တခါက ခလောက်နို့ ရွာမှာ ဆင်းဆင်းရဲရဲနဲ့  သူတပါးခိုင်းတာကို ဘာမဆိုလုပ်ပေးပြီး အသက်မွေးတဲ့ လူကောင်းတ
ယောက်ရှိတယ်။ ဒီလူဟာ ဆင်းရဲပေမဲ့စကားအပြောအဆိုချိုသာတယ်၊ သီချင်းဆိုလည်းကောင်းတယ်။
ဒီလို အပြောကောင်း အဆိုကောင်းတာကြောင့် ရွာကလယ်ယာရှိတဲ့ မိခင်ဖခင်ရဲ့ သမီးတယောက်နဲ့  အိမ်ထောင်ကျ
တယ်။ အိမ်ထောင်ကျတော့ ဒီလူကယောက္ခမအိမ်မှာ လိုက်မနေဘူး၊ ဇနီးကို သူ့ အိမ်ခေါ်ခဲ့တယ်။ သူ့ အိမ်ကခြေတံ
ရှေရှေနဲ့  အိမ်မြင့်မြင့်ဖြစ်တယ်။ အကာအရံရယ်လို့ တော့ လုံအောင်မရှိဘူး။ သူ့ ဇနီးဟာ သူ့ နဲ့ အတူလိုက်နေရတော့
အစားအသောက် အနေအထိုင်ကစပြီး အင်မတန် ဆင်းရဲနေတယ်။ ဒါကြောင့်နေ့ တကျက်ကျက် ညတကျက်ကျက်
ဖြစ်နေကျတယ်။ ဒီလို တကျက်ကျက် ဖြစ်နေကြတဲ့အထဲမှာ သမီးကလေးတယောက်မွေးလာတယ်။ သမီးကလေးရ
လာတော့လဲ မိန်းမကဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်လို့  တကျက်ကျက်နဲ့ ဘဲဖြစ်နေတယ်။
တနေ့  လင်မယားနှစ်ယောက် အကြီးအကျယ် စကားများရန်ဖြစ်တဲ့အခါ မယားကအထုပ်အပိုးပြင်ပြီး ကလေးကိုချီ
ကာ အမေ့အိမ်ပြန်မလို့ လုပ်တယ်။ ဒီတော့ လင်ဖြစ်သူက ' သူ့ မယားစိတ်ဆိုးပြီး ပြန်သွားရင် ခက်ရချေရဲ့ ၊နောက်မှ
လိုက်ခေါ်ရရင်လဲ ရှက်စရာကြီးဖြစ်နေမယ် ' လို့ တွေးမိတယ်။ ဒါပေမဲ့ ရန်ဖြစ်တာကို အရှော့မပေးချင်တာနဲ့  " ဟေ့
မင်းပြန်ချင်ယင်ပြန် ဒါပေမဲ့ ငါ့ လှေကားကမဆင်းနဲ့ " လို့ ကန့် ကွက်တယ်။
ဒီလိုပြောတော့ မယားကစိတ်ဆိုးဆိုးနဲ့ "နင့်လှေကားကမဆင်းရယင် အိမ်တိုင်ဖက်ပြီးဆင်းမယ်" လို့ ပြောပြီး တိုင်က
ဖက်ဆင်းဘို့  လုပ်တယ်။
ဒီတခါ လင်ဖြစ်သူက အနားသွားပြီး " ဒီလိုဘယ်ရမလဲ၊ ငါ့  တိုင်ကလဲ နင်မဆင်းရဘူး၊ ပြန်ချင်ယင်ပြန် " လို့ ပြောပြန်
တယ်။
ဒီလိုပြောတော့ စိတ်ဆိုးတဲ့မယားက "နင့်လှေကားကလဲမဆင်းရဘူး၊ နင့် တိုင်ကလဲ မဆင်းရဘူးဆိုယင်၊ ဘယ်လိုလုပ်
မလဲ ငါလဲကလေးနဲ့  အိမ်အမြင့်ကြီးပေါ်က ခုန်ချလို့ မရဲဘူး" လို့  ပြန်ရန်တွေ့ တယ်။
ဒီတော့ လင်ဖြစ်သူက "ဟင်.... ဘယ်လိုလုပ်ရမလဲ၊ နင်မဆင်းတတ်ယင် ဒီမှာဘဲနေပေါ့ ၊ နင်ပြန်တာကို ငါမတားဘူး"
လို့  ပြန်ပြောလိုက်တယ်။
ဒီတင်မိန်းမက အထုပ်ကိုအခန်းထဲပစ်သွင်းလိုက်ပြီး တနေ့ လုံးစကားမပြောဘဲ ဆောင့်ဆောင့်အောင့်အောင့် လုပ်နေ
လိုက်တော့တယ်။ ...........
No comments:
Post a Comment