Photobucket

Wednesday, December 15, 2010

၂၀၀၆ ခုနှစ် သက်ဆင်ကို ဖြုတ်ချပြီး အာဏာသိမ်းမှု၏ နောက်တွင် ဘုရင်မကြီးရှိ

http://www.myanmarwikileaks.org/

၂၀၀၆ ခုနှစ် ကို ထိုင်းဘုရင် ကို ဖြတ်ချပြီး အာဏာသိမ်းမှု နောက် ကွယ်တွင် ထိုင်းမိဘုရားကြီး
သီရိခောတ်ရှိကြောင်း ၀ီကီလိခ်၏ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ ကြေးနန်း ပေါက်ကြား
မှု တစ်ခုတွင် ဖော်ပြထားသည်။

ကွယ်လွန် သွားပြီဖြစ်သည့် ၀န်ကြီးချုပ်ဟောင်း ဆမတ် ဆုန်ထရာ ဝေခ်ျ နှင့် ထိုင်းနိုင်ငံ ဆိုင်ရာ
အမေရိ ကန် သံအမတ်ကြီး အဲရစ် ဂျွန် တို့  တွေ့ ဆုံစဉ် ဖြတ်ချ ခံရ သည့် ထိုင်းဝန်ကြီးချုပ် သက်
ဆင် ကို လိုလားသည် ဟုထင်ကြေး ပေးခံရသည့် ဆမတ် က သံအမတ်ကြီးကို ယခုလို ပြောကြား
ခြင်းဖြစ်သည်။

ထိုင်း နိုင်ငံတွင် တော်ဝင် မိသားစု အား မည် သို့ မျှ ဝေဖန် ၊ အပုတ် ချခွင့် မရှိအောင် တားမြစ်
ထားသောကြောင့် ဆမတ် သည် တရား စွဲ ဆို ခံ နိုင်ရသည် ဟု နယူးယောက် တိုင်း သတင်း စာ
တွင် ဖော်ပြထားသည်။

သံအမတ် ကြီး အဲရစ် ဂျွန် နှင့် စကားလက် ဆုံကျရာတွင် ဆမတ် က ၎င်း သည် ထိုင်းဘုရင် ကြီး
၏ နိုင်ငံကို ဦးဆောင် နိုင်စွမ်း ကို ယုံကြည်မှု ရှိသော်လည်း ထိုင်းဘုရင် မကြီး ၏ ကွဲပြားခြား နား
သည့် နိုင်ငံရေးအမြင်နှင့် နာမကျန်း သည့် ဘုရင် ကြီး ကို ခုတုံး လုပ်ခြင်း များ ကို သူနားမလည်
နိုင်အောင် ဖြစ်ရသည် ဟု ပြောဆိုခဲ့သည်။

နန်းသက် ၆၄ နှစ် ရှိပြီ ဖြစ်သည့် ထိုင်းဘုရင်ကြီးအား ထိုင်းစစ်တပ် စစ်ဦးစီးချုပ် ဆွန်ထိ က အာ
ဏာသိမ်းရန် နှစ်နာရီခန့် အလိုတွင် သွားရောက် ဂါရ၀ပြုခဲ့ပြီး အာဏာသိမ်းပြီးနောက် သက်ဆင်
ကို ရာထူးမှ ဖယ်ရှားလိုက် သည်ကို သတင်း ကို စစ်တပ်ပိုင် လိုင်းခွဲ ၅ တွင် ကြေငြာရန်အတွက်
၁၉၈၇ ခုနှစ်က အာရှမယ် ဖြစ်ခဲ့ဖူးသည့် သံဝိန်ခွန်ကရန်အား ထိုင်းဘုရင်မကြီး ကိုယ်တိုင် စီစဉ်
ခြင်းဖြစ်သည် ဟု ကြေးနန်း တွင် ဖော်ပြထားသည်။

ထိုင်းဘုရင် မကြီးသည် ၂၀၀၈ ခုနှစ်က ဆမတ် ဆုတ်ထရာဝေ့ အစိုးရနှင့် သက်ဆင်၏ ယောက်ဖ
တော်စပ်သူ ဆုမ်ချိုင်း ဝေါင်းဆ၀တ် တို့အား ဖြုတ်ချသည့် လှုပ်ရှားမှုကိုလည်း နောက်ကွယ်မှ ပံ့ပိုး
ပေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်မှုကို လည်းဖော်ပြထားသည်။ ထိုင်း နိုင်ငံဆိုင်ရာ အမေရိကန်
သံရုံး၏ နောက်ထပ် ကြေးနန်းပေါက်ကြားမှုတစ်ခုတွင် ထိုင်းအိမ်ရှေ့ မင်းသား မဟာဗာဂျီ ယာလောင်
ကွန် မှာ မိန်းမလိုက်စားလွန်းသူ တစ်ဦး ဖြစ်သောကြောင့် ဘုရင်အဖြစ် မထိုက်တန်ဟု ထိုင်းစစ်ဗိုလ်
ချုပ်များက အဲရစ် ဂျွန် ကို ပြောပြသည် ဟု ပါရှိသည်။

ထိုင်း နိုင်ငံတွင်းရှိ မီဒီယာများမှ ယနေ့ ဝီကီလိခ် ပေါက်ကြားမှုတွင် တော်ဝင်မိသားစုကို အပြစ်ဖို
့ထားသည့် သတင်းများကို ဖော်ပြခွင့်မရရှိ ဟု သိရသည်။

No comments:

Photobucket