
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အာလ်ဘာနင် (ALbany)မြို့ တည်ရှိသည့် နေရာ
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အာလ်ဘာနင် (Albany)မြို့တွင် ရောက်ရှိနေထိုင်သော ကရင်နီ
အမျိုးသမီးတဦးအား ယခုလ ၂ ရက်နေ့က အမည်မသိ အမေရိကန်နိုင်ငံသား လူမည်းတဦးမှ အဓမ္မပြုကျင့်ခဲ့
ကြောင်း အာလ်ဘာနင်မြို့၌ နေထိုင်သူ ကရင်နီအမျိုးသားတဦးက ပြောသည်။
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အာလ်ဘာနင် (ALbany)မြို့ တည်ရှိသည့် နေရာထိုင်း-မြန်မာနယ်စပ်ရှိ
ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ အမေရိကန်သို့ မိသားစုနှင့်အတူ လာရောက်အခြေချနေထိုင်သော ၎င်းကရင်နီ
အမျိုးသမီးတဦးသည် ကလေးနှစ်ယောက် ရှိပြီဖြစ်ပြီး ၎င်းယောင်္ကျားက အလုပ်သွားရောက်လုပ်ကိုင်နေစဉ် ထိုအ
မေရိကန်နိုင်ငံသား လူမည်းတဦးမှ သူမ နေထိုင်ရာ တိုက်ခန်းထဲ၌ ၀င်ရောက်ကာ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။
"သူ့ယောင်္ကျားက အလုပ်သွားလုပ်နေတဲ့ အချိန်မှာ အဲဒီလူမည်း တယောက်လာ လာပြီး တံခါး ခေါက်တယ်တဲ့။
နောက်ပြီး သူ့ကလေးက တံခါးကို သွားဖွင့်လိုက်တာ။ တံခါးဖွင့်တဲ့ အချိန်မှာ အဲဒီ လူမည်းက ၀င်လာပြီး သူ့မျက်
နှာကို ရိုက်တယ်။ နောက်ပြီး မုဒိန်းကျင့်တယ်တဲ့” ဟု အထက်ပါ ကရင်နီအမျိုးသား တဦးက ပြောသည်။
ထိုလူမည်းတဦးသည် ကရင်နီအမျိုးသမီးတဦးအား မတရား ပြုကျင့်ခဲ့သည့်အပြင် ပိုက်ဆံများကို ထပ်မံတောင်း
ယူပြီး အမျိုးသမီး နေထိုင်သည့် တိုက်ခန်းထဲမှ ထွက်သွားခဲ့ကြောင်း ဆိုသည်။
ကရင်နီအမျိုးသမီး ပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ဒေသအာဏာပိုင် ရဲများသို့ တိုင်ကြားထား၍ ရဲ
များက ထိုတရားခံကို လိုက်လံစုံစမ်းစစ်ဆေးသော်လည်း ယခုအချိန်ထိ တွေ့ရှိဖော်ထုတ်မှု မရှိကြောင်း ကရင်နီ
အမျိုးသားတဦးက ဆက်ပြောသည်။
အာလ်ဘာနင်မြို့၌ လာရောက်အခြေချနေထိုင်ကြသော ကရင်နီလူမျိုးများသည် အခြားသော မြန်မာတိုင်းရင်း
သားများထက် အနည်းအကျဉ်း ရှိနေသေးပြီး ၎င်းတို့ မိသားစုအတွက် ယခုလို အဖြစ်အပျက်အဖြစ်ခံရမည်ကို
စိုးရိမ်ပူပန်နေကြကြောင်း သူက ပြောသည်။
တိုက်ခန်းနှင့် နေထိုင်သူများသည် လူများ ၀င်ရောက်မနှောင့်ယှက်နိုင်ရန်နှင့် မိမိလုံခြုံရေးကို ကာကွယ်သည့်
အနေဖြင့် တံခါးများကို အချိန်မှန် ခတ်ထားရန်နှင့် တံခါးများ ခေါက်သံကြားလျှင်လည်း သူစိမ်းလား၊ အသိ
မိတ်ဆွေလား ဆိုသည်ကို အရင်ကြည့်ရှုစစ်ဆေးပြီး ဖွင့်သင့်ကြောင်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာ (Georgia)
ပြည်နယ်၌ နေထိုင်သော ကရင်နီအမျိုးသားတဦးဖြစ်သူ ထွန်းလှက ပြောသည်။
အဓမ္မ ပြုကျင့်ခံရသူ ကရင်နီအမျိုးသမီးတဦးသည် ထိုင်း-မြန်မာနယ်စပ်မှ ကရင်နီဒုက္ခသည်တဦးဖြစ်ပြီး ၎င်း
မိသားစုနှင့်အတူ အမေရိကန်သို့ လာရောက်အခြေချနေထိုင်သည်မှာ ၁ နှစ်ခန့် ရှိပြီ ဖြစ်သည်။
၂၀၀၈ မှ ၂၀၁၀ ခုနှစ်အထိ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းများမှ အမေရိကန်နိုင်င်သို့ သွား
ရောက်အခြေချနေထိုင်သော ကရင်နီဒုက္ခသည်များသည် လူဦးရေအရ ၁၀၀၀၀ ၀န်းကျင် ရှိပြီဖြစ်ကြောင်း
ကရင်နီဒုက္ခသည်စခန်းကော်မီတီမှ ပြောပြချက်အရ သိရသည်။
မှတ်ချက်။ အဓမ္မ ပြုကျင့်ခံရသူ ကရင်နီအမျိုးသမီးတဦးသည် သူမ၏ နာမည်ကို ပေးမဖော်ပြသည့်အတွက်
ဝှက်ထားခြင်း ဖြစ်ပါသည်။
http://www.ktimes.org/news/regional/
No comments:
Post a Comment