
ဒီကေဘီအေ နယ်ခြားစောင့်တပ် ဖွဲ့ မှာ စောသံမဏိက မဲဆောက် UNHCR ရုံးရှေ့ တွင် လက်ပစ်ဗုံး ကိုင်ပြီး ဆန္ဒပြမှု အား မဲဆောက်မြို့ ပိုင်က လာရောက် ညှိုနှိုင်းပေးနေစဉ်


ကုလ UNHCR ရုံးမှ ဌာနေကိုယ်စားလှယ် နှင့် မဲဆောက်မြို့ ပိုင်
အောင်မြင်၊ ၊၆၃ကြိမ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်သည့် ယနေ့မနက်၇နာရီခွဲ
အချိန်ခန့်တွင် ထိုင်းနိုင်ငံမဲဆောက်မြို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံးရှေ့တွင် ဒီကေဘီအေ
နယ်ခြားစောင့်အသွင်ပြောင်း တပ်မှ ရဲဘော်တဦး လက်ဗစ်ဗုံး၂လုံးဖြင့်ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း FNGမှသတင်းရရှိသည်။

အဆိုပါရဲဘော်သည် ဆိုင်ကယ်တက္ကစီငှားပြီး UNHCR ရုံးရှေ့သို့ရောက်ရှိပြီး ပါလာသော လက်ထိပ်တစုံဖြင့် ထိုင်း
လူမျိုးဆိုင်ကယ်တက္ကစီသမားနှင့်တွဲခတ်ပြီး စနစ်တန်ဖြုတ်ထားသော လက်ပစ်ဗုံး၂လုံးကိုင်ဆောင်ကာ သူရဲ့ဆန္ဒ
ကိုထုတ်ဖေါ်ပြောဆိုခဲ့သည်။ “ ၂၀၁၀ရွေးကောက်ပွဲ ဟာအတုအယောင်ဖြစ်သောကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတ
ကာမှအရေးယူဆောင်ရွက်နိုင်ရန် ယ္ခုကဲ့သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း” သတင်းထောက်များကို ပြောကြားခဲ့သည်။
သူရဲ့တောင်းချက်များကို ရေးသားဖေါ်ပြခဲ့သည်။
ဆန္ဒပြရာနေရာသို့ မဲဆောက် UNHCR တာဝန်ရှိသူများနှင့် မဲဆောက်မြို့ပိုင် ကစ်တိဆတ်သိုးမွန်းဆတ် ရောက်ရှိ
လာသောအချိန်တွင် ကိုင်ဆောင်ထားသော လစ်ပစ်ဗုံးတလုံးကို ထိုင်းအထူးရဲတပ်ဖွဲ့အားပေးအပ်ခဲ့သည်။
မဲဆောက်မြို့ပိုင်မှ ဆန္ဒပြကရင်ရဲဘော်အား မည်သည့်တောင်းဆိုများလုပ်ချင်ပါသလည်းဟုမေးမြန်းရာ မိမိအခုလို
ဆန္ဒပြရသည်မှာ စစ်အစိုးရရွေးကောက်ပွဲသည်အတုအယောင်ဖြစ်သောကြောင့် ကုလသမဂ္ဂမှ အရေးယူဆောင်
ရွက်ရန်အတွက်ဆန္ဒပြရခြင်းဖြစ်ကြောင်း၊မိမိကိုနိုင်ငံတကာတရားသို့ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂကသာဆောင်ရွက်နိုင်ကြောင်းနှင့် သွားလိုသည့်နေရာကို အရေးမယူဘဲလိုက်ပို့ပေးမည်ဟု ဂတိပေး
ညှိနိုင်းဖြေရှင်းခဲ့သည်။ ဆန္ဒပြကရင်ရဲဘော်ကို DKBA ရှိရာနေရာသို့သွားလိုသလားဟုလည်း မေးမြန်းခဲ့သည်။
အဆိုပါရဲဘော်မှ မည်သည့်နေရာမှသွားလိုဆန္ဒမရှိကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်မပို့ရန်သာတောင်းဆိုခဲ့ပြီး
ကျန်ရှိနေသေးသော လက်ပစ်ဗုံးအား ထိုင်းအထူးရဲတပ်ဖွဲ့သို့ပေးအပ်ပြီး အဖမ်းခံကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲပြီးပြီးခြင်း အတုအယောင်၂၀၁၀ရွေးကောက်ပွဲကို လက်မခံသော တိုင်း
ရင်းသားလက်နက်ကို DKBA မှစတင်တော်လှန်ပြီး တိုက်ပွဲများနေ့စဉ်နီးပါးဖြစ်ပွားနေသည်။ နယ်ခြားစောင့်
တပ်အဖွဲ့အတွင်းမှလည်းDKBAနှင့်KNUတပ်ရင်းများဆီသို့ပြန်လည်ကူးပြောင်းလာမှုများ လည်းဆက်တိုက်
ဖြစ်ပေါ်နေခဲ့ပြီး နယ်ခြားစောင့်တပ်မှ UNHCR ရုံးရှေ့တွင် ယ္ခုလိုဆန္ဒပြမှုမှာပထမဆုံးဖြစ်ပြီး နယ်ခြားစောင့်
တပ်များအတွင်းတွင်လည်း ရဲဘော်များ၏မကျေနပ်မှုများဖြစ်ပွားနေကြောင်းတင်ပြလိုက်ပါသည်။
From - Freedom News Group
No comments:
Post a Comment