Photobucket

Thursday, November 5, 2009

မှတ်ကရော့

ကရင်အမျိုးသား စာပေလောကမှာ နေတဆူ လတဆူပမာ ထင်ရှားကျော်ကြားလှတဲ့ အရှင်ဦးပရမ သူမြတ်က သာသနာ

ရေးအတွက် သူ့ကျောင်းအနီးကမြေကွက်ကို သာသနာ့လယ်မြေလို့ သတ်မှတ်ပြီး စပါးစိုက်ပျိုးစေတယ်။

ဒီလိုကျောင်းမြေမှာ စပါးစိုက်တာကို တချို့လူများက " ဘုန်းကြီးလယ်လုပ်တယ် လယ်လုပ်တဲ့ဘုန်းကြီး " လို့ နောက်

ကွယ်မှာ ဆိုကြပြောကြတယ်။ ဒီစကားကို ဦးပရမကကြားတော့ ဒီပြောတဲ့လူတွေကