တန်ဆောင်မုန်း လဆန်းတာနဲ့ ဇွဲကပင်တောင်အနောက်ဖက် ဒုံရင်းနယ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ကထိန်ပွဲတွေ
တချိမ့်ချိမ့်နဲ့ ဖြစ်လေ့ရှိတယ်။ အဲဒီဒေသက ကထိန်ပွဲဆိုတာ ကထိန်သင်္ကန်းလှူတာ သက်သက်မဟုတ်ဘဲ မဲနဲ့လှူတဲ့ ပ
ဒေသာပင်တွေလဲပါတယ်။ ရွာတရွာမှာ ကထိန်ခင်းတယ်ဆိုရင် အနဲဆုံးတခြားရွာတွေက ကျောင်းဆယ့်လေးငါးကျောင်း
တော့ပင့်ပြီး လှူကြတာချည်းဖြစ်တယ်။
တနေ့တော့ ရွာတရွာမှာ ကထိန်ခင်းတဲ့အခါ ကျောင်းပေါင်း ၂၀ လောက်ပင့်တော့ ခလောက်နို့ရွာက ကိုယ်တော်တပါးလဲ
ကထိန်အလှူခံဘို့ပါလာတယ်။ ကိုယ်တော်ကငယ်ဖြူဖြစ်လို့ အသက်ငယ်သေးပေမဲ့ ၀ါက တော်တော်ရနေတယ်။ ၀ါ ၂၀
ကျော်ရနေပြီး။ ရွာခံကျောင်းက ကထိန်သင်္ကန်းကို အခမ်းအနားနဲ့ လှူပြီးတဲ့အခါ ငွေစက္ကူတွေ ၂၀၀ိဘိုးလောက် သီထား
တဲ့ပဒေသာပင် တပင်ကို ပင့်ထားတဲ့ကျောင်းတွေကို မဲချလှူတယ်။
ပထမ ဒကာတယောက်က မဲကို ပက်လက်လှန်ထားတဲ့ ကွမ်းအစ်အဖုံးထဲက နှိုက်ယူလိုက်တယ်။ ပြီးတော့ ဘယ်ရွာဘယ်
ကျောင်းက ကန်တော့မဲပေါက်ပါတယ်ဘုရားလို့ ဟစ်လိုက်တယ်။ (ကန်တော့မဲဆိုတာက ကန်တော့ဆွမ်းဆိုသလို " ဗလာ
ပါဘုရား " လို့ လျှောက်တာဖြစ်တယ်။
ဒီလိုနဲ့ တကျောင်းပြီးတကျောင်း ကန်တော့မဲ ပေါက်ပါတယ်လို့ လျှောက်ကာ ကတော့မဲချည်း ဆက်တိုက် ဆယ် ကျောင်း
လောက်နှိုက်ပြီးတော့မှ အောင်ပါလေမဲကိုနှိုက်မိတယ်။ အောင်ပါလေမဲပေါက်လို့ ပဒေသာပင်ရတဲ့ ကိုယ်တော်က တော
ထွက်ဦးပဉ္စင်းကြီး ၂ ၀ါလောက်သာရသေးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
ဒီတခါ ခလောက်နို့ ကိုယ်တော်က " ဒို့ဟာ ၀ါငယ်စဉ်တုန်းကတော့ တယ်ပြီး ကန်တော့ခံချင်ကြတယ်။ ၀ါကငယ်တော့
ကိုယ်ကချည်း ကန်တော့နေရတာက များသကိုး။ အခုဝါကြီးလာလို့ ကန်တော့ခံရပြန်တော့လဲ မဲကတောင်ဒို့ကို ကန်တော့
မဲနဲ့ ကန်တော့ တော့တာဘဲ " လို့ ပရိသတ်ကြားအောင် ခပ်ကျယ်ကျယ်ပြောလိုက်တယ်။
No comments:
Post a Comment