်္ဂလာပွဲပြီးတာနဲ့  စော်ကဲကြီးဟာ သမက်ဖြစ်တဲ့ ဖူးမော်

တော်ကို သူ့ “ တကွော် ” စော်ကဲရာထူးကို လွှဲအပ်ပေးလိုက်တယ်။ ဒီနောက် သေသွားတဲ့ဝက်ကြီးရဲ့  ရွှေနဲ့ ငွေအစွယ် နှစ်

ချောင်းကိုလဲ ဖူးမော်တော်ကိုအပ်လိုက်တယ်။ အဲဒီဝက်စွယ်ရဲ့ တန်ခိုးကြောင့် ဖူးမော်တော်ဟာ ပိုပြီးဂုဏ်ကြီးလာတယ်။

လေးကေရွာမှာ စော်ကဲကြီးလုပ်ပြီး အုပ်ချုပ်လာတဲ့ နော်သဒါရဲ့  မိခင်ဖခင်တွေဟာ အဲဒီအရပ်က ကရင်တွေမဟုတ်ဘူး၊

မြောက်ဘက်အရပ် 'ထီးဆေမေ့' ရွာခေါ်တဲ့ သဲပူချောင်းကြီးတခုရဲ့  မြောက်ဖက်အရပ်ဒေသက ဆင်းလာကြတဲ့ ကရင်အ

မျိုးသားတွေသာဖြစ်တယ်။ စော်ကဲကြီးဟာ သူ့ စော်ကဲရာထူးကို ဖူးမော်တော်ကိုအပ်ပြီးတော့ သူ့ အရပ်ဖြစ်တဲ့ ထီးဆေမဲ့

ရွာ မြောက်ဘက်အရပ်ကို ပြန်သွားတယ်။ ဖူးမော်တော်ဟာ နော်သဒါနဲ့ ပေါင်းလာခဲ့တော့ သားတယောက် ထွန်းကားလာ

တယ်။ အဲဒီသားဦးကိုအမည်မှည့်တဲ့အခါ ရွှေဝက်စွယ် ငွေဝက်စွယ်၂ချောင်းကို ဖူးမော်တော်က သားဦးကို ပေးလိုက်တာ

ကို အကြောင်းပြုပြီး “ဖထော်မဲ” လို့ ခေါ်ကြတယ်။ (ဖထော်မဲ-မောင်ဝက်စွယ်) တနည်းအားဖြစ် သူ့ ဖခင်ဖြစ်တဲ့ ဖူးမော်

တော်ဆီမှာ တန်ခိုးထက်မြက်တဲ့ ၀က်စွယ်ရှိတာကြောင့် (ထော်မဲပါး) လို့ ခေါ်ကြသေးတယ်။ (ထော်မဲပါး-သူ့ အဖေဆီမှာ

ဝက်အစွယ်ရှိတဲ့လူ) ၊ ထော်မဲ-၀က်စွယ် ၊ ပါး-အဖေ)။

ထော်မဲပါးကိုမွေးပြီးတဲ့နောက် နှစ်နဲနဲကြာတဲ့အခါ ဖူးတကဲလို့ ခေါ်တဲ့ သားတယောက်ကို မွေးပြန်တယ်။ ဖူးမော်တော်ဟာ

သားတွေဖြစ်တဲ့ ထော်မဲပါးနဲ့ ဖူးတကဲကို အလွန်ချစ်တာကြောင့် သူလုပ်တဲ့တောင်ယာကို နေ့ တိုင်းခေါ်သွားလေ့ရှိတယ်။

တောင်ယာမှာအားနေတဲ့အခါ သားတွေကို လေးပစ်အတတ်၊ ဓားခုတ်အတတ်များ သင်ပေးလေ့ရှိတယ်။ ဖူးမော်တော်ရဲ့ 

