Photobucket

Friday, October 22, 2010

ခံရတဲ့အလှည့်


ဖားအံနယ်မှာရှိတဲ့ ခလောက်နို့ရွာက လူတွေဟာ သူတထူးကို နောက်ရာ ပြောင်ရာ မထီတရီလုပ်ရာမှာ ဗိုလ်စွဲတဲ့လူတွေ

ဖြစ်တယ်။ ဒီလိုနယ်ကျော်အောင် ပျော်တတ်တဲ့လူတွေဖြစ်ပေမဲ့ ခံတဲ့အခါ ခံရတဲ့အပိုင်းလဲရှိတယ်။

တချိန်က ဖားအံနယ်က ကရင်ရွာတိုင်းလောက်မှာ ဒုံးအဖွဲ့တွေရှိဘူးတယ်။ ဗမာရွာကြီးတွေက အရပ် ယိမ်းအဖွဲ့၊ ဒိုးပတ်

အိုးစည် အဖွဲ့တွေရှိကြသလို ဖြစ်ပါတယ်။ ခလောက်နို့ရွာကလဲ ကာလသားတယောက်က ဒုံးဆရာလုပ်ပြီး ဒုံး(ယိမ်း)အ

ဖွဲ့တဖွဲ့ ဖွဲ့ထားတယ်။ ဒုံးယိမ်းအဖွဲ့ခေါင်းဆောင်ကို ဒုံးဆရာလို့ခေါ်တယ်။

ဒုံးဆရာ သူ့စိတ်ကြိုက်ရွေးထားသူတွေကတော့ ရွာထဲမှာ အရုပ်ဆိုးဆုံးကာလသား ၈ယောက်နဲ့ ကာလသမီး၈ယောက်

ဖြစ်တယ်။ ဒီဒုံးအဖွဲ့ဝင် အပျိုလူပျို ၁၆ယောက်ဟာ အရုပ်ဆိုးလှပေမဲ့ အသံ အင်မတန်ကောင်းသူတွေချည်းဘဲ။

ဒုံးယိမ်းအကဟာ ဒုံးသီချင်းဆိုယင်း ခြေဟန်လက်ဟန်ညီညီညာညာနဲ့ ကရတဲ့ အကမျိုးဖြစ်တော့ ဆရာကသူ့အစွမ်းရှိ

သလောက် ကကြိုးကကွက် ကပုံကနည်း၊ လူခွဲပုံ၊ လူစုပုံ၊ လှည့်ပုံပတ်ပုံ၊ လက်ဟန်ခြေဟန်ကို စုံနိုင်သမျှစုံအောင် သင်

ထားတယ်၊ သူစပ်တဲ့ ဒုံးသီချင်းတွေကတော့ တခြားဒုံးသီချင်းတွေနဲ့မတူဘဲ ကာရန်မဲ့ ကဗျာမျိုး၊ သီချင်းမျိုးကိုစပ်ပေး

တယ်။ ဘယ်ကာရံနဲ့မှ မဟပ်မိတဲ့ကဗျာမျိုးဖြစ်တယ်။ သူ့ ဒုံးသီချင်းဟာ စည်းတွေ ကမ်းတွေနဲ့ ကာရံတွေကို မငဲ့ရတော့

ပြောချင်ဆိုချင်တာကို ဒိုးဒိုဒေါက်ဒေါက် ထိအောင်မိအောင် ပြောဆိုနိုင်တယ်။

ဒါကြောင့် အဲဒီအချိန်က ခလောက်နို့ရွာကဒုံးဟာ နာမယ်ကြီးနေတယ်။ ဘယ်ဒုံးအဖွဲ့ကမှ သူတို့ကို မယှဉ်ရဲကြဘူး။ တ

ခြားဒုံးက ရုပ်ချောတာ ရုပ်လှတာ သာသွားမယ်၊ က, တာ သာသွားမယ်၊ အဆိုကျတော့ ခလောက်နို့ဒုံးလို ကွင်းကနဲ့

ကွက်ခနဲ့ ထိထိမိမိ မဆိုနိုင်ကြဘူး။ ပြောင်မြောက်အောင်မဆိုနိုင်ကြဘူး။ သူတို့ကတော့ ဘာကာရံမှ ငဲ့နေစရာမလိုလို့

ဆိုချင်သလိုဆိုပြီး ပွဲကျအောင်လုပ်နိုင်တယ်။ ဒါကြောင့်မို့လဲ နယ်တရိုးမှာ ပြိုင်ဖက်ကင်းတဲ့ဒုံး ဖြစ်နေတယ်။

တခါတော့ နိုင်းကြာရွာအလှူတခုက ခလောက်နို့ဒုံးကို အလှူမှာ ၀ိုင်းကူပါလို့ ဖိတ်တယ်။ ဒီလိုဖိတ်တော့ ဒုံးအဖွဲ့က

ရောက်သွားရော။ ဒုံးကရမဲ့နေရာက ဘုန်းတော်ကြီးကျောင်းဝင်းထဲက မဏ္ဍပ်ထဲမှာဖြစ်တယ်။ နာမယ်ကျော် ဒုံးဖြစ်လို့

