Photobucket

Sunday, October 24, 2010

မီးခြစ်မပါဘူး


ခလောက်နို့ ကော့ဖျားရွာမှာ ဗမာစကားမတတ်တဲ့ သမီးရယ်၊ သမက်ရယ်၊ အဖေအိုကြီးရယ် တအိမ်ထဲတူတူနေကြတယ်။

အဖေအိုကြီးကတော့ နှီးဖျာ တောင်ရက်နဲ့ ခြံထဲမှာ တကုတ်ကုတ် ကုတ်အလုပ်လုပ်နေတယ်။ သမီးကလဲအိမ်မှုကိစ္စတွေ

အပြင် အိမ်နားမှာ စားပင်သီးပင်တွေ စိုက်ပြီး သူလဲတလုပ်လုပ်နဲ့ အလုပ်နဲ့လက်မပြတ်အောင် လုပ်နေတယ်။ သမက်က

တော့ ဖားအံမြို့ပေါ်ကို နေ့စားအလုပ်ကြမ်းသမားအဖြစ်နဲ့ သွားလုပ်တယ်။

ခြောက်မိုင်းလောက်ဝေးတဲ့ ဖားအံနဲ့သူတို့ရွာကို မနက်အစောကြီး ခြေလျှင်သွားပြီး ညနေ အလုပ်သိမ်းတော့လဲ ခြေလျှင်

ဘဲပြန်ခဲ့တယ်။ ဒါလောက်ခရီးဟာ သူ့အဖို့ အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေတယ်။

ဒီလို နေ့ရှိတိုင်းသွားနေရတော့ ဖားအံမြို့အ၀င် ဂိတ်ကလူတွေကလဲ သူ့မျက်နှာကိုမှတ်မိနေတယ်။ ကြာတော့သူ့ကိုတွေ့

ယင် လူရိုးအလုပ်သမားဆိုတာ သိပြီးသားဖြစ်နေတာနဲ့ အမေးအမြန်းတောင်မလုပ်တော့ဘူး။

တညနေတော့ ဒီလူဟာ အလုပ်ချိန်ကုန်လို့ ရွာကိုပြန်လာတဲ့အခါ ဂိတ်ရှေ့ရောက်တော့ မျက်နှာတန်းမိတေဲ့ ဂိတ်စောင့်က

" သူငယ်ချင်း၊ ဒီကနေ့ အလုပ်သိမ်းနောက်ကျလှပါသလား " လို့ ဗမာလိုမေးပြီး နှုတ်ဆက်တယ်။

ဒီတင်ဂိတ်စောင့်က ဘယ်လိုမေးလိက်တယ်ဆိုတာ နားမလည်တာနဲ့ မတော် ဆေးလိပ်မီးတောင်ညှိတာများ ဖြစ်မှာလား

လို့သူကတွေးမိပြီး " မီးဒွိုက်အောအေး " လို့ ပြောပြီး ဆက်လျှောက်လာတယ်။ မီးဒွိုက်အောအေးဆိုတာ ဗမာလို " မီးခြစ်

မပါဘူး " လို့ ဆိုတာဖြစ်တယ်။

ကရင်စကားမတတ်တဲ့ ဗမာဂိတ်စောင့် ရဲဘော်ကလဲ ပြန်ပြောတဲ့စကားကို နားမလည်ပေမဲ့ ပြုံးပြီးကျန်ရစ်ခဲ့တယ်။

ဒီလူဟာ အိမ်ကိုရောက်တဲ့အခါကျတော့ သူယောက္ခမကြီးကို " ဒီကနေ့ လမ်းကဂိတ်မှာ အစောင့်တယောက်က မီးခြစ်

တောင်းတယ်၊ ကျနော်က မရှိဘူးလို့ ပြောပြီး မြန်မြန်လျှောက်ခဲ့တယ် "
လို့ လက်ဟန်ခြေဟန်နဲ့ ပြောပြတယ်။

ဒီတော့ နားနဲနဲလေးတဲ့ ယောက္ခမကြီးက " အေး-သူတို့ကို အသိမလုပ်နဲ့ ၊ ဒီလူတွေဟာ လူတွေ့တိုင်း ဆေးတံသောက်

ဆေး ပါသလား မေးမေးနေတယ် "
လို့ ပြန်ပြောလိုက်ပါသတဲ့။

No comments:

Photobucket