တောင်ယာဟာ စပါးအထွက်ကောင်းပေမဲ့ မျောက်တွေရဲ့ နှောက်ယှက်တာကို အမြဲခံနေရတယ်။ အလွန်ကြီးတဲ့မျောက်

ကြီးတကောင်ဟာ မျောက်တွေကိုခေါင်းဆောင်ပြီး တောင်ယာကိုလာပြီး အမြဲဖျက်ဆီးစားသောက်လေ့ရှိတယ်။ ချောက်

လှန့် မောင်းလိုက်တဲ့ခဏမှာ တခြားကို တိမ်းရှောင်သွားတယ်၊ လူလစ်တာနဲ့ ပြန်လာပြီး ဖျက်ဆီးမြဲ ဖျက်ဆီးပြန်တယ်။

မျောက်တွေကြောင့် စိတ်ညစ်နေတဲ့ ဖူးမော်တော်ဟာ တနေ့ တော့ တောင်ယာကိုရောက်လာပြီး မျောက်တွေရဲ့  အမူအ

ယာအားလုံးကိုသိဖို့  တောင်ယာထဲမှာစင်းစင်းကြီးအိပ်ပြီး သေယောင်ဆောင်နေကြည့်တယ်။ မကြာခင်မျောက်အုပ်ကြီး

ဟာ တောင်ယာထဲကိုရောက်လာကြတယ်။ ဒီတော့ခေါင်းဆောင်ကြီးဖြစ်တဲ့ မျောက်ကြီးဟာ စန့် စန့် ကြီးသေနေတယ်

ထင်တဲ့ ဖူးမော်တော်ကိုမြင်တော့ မျောက်တွေကို “အဆွေတို့  ငါတို့ ရဲ့ ကျေးဇူးရှင်ဖူးမော်တော်ဟာ သေသွားရှာပြီ၊ သူ့ 

တောင်ယာကစပါးတွေကို စားနေကြရတဲ့ ငါတို့ မှာ သူမရှိတဲ့နောက် စပါးတွေကိုကောင်းကောင်းစားရတော့မှာ မဟုတ်

ဘူး၊ ဒါကြောင့် ငါတို့ ဟာဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့  ကျေးဇူးရှင်ဖူးမော်တော်ကို သင်္ဂြိုဟ်လိုက်ကြပါစို့ ” လို့ ပြောလိုက်

တဲ့အခါ မျောက်အုပ်ကြီးဟာ အလွန်ဝမ်းနည်းကြလို့  ငိုကြတယ်။

ဒိနောက် မျောက်တချို့ ဟာ တောထဲဝင်ပြီး အလွန်နာပျော်ဖွယ်ကောင်းတဲ့ ရွှေဖားစည်တလုံးနဲ့  ငွေဖားစည်တလုံးကိုယူ

လာကြပြီး သေနေတယ်ထင်တဲ့ဖူးမော်တော်ကို ၀ိုင်းပြီး ဖားစည်ကိုတီးကာ အောက်ပါသီချင်းကိုဆိုကြတယ်။

သီချင်းက . . .

“ဖူးမော်တော်၊ သီးတကော်ကော်၊

အေးဟော်၊ အေးဟော်၊

ဖူးမော်တော်၊ သီးတကာကာ၊

အေးဟာ၊ အေးဟာ” လို့ ဆိုပြီးငိုကြတယ်။

အဓိပ္ပာယ်က ...

