Photobucket

Monday, October 5, 2009

ခလောက်နို့က လူ

တခါက ဒုံရင်းဘက်ကနေပြီး ဘားအံကိုမျှစ်တထမ်းနဲ့ လူတယောက်ကားစီးပြီး လိုက်လာတယ်။ ဘားအံအ၀င်ရောက်

တော့  ကားဆရာက ကားကိုရပ်ပြီး ခရီးသည်တွေဆီမှာ ကားခကောက်တယ်။ ဒီတခါမျှစ်ခြင်းနဲ့လူက သူ့မျှစ်ခြင်းကို

ကောက်ထမ်းပြီး သူ့အတွက် ကျသင့်တဲ့ကားခကိုရှင်းပေးတယ်။ ဒီတော့ ကားဆရာက မျှစ်ခြင်းအတွက်ပါ ပေးရမယ်

လို့ ကုန်အတွက်တောင်းတယ်။ ဒီလိုတောင်းတော့ မျှစ်ခြင်းနဲ့လူက " မျှစ်ခြင်းကို ကျုပ်ထမ်းထားတာဘဲ၊ မျှစ်ခြင်းကခင်

ဗျာကားပေါ်မှာ စီးလာတာမဟုတ်ဘဲ၊ မျှစ်ခြင်းခ မပေးနိုင်ဘူး " လို့ ပြောပြီး ဆင်းသွားတယ်။

ှဇွတ်တရွတ်ဆင်းသွားတဲ့ခရီးသည်ကို ကားဆရာကလှမ်းပြီး " ဘယ်လိုလူပါလိမ့် " လို့ ပြောလိုက်တယ်။ ဒီလိုပြောလိုက်

တော့ မျှစ်ခြင်းနဲ့လူက ကားဆရာကိုလှည့် ကြည့်ပြီး " ခလောက်နို့ကလူကွ " လို့ လှမ်းပြောသွားတယ်။


No comments:

Photobucket