လူတွေဝိုင်းနေကြတယ်။ ဒါနဲ့ အချိန်ကျတော့ ဒုံးကိုစတယ်။ ဒုံးဆရာက သံဃာစင်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး " ဆ

ရာတော်ဘုရားများ တပည့်တော်တို့ဒုံးဟာ ဘုန်းကြီးလူထွက်ဒုံးကမှာမို့ ပြောမှားဆိုမှားရှိယင် သီးခံခွင့်လွတ်ပါ " လို့

ရှိခိုးတောင်းပန်လိုက်တယ်။

အဲဒီလို ထုံးစံအတိုင်း ဒုံးဆရာက သံဃာတော်များကို ရှိခိုးတောင်းပန်လို့လဲပြီးရော ဒုံးက ဘုန်းကြီးလူထွက်တွေကို

ပက်ပက်စက်စက် ကော်တော့ ဆော်တော့ တာဘဲ။ ဒီလို ကော်လို့ ဆော်လို့ သီချင်းတပိုဒ်ဆုံးတာနဲ့ ဒုံးဆရာက ဘုန်း

ကြီးတွေရှေ့သွားပြီး ကန်တော့ကာ သီခံဘို့ ခွင့်လွတ်ဘို့ ရှိခိုးကန်တော့ပြန်တယ်။ နောက် ဆက်ပြီး ဘုန်းကြီးလူထွက်

တွေကိုပိုပြီး ပြင်းပြင်းထန်ထန် ဆော်ပြန်တယ်။ ဒီလို အားရပါးရ ဆော်လို့တပိုဒ်ဆုံးပြန်တော့ ဒုံးဆရာက ဘုန်းကြီး

တွေရှေ့ကိုသွားပြီး ရှိခိုးတောင်းပန်ပြန်တယ်။ ဒီလို ဒုံးက ဆိုနေကနေပုံ၊ ဒုံးဆရာက ဆရာတော်တွေဆီကို ၀င်ချည်

ထွက်ချည်လုပ်ပြီး တောင်းပန်နေပုံ၊ သီချင်းစာသားက ထိလှမိလှပုံကို သဘောကျနေတဲ့ သံဃာစင်အောက်ဒေါင့်က

အဖိုးကြီးတယောက်က ဒုံးတခဏ်းနားတော့ ဒုံးဆရာကိုသူဆီလာဘို့ ခေါ်ယူတယ်။

ဒုံးဆရာက ရိုရိုသေသေနဲ့ အဖိုးအိုရဲ့အနားမှာ ထိုင်မိတဲ့အခါ အဖိုးအိုက " အေးကွ မင်းတို့ဒုံးက ကောင်းသကွ ဘာ

မှပြောစရာမရှိဘူး ဒီတော့ ဒုံးဆရာဖြစ်တဲ့ မင်းကိုဘဲငါဆုချလိုက်မယ်
" လို့ ပြောပြီး သူ့ပါးစပ်ထဲက တစုံတခုကိုထပ်ပြီး

ဒုံးဆရာကို ဆုချလိုက်တယ်။

ပရိသတ်က ဘာဆုများချလိုက်ပါသလဲလို့ ၀ိုင်းကြည့်ကြတော့ ဒုံးဆရာလက်ထဲမှာ အဖိုးအိုမြုံ့ထားတဲ့ ကွမ်းသီးလုံး

လောက်ရှိတဲ့ မဲမဲကွမ်းဖတ်ကြီးဖြစ်နေတာကို တွေ့ကြတယ်။

" ငါမှာ ဆုချစရာ ဒါဘဲရှိတယ်ကွဲ့ ဒုံးဆရာရဲ့၊ အဖိုးအဖွားများဟာ မြေးများသားများကို ချစ်ယင် သူတို့အနှစ်သက်ဆုံး

ဖြစ်တဲ့ ကွမ်းဖတ်ကို ပေကြ ကျွေးကြတယ်၊ အခု ငါအနှစ်သက်ဆုံးကွမ်းဖတ်နဲ့ ဆုချလိုက်တာဘဲ
" လို့ အဖိုးအိုပြောသံ

ကိုလဲ ကြားကြတယ်။

ဒုံးဆရာဟာ အဖိုးအိုက ဆုအဖြစ်ပေးတဲ့ ရွံ့စရာကွမ်းဖတ်မဲမဲကြီးကို လွှင့်ပစ်လို့လဲမဖြစ်၊ ကိုင်ပြီးနေရမှာလဲမဖြစ်နဲ့ မ

တတ်သာတဲ့အဆုံးမှာ သူပါးစပ်ထဲကိုထည့်ပြီး ငုံထားလိုက်ရတော့တယ်။

ဒီတော့ ပရိသတ်က သြဘာပေးကြတယ်။

အဲဒီလို ခလောက်နို့ရွာကလူတွေဟာ ရှုံးတဲ့အခါလှလှပပရှုံး၊ ခံတဲ့အခါလှလှကြီး ခံခဲ့ကြရတာများလဲ ရှိတာဘဲ ။





1 comment:

Jenna Stuart said...

Thanks forr this blog post

Photobucket