ဖူးမော်တော်ကြီး၊ သေသွားပါကလားနော်၊

အေးဟော်၊ အေးဟော်။

ဖူးမော်တော်ကြီး၊ သေလို့ သွားရှာ၊

အေးဟာ၊ အေးဟာ” ဆိုတာဖြစ်တယ်။

သေဟန်ဆောင်နေတဲ့ ဖူးမော်တော်ဟာ အဲဒါတွေကိုကြုံတွေ့ ရတဲ့အခါ အလွန်ရယ်ချင်တာနဲ့  မအောင့်နိုင်တော့ဘဲ အသံ

ကျယ်ကျယ်နဲ့  ရက်လိုက်တယ်။ ဖူးမော်တော်ရဲ့ ရယ်သံကို ရုတ်တရက်ကြားရတဲ့မျောက်တွေဟာ လန့် ပြီး ခြေဦးတည့်ရာ

ကို ထွက်ပြေးကြတယ်။ သူတို့ တီးနေတဲ့ ရွှေဖားစည်နဲ့  ငွေဖားစည်ကိုတောင် မယူနိုင်တော့ဘဲ အဲဒီနေရာမှာ ပစ်ချထားခဲ့

ကြတယ်။ ဖူမော်တော်လဲ အိပ်ရာကထပြီး မျောက်တွေယူမသွားဘဲ ချထားပစ်ခဲ့တဲ့ ဖားစည် ၂ လုံးကိုယူပြီး အိမ်ကိုပြန်ခဲ့

တယ်။ အဲဒီဖားစည်တွေဟာ သာမညဖားစည်တွေမဟုတ်၊ တီးလိုက်ယင် ဖားစည်သံကြားရတဲ့ရန်သူတွေဟာ ကြောက်ပြီး

ထွက်ပြေးကြတယ်။ မိုးခေါင်တဲ့အခါတီးလိုက်ယင် မိုးရွာတယ်၊ ရောဂါထူတဲ့အခါတီးလိုက်ယင် ရောဂါကင်းတယ်။သဘော

ကတော့ အဲဒီဖားစည်ကိုတီးလိုက်ယင် တိုင်းပြည်စည်စည်ကားကားနဲ့ သာယာဝပြောတယ်လို့ ဆိုတယ်။

ရွှေဝက်စွယ်နဲ့ ငွေဝက်စွယ်ရှိတာအပြင် ရွှေဖားစည်နဲ့ ငွေဖားစည်ကို ထပ်ရတဲ့အခါ ဖူးမော်တော်ရဲ့ ဂုဏ်သတင်းဟာ ပိုကြီး

လာပြီး အဝေးကိုပျံ့ သွားတယ်။ တခါအလွန်သူရသတ္တိနဲ့ ပြည့်စုံတဲ့ ထော်မဲပါးနဲ့  ဖူးတကဲခေါ်တဲ့ သားလူစွမ်းကောင်း နှစ်

ယောက်ကလဲရှိတဲ့အတွက် ဖူးမော်တော်ရဲ့ သြဇာဟာ ရပ်ဝေးရပ်နီးပျံ့ ပြီး ကျော်ကြားသွားပြန်တယ်။ နှစ်တွေတော်တော်

ကြာလို့  ဖူးမော်တော် အိုမင်းမစွမ်းရှိလာတဲ့အခါ သူ့ စော်ကဲဘွဲ့ ကို သားနှစ်ယောက်အား အပ်လိုက်တယ်။ သူပိုင်တဲ့နယ်

တွေကလဲ အလွန်ကျယ်လာတဲ့အတွက် သားနှစ်ယောက်ကို အညီအမျှခွဲပြီး အုပ်ချုပ်စေဘို့  စီစဉ်လိုတယ်။ ဒါကြောင့် တ

နေ့ တော့ သားနှစ်ယောက်ကိုခေါ်ပြီး “ဖိုးခွာတို့ (သားတို့ ) သင်တို့ နှစ်ယောက်ဟာ နောင်ငါမရှိတဲ့နောက် တယောက်နဲ့ 

တရောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနေထိုင်ကြရမယ်။ အခုငါဟာအသက်ကြီးလာပြီး၊ ငါအုပ်ချုပ်တဲ့နယ်တွေကို သင်

တို့ နှစ်ယောက် အညီအမျှခွဲပြီး ယူကြပေတော့။ ငါပိုင်တဲ့ ၀က်စွယ်နှစ်ချောင်းနဲ ဖားစည်နှစ်လုံးမှာ ရွှေဖားစည်ကိုယူတဲ့လူ

