တခါက ခလောက်နို့ သားတယောက်ဟာ နိုင်းကြာရွာကအမျိုးသမီးတယောက်နဲ့  အိမ်ထောင်ကျတယ် ။ အိမ်ထောင်ကျ
တယ်ဆိုရင်ဘဲ ခလောက်နို့ သားဟာ ယောက္ခမအိမ်မှာ လိုက်နေရတယ် ။
သူဟာ ယောက္ခမအိမ်မှာ လောလောဆယ် လူသစ်ဖြစ်နေပြီး ယောက္ခမယောက်ျားသူကြီးကလည်း ဣနြေ္ဒကြီးနဲ့ မျက်နှာ
ရှစ်ခေါက်ချိုးနဲ့  တည်တည်ကြီးနေတတ်တဲ့လူကြီးဖြစ်တော့ သူ့ မှာအနေရအထိုင်ရ အင်မတန်ကျဉ်းကြပ်နေတယ်။လွတ်
လွတ်လပ်လပ် ဘာမှမလုပ်ရဲမကိုင်ရဲဘူး ၊မပြောရဲမဆိုရဲဘူး။ယောက္ခမရဲ့  မျက်နှာရိပ်မျက်နှာကဲကိုဘဲ ကြည့်နေရတယ်။
အမှန်တော့ယောက္ခကြီးကအစ တအိမ်သားလုံးကဘဲ သူ့ အပေါ်မှာကောင်းကြပါတယ်။သူကသာ သူ့ ကိုယ်သူ မလုံမလဲ
ဖြစ်နေတာ။
သူဟာ ဒီအိမ်ကိုရောက်တာကမကြာသေးတော့ ရှိုးတိုးရှန့် တန့် ဖြစ်နေသေးလို့  ယောက္ခမနဲ့ အတူ တခါမှ မျက်နှာချင်း
ဆိုင်ပြီး ထမင်းတ၀ိုင်းချင်းဆိုင်ပြီး ထမင်းတ၀ိုင်းထဲဝင်မစားဘူးဘူး။အိမ်ကလူတွေ ထမင်းစားနေတဲ့အချိန်မှာဆိုယင် သူ
အပြင်ကိုထွက်သွားပြီး ဟိုအိမ်တက်ဒီအိမ်ဆင်းနဲ့  စကားတွေ ဖောင်လောက်အောင်ပြောကာ ရှောင်နေတတ်တယ်။ စား
သောက်လို့ ပြီးချိန်မှပြန်လာပြီး ခူးခပ်စားတယ်။ တနေ့ အပြင်ကပြန်အလာမှာ အိမ်သားတွေ ထမင်းစားတုန်းတန်းလန်းနဲ့ 
ဆုံတယ်။ ဒီလိုဆုံတော့ ယောက္ခမကြီးက "ကဲ-တခါထဲဝင်စားလိုက်" လို့ ခေါ်တယ်။ဝင်မစားယင်မကောင်းဘူးဆိုပြီး လက်
ဆေးကာ ထမင်းဝိုင်းကိုဝင်လာတယ်။ ထမင်းဝိုင်းနားရောက်လို့  ထမင်းစားပွဲဘေးမှာထိုင်ချလိုက်တဲ့အခါကျတော့ ရှိုးတိုး
ရှန့် တန့် ဖြစ်နေတဲ့သမက်ဟာ ဖင်ထိုင်ခုံကလေးအပေါ်ကို တဲ့တဲ့မထိုင်မိဘဲ ဖင်ထိုင်ခုံနောက်က ဆန်ထဲ့ထားတဲ့ စဥ့်အိုး
ကြီးရဲ့ ဘေးကို ဖင်နဲ့ ဝင်ဆောင့်မိတာနဲ့  ထမင်းဝိုင်းပေါ်ကို ဟပ်ထိုးကျသွားတယ်။ ဒီလိုရှေ့ ကိုထိုးကျသွားတော့လှမ်းပြီး
လက်နှစ်ဖက်နဲ့  ကိုင်မိကိုင်ရာဖမ်းကိုင်လိုက်တာ သူ့ ရှေ့ ခုံတဖက်မှာထိုင်နေတဲ့ ယောက္ခမကြီးရဲ့  ခေါင်းတုံးပြောင်ပြောင်
်
ကိုလက်နှစ်ဖက်နဲ့  ဖိမိလျက်သားဖြစ်သွားတယ်။ဒီတင်ယောက္ခမကြီးက " ဟေ့ ဟေ ဘယ့်နှယ်လဲကွ " လို့ ကယောင်က
တန်းဖြစ်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ မေးလိုက်တယ်။ ဒီတော့ ခလောက်နို့ ရွာသားသမက်က " ကျနော်မနက်ဖြန် ဦးထုပ်ဝယ်
ပေးမလို့  အဖေ့ခေါင်းကိုတိုင်းကြည့်တာပါ " လို့  လေအေးကလေးနဲ့ ပြန်ပြောလိုက်တယ် ။
ဒီအဖြေလဲကြားရရော ယောက္ခမကြီးဟာ ပြောင်ချော်ချော်သမက်ကိုစိတ်ဆိုးလွန်းလို့  ထမင်းဝိုင်းကထသွားတော့တယ်။
No comments:
Post a Comment