အမေရိကန်နှင့် အနောက်နိုင်ငံအချို့သို့ တရားမ၀င် ဒုက္ခသည်အယောင်အဆောင်များကို ဒုက္ခသည်များ အဖြစ် ဖန်တီးပေးပြီး လူကုန်ကူးမှုဆောင်ရွက်ရာတွင် UNHCR ,IOM နှင့်ဒုက္ခသည်စခန်းမှတာဝန်ရှိ သူအချို့ ပူး
ပေါင်းလုပ်ဆောင်နေကြသည်မှာ အချိန်ကာလ အတော်ကြာမြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် အမှုထမ်းဖူးသူတစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထား
သည်။ အစစ်အမှန် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ထွက်ပြေးလာကြ သည့်ကရင်ဒုက္ခသည် မိသားစုများနေရာ
တွင် လူအစားထိုးဆောင်ရွက်ကြခြင်းဖြစ်သည်။ လူတဦးအစားထိုးခမှာ ဘတ်ငွေ၁သိန်း ၅သောင်းမှ ၂ သိန်း ထိ
ပေါက်ဈေးရှိသည်။
အစားထိုးမှုများတွင် ကရင်ဒုက္ခသည်များသာမက မြန်မာနိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းသားဟောင်း
များ၏ နာမည်များကိုပါ အစားထိုးဖော်ပြသည်။ အချို့ နိုင်ငံရေး အကျဉ်းသားများမှာ ထပ်မံ ထောင်ဒဏ်အပြစ်
မြန်မာ အကျဉ်းထောင်ထဲတွင် ရှိသော်လည်း ၎င်းတို့ ၏ နာမည်များနှင့် အစားထိုးလူစားများမှာ အမေရိကန်နှင့်
ဥရောပနိုင်ငံများသို့  ရောက်နှင့်နေပြီး ဖြစ်သည်။
မိသားစုဝင် ၆ဦး ၇ဦးထိ လူစားထိုးမှုများရှိသည်။ ထိုသို့လူစားထိုးရာတွင် ကာယကံရှင်မိသားစုမှာ တဦးလျင်
ဘတ်ငွေ ၁သောင်း၅ထောင်မှ ၂သောင်းထိသာရကြပြီး UNHCR, IOM ၀န်ထမ်းများနှင့် ဒုက္ခသည်စခန်း တာဝန်
ရှိသူတို့ခွဲဝေယူကြသည်။ UNHCR မှဝန်ထမ်း အောင်ကျော်ဦးမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုပ်သူဌေးများ၏
မသိသူမရှိ ဖြစ် သည်။
မြန်ပြည်ရှိ သူဌေးများသည် အမေရိကန် ပြည်ဝင်ခွင့်ရရန်ခက်ခဲသောကြောင့် ဒုက္ခသည်ယောင်ဆောင်ပြီ အမေ
ရိကန်သို့ထွက်ခွာသွားကြသည်မှာ ထောင်နှင်ချီရှိနေပြီဖြစ်သည်။ ထိုသူများမှာ ဒုက္ခသည်စခန်းတွင် တညကို မ
အိပ်ဘူးသူများဖြစ်ကြသည်။ လုပ်ငန်းစဉ်အဆင့်ဆင့်စစ်ဆေး မှုများတွင် ရန်ကုန်မှလေယာဉ်ဖြင့်မနက်ထွက်လာ
ဘန်ကောက်မှနေ မဲဆောက်သို့ ညကားစီး၊ ထိုမှတဆင့် ဒုက္ခသည်စခန်းတွင် သွားရောက်အစစ်ဆေးခံပြီး ည
နေတွင်ဘန်ကောက်သို့ပြန် ပြီးမြန်မာပြည်သို့ လေယာဉ်ဖြင့်ပြန်ကြကြောင်းသိရသည်။ အချို့မှာနောက်ဆုံးထိုင်း
နိုင်ငံမှ ထွက်ခွာမည့်ရက်တွင် IOM အကူအညီဖြင့် ဘန်ကောက်လေဆိပ်မှစောင့်ဆိုင်းပြီးအမေရိကား သို့ထွက်
ခွာကြသည်။
နောက်တမျိုးလူစားထိုးခြင်းမှာ ကာယခံရှင်မှာ ငွေကြေးတပြားတချပ်မှ မရဘဲ စခန်းအာဏာပိုင်နှင့် UNHCR ,
IOM ၀န်ထမ်းများ ပူးပေါင်း လုပ်ဆောင်ကြခြင်းဖြစ်သည်။ ဒုက္ခသည်စခန်းနေထိုင်သော ဒုက္ခသည်မိသားစုမှာ
TBBC ထောက်ပံ့သော ရိက္ခာမလောက်ငှသောကြောင့် အပြင်သို့လနဲ့ချီပြီး အလုပ်ထွက်လုပ်နေကြသူများဖြစ်
ကြသည်။ ထိုအချက်ကို အခွင့်ကောင်းယူပြီး လူးစားထိုးကြခြင်းဖြစ်သည်။ တနှစ်စောင့် အမေရိကန်က မခေါ်၊
၂နှစ် စောင့်မခေါ်လို့ အမေရိကန်သံရုံးကခိုင်းစေထားသော OPE(Oversea Processing Entity) (IRC) ရုံးကို
သွားမေးတော့အခါမှာ မိမိ မိသားစုအားလုံး နာမည်ဖြင် အမေရိကန်ရောက်နေကြာင်း သိကြရသည်။
တချို့မှာယနေ့ထက်တိုင်လုံးဝသိရှိခြင်း မရှိသေးပေ။လွန်ခဲ့သည့် တစ်လကျော်က မဲလ ဒုက္ခသည် စခန်း မှ နိုင်ငံ
ခြားသို့ ထွက်ခွာအသင့် ဖြစ်နေသည့် မြန်မာ-ကရင်လူမျိုး လင်မယားနှစ်ဦးမှာ နာမည်နှင့် လူအစားထိုးပြီး ၀င်
ရောက်လာခြင်းကို ၎င်းတို့ ထွက်ခွာမည့် သက်ဆိုင်ရာနိုင်ငံမှ စစ်ဆေးတွေ့ ရှိသဖြင့် အရေးယူစီစစ်ရာ ထိုလင်မ
ယားနှစ်ဦးမှာ မဲဆောက်ထောင်ထဲတွင် ထောင်ဒဏ်အပြစ်ပေး အကျဉ်းကျခံနေရသော်လည်း ၎င်းတို့ အား ပွဲစား
လုပ်ပေးခဲ့သည့် စခန်းမှ တာဝန်ရှိသူများ၊ ထိုင်းလူမျိုးအချို့ နှင့် ဒုက္ခသည်များ ပြည်ပထွက်ခွာရေး ဧဂျင်စီ အချို့
မှ ၀န်ထမ်းများမှာမူ အရေးယူခြင်း မခံရဟု ပေးစာတွင် ဖော်ပြထားသည်။

No comments:
Post a Comment