ဟာ ငွေဝက်စွယ်ကိုယူပါ။ ကျန်တဲ့ ငွေဖားစည်ကိုယူတဲ့သူဟာ ရွှေဝက်စွယ်ကို ယူရမယ်လို့ ပြောဆိုပြီး မကြာခင် ဖူးမော်

တော်ဟာ သေသွားတယ်။ ဖူးမော်တော်ရဲ့ အလောင်းကိုသားဖြစ်ကြတဲ့ ထော်မဲပါးနဲ့ ဖူးတကဲတို့ ဟာ လိုဏ်ဂူကြီးတခုမှာ

ထဲ့ပြီး မြှုပ်နှံသင်္ဂြိုဟ်လိုက်တယ်။ အဲဒီ လိုဏ်ဂူရှိတဲ့ တောင်ကို အခုထက်ထိ (ထိမော်ကလို) ဆိုတဲ့နာမည်နဲ့  သထုံခရိုင်

ဘီးလင်းနယ် အလူးကြီးနဲ့ မနီးမဝေးမှာရှိတယ်။

ထော်မဲပါးနဲ့  ဖူးတကဲညီနောင်၂ယောက်ဟာ ဖခင်ကြီးမှာတဲ့အတိုင်း ဖားစည်နဲ့ ဝက်စွယ်ကိုခွဲယူကြဘို့  စကားပြောတုန်း

ညီဖြစ်တဲ့ ဖူးတကဲဟာအကောက်ကြံပြီး ဖားစည်၂လုံးကိုတိတ်တိတ်ယူကာ အဲဒီအရပ်ကနေ တောင်ဖက်အရပ်ကို ထွက်

လာခဲ့တယ်။ ဖူးတကဲဟာ ဇွဲကပင်(ဖားအံနယ်)ကိုရောက်တဲ့အခါ အဲဒီနယ်က ကရင်အမျိုးသမီးတယောက်နဲ့  အိမ်ထောင်

ကြပြီးအုပ်ချုပ်နေတယ်။ အကိုဖြစ်တဲ့ထော်မဲပါးဟာ အကောက်ကြံတဲ့ညီအပေါ် အလွန်ဒေါသထွက်တဲ့အတွက် အဲဒီအရပ်

မှာ မနေလိုတော့ဘဲ 'ထီးဆေမေ့ရွာ' (သဲပူချောင်း)ရဲ့မြောက်ဖက် သူ့ မိခင်နော်သဒါနေတဲ့ရွာကို ၀က်စွယ် ၂ချောင်းယူပြီး

ထွက်သွားတယ်။ အဲဒီအချိန်ကစပြီး ထော်မဲပါးတို့ ရဲ့မိခင် နော်သဒါတို့ အမျိုး နေထိုင်တဲ့အရပ်ကကရင်တွေကို (မိုးထိပ်)

အမိမျိုးကရင်လို့ ခေါ်ကြပြီး အဖဖူးမော်တော်တို့ နေထိုင်တဲ့တောင်ပိုင်းကရင်တွေကို (ဖားထိပ်) အဖမျိုးလို့ ခေါ်ကြတယ်။

အမိမျိုးကရင် အဖမျိုးကရင်အဖြစ် တခြားနည်းအမျိုးမျိုးယူဆပြောနေကြတာလဲ ရှိသေးတယ်။ ပိုးကရင်တွေကို အမိမျိုး

(ထော်မဲပါးရဲ့အမိဘက်ကအမျိုး) လို့  ခေါ်ပြီး၊ စကောကရင်တွေကို အဖမျိုးကရင် ( ထော်မဲပါးရဲ့အဖ ဖူးမော်တော် တိ

ဘက်က ကရင်မျိုး) လို့ လဲ ယူဆကြတယ်။ တချို့ ကလဲ ပိုးကရင်အမျိုးသားတဦးဟာ ယိုးဒယားမင်းသမီးတပါးကို ခိုးယူ

ပြီး တနင်္သာရီနယ်ဘက်မှာ တိုင်းပြည်တည်ထောင်နေခဲ့ကြတယ်။ အဲဒီကပေါက်ဖွားတဲ့အမျိုးကို ယိုးဒယား မင်းသမီးကို

အစွဲပြုပြီး အမိကရင်မျိုးလို့  နောင်အခါ ပိုးကရင်တွေကို ခေါ်ကြတယ်လို့ လဲ မှတ်သားသူတွေရှိတယ်။

ဒီလို အမိမျိုးခေါ်တဲ့ ပိုးကရင်တွေဟာ သူတို့  အမျိုးကိုအထိမ်းအမှတ်ပြုပြီး မွန်တွေလို (ရိုက်ခနောင်ကူ)ခေါ် ဆံတိုဖြတ်

ထားကြတယ်။ ဦးစွန်းဖုတ် ရိတ်ထားတာနဲ့ တူတယ်။ အခုထက်ထိကရင်ပြည်နယ်အချို့ ဒေသမှာ သက်ကြီးပိုင်းက ဆံတို

ဦးစွန်းဖုတ် ရိတ်ထားတာကို တွေ့ ရတတ်သေးတယ်။ ကရင်ပြည်နယ်တချို့ ဒေသမှာ အထူးသဖြင့် ဒူဝေရိုးရာကိုးကွယ်တဲ့

သူတွေကို (မိုးထိပ်) အမိမျိုးလို့ ယူဆပြီး၊ အခြားရိုးရာကိုးကွယ်တဲ့သူတွေကို (ဖားထိပ်) အဖမျိုးလို့ ယူဆကြသူတွေလဲ ရှိ

သေးတယ်။ ဘာပြုလို့  ဒူဝေရိုးရာကိုးကွယ်သူတွေကို အမိမျိုးလို့ ယူဆခေါ်ကြသလဲဆိုယင် ဒူဝေရိုးရာကိုးကွယ်တဲ့ အိမ်

ထောင်စုမှာ အိမ်ထောင်ရဲ့ သြဇာကို ဖခင်လုပ်သူက ဘယ်လိုမှချယ်လှယ်ပိုင်ခွင့်မရှိ၊ မိခင်ကသာချယ်လှယ်ရတယ်။ နတ်

စားတဲ့အခါအိမ်ထောင်မှာ ယောက်ျားမပြည့်စုံယင် ကိစ္စမရှိ ဒါပေမဲ့မိန်းမတွေ ခရီးလွန်နေလို့  မပြည့်စုံယင်သူတို့ ပြန်လာ

တဲ့အထိ စောင့်ပြီးမှနတ်စားရတယ်။ တခြားရိုးရာကယောက်ျားဟာ ဒူဝေရိုးရာကမိန်းမနဲ့  အိမ်ထောင်ကျယင် ယောက်ျား

ကိုယ်တိုင်က သူ့ နဂိုရိုးရာကိုယူနိုင်ပေမဲ့ သားသမီးတွေဟာမိခင်ရဲ့  ဒူဝေရိုးရာကိုသာယူကြရတော့တယ်။ ဒါကြောင့် ဒူဝေ

ရိုးရာဟာ ပြန့် နှံ့လွယ်ပြီး အဲဒီရိုးရာ ကိုးကိုယ်တဲ့ကရင်တွေကို အမိရိုးရာသြဇာညောင်းတာကိုအစွဲပြုပြီး အမိမျိုး (မိုးထိပ်)

လို့ ခေါ်ကြကြောင်း ယူဆသူတွေလဲရှိပြန်တယ်။

ထော်မဲပါးဟာ အမိဖြစ်တဲ့ နော်သဒါရဲ့ အမျိုးရှိရာကိုမသွားခင် ညီဖြစ်သူ ဖူးတကဲကို အရေးကြီးတဲ့စကားတခွန်းကို ပြော

လိုက်သေးတယ်။ အဲဒီစကားက . . .

