Photobucket

Tuesday, October 6, 2009

ဆာယင်ချက်စားကြတာပေါ့ကွာ

တခါက ခလောက်နို့ရွာက ပျော်ပျော်ရွှင်ရွှင်နဲ့ ရှုပ်ရှုပ်ပွေပွေနေတတ်တဲ့ လူတယောက်ဟာ တနေ့တော့ သူလိုဘဲ ခပ်ရွှန်း

ရွှန်းနေလေ့လုပ်လေ့ရှိတဲ့ သမက်တယောက်ကိုရတယ်။

ယောက္ခမလုပ်သူဟာ သူ့နဲ့အကျင့်တူ၊ သူ့လို ခပ်ပျော်ပျော်သမက်ကိုရတော့ ပီတိဖြစ်နေတယ်။ ၀မ်းထဲကကျိတ်ပြီး သ

ဘောကျနေတယ်။ သမက်ကတော့ သမက်အသစ်ဖြစ်လို့ ယောက္ခမရဲ့အကြောင်းကိုသိပေမဲ့ စကားဟဟမပြောရဲသေး

ဘူး။ ခပ်တန်းတန်း ဖြစ်နေသေးတယ်။ သမက်အသစ်ဟာ ယောက္ခမအိမ်ရောက်လို့ ၂ရက် ၃ရက် ကြာတော့ တညမှာ

ဆာလာတာနဲ့ အိပ်ရာကအသာထပြီး မီးဖိုထဲကိုဘယ်သူမှမနိုးအောင် ခိုးဝင်သွားတယ်။ မီးဖိုထဲရောက်တော့ မှောင်ထဲမှာ

ခနော်ခနဲ့ ဖြစ်နေတဲ့ ကြပ်ခိုးစင်ပေါ်ကို ဘာစားစရာများတွေ့ပါ့ မလဲလို့ ရှောက်စမ်းတယ်။ ဒီလိုစမ်းတော့ ပေါင်းချောင်ကို

စမ်းမိပြီး ပေါင်းချောင်ထဲက ကောက်ညှင်းပေါင်း အကပ်အသပ်ကိုကိုင်မိတယ်။ ဒါနဲ့ ပေါင်းချောင်ကိုယူချကာ ကောက်

ညှင်းအကပ်အသပ်ကို နှိုက်စားတယ်။

ဒီလို ပေါင်းချောင်ထဲနှိုက်ပြီးစားနေတုန်း သူလှုပ်လှုပ်ရွရွလုပ်တာနဲ့ ယောက္ခမကအိပ်ရာမှနိုးလာပြီး" မီးဖိုထဲမှာ ဒီခွေး

ဝင်ပြန်ပြီးမှတ်တယ် " လို့ ပြောပြောဆိုဆို မီးခွက်ထွန်းပြီး အိပ်ရာဘေးကတုတ်ကိုစွဲကာ မီးဖိုထဲဝင်သွားတယ်။ ဒီတင်သ

မက်အသစ်ဟာ ခိုးထုပ်ခိုးထည်နဲ့ မလှုပ်သာ မရှောင်သာ ဖြစ်နေလို့ ရုတ်တရက် ပေါင်းချောင်ကို သူ့ခေါင်းပေါ်မှာ စွပ်

ထည့်လိုက်ပြီး " အဖေ၊ ဘီလူးခဏ်း က, ရမလား " လို့ ၀င်လာတဲ့ယောက္ခမကို ဆီးမေးလိုက်တယ်။

သမက်အသစ်က ဒီလိုလုပ်ပြီးပြောလိုက်တာကို ယောက္ခမကြီးကကျေနပ်သွားပြီး ပြုံးပြုံးကြီးဖြစ်လာကာ " အေး .. ဆာ

ယင် ချက်စားကြတာပေါ့ကွာ "
လို့ ပြောပြီး သူကိုယ်တိုင် မီးမွှေးလိုက်တယ်။


No comments:

Photobucket