“ အောထိ, အောထိ မေးက, အောခါ, အောခါမေက ပွာလေးမိုထိပ်, ကဟားကေ ” ဆိုတာဖြစ်တယ်။

အဓိပ္ပါယ်က “ ညီမောင် မင်းဟာတိုင်းပြည်နယ်ပယ်ကို အုပ်စိုးတဲ့အခါ ကောင်းကောင်းအုပ်ချုပ်ရစ်ပါ ၊ ဒီလိုမှမဟုတ်ဘဲ

တိုင်းပြည်ကို ကောင်းကောင်းမအုပ်ချုပ်နိုင်ယင် မိုးထိပ်(အမိမျိုး)ဘက်က လူတွေလာပြီးမင်းတိုင်းပြည်ကို အုပ်ချုပ်လိမ့်

မယ်” ရယ်လို့ ဖြစ်တယ်။ ဒီနောက် ထော်မဲပါးဟာ မိုးထိပ်တွေနေတဲ့အရပ်ကို ၀က်စွယ်တွေယူပြီးထွက်သွားတယ်။ ဖူးတ

ကဲဟာ ဇွဲကပင်အရပ်မှာ တိုင်းပြည်တည်အုပ်စိုးရင်း သူ့ နဲ့ ပါလာတဲ့ဖားစည်ကိုတီးပြီး အဲဒီဒေသနယ်တ၀ိုက်မှာ အလွန်

သြဇာကြီးလာတယ်။ နောက်ကျတော့ ဖူးတကဲဟာ ဖားစည်တွေပျောက်မသွားအောင်ဆိုပြီး ဇွဲကပင်တောင်ရှိလုံခြုံတဲ့နေ

ရာဝှက်ထားလိုက်တယ်။ ဒီလိုဝှက်ထားလိုက်တာကစပြီး ကနေ့ ထက်ထိ ရွှေဖားစည်နဲ့ ငွေဖားစည်ဟာ ပျောက်ကွယ်နေ

တော့တယ်။ ဒါပေမဲ့ အဲဒီဖားစည်တွေရဲ့  အစွမ်းသတ္တိဟာ အခုထက်ထိတန်ခိုးရှိလို့  အဲဒီနယ်ကကရင်တွေဟာ ရောဂါထူ

တယ်၊ မိုးမမှန်ဘူးဆိုတဲ့ ကပ်ဆိုးတွေကျလာယင် နားလည်တဲ့သူတွေကို ဖူးတကဲရဲ့ ဖားစည်အကြောင်း ပြောပြခိုင်းတာနဲ့

ဒေသအေးချမ်းသာယာနိုင်တယ်လို့ ယူဆယုံကြည်ခဲ့ကြတယ်။

အဲဒီဒေသမှာ ရောဂါတွေထူလာတယ်ဆိုရင် လူစုလူဝေးလုပ်ပြီးထော်မဲပါးရဲ့ ဝက်စွယ်၊ ဖူးတကဲရဲ့ဖားစည်ပုံပြင်ကို ပြော

လေ့ရှိကြတာဟာ ကနေ့ထက်ထိဖြစ်တယ်။ ကနေ့ ထက်ထိ ဆိုတာ လူထုဦးလှက ဤစာအုပ်ကို ၁၉၆၆ ခု၊သြဂုတ်လမှာ

ထုတ်ဝေခဲ့ပါတယ်။ ယနေ့ ဒီအချိန်မှာ . . .


လူထုဦးလှ၏ ကရင်ပုံပြင်များ (စတုတ္ထွတွဲ) မှ ပြန်လည်တင်ပြခြင်းဖြစ်သည်။

Read More...

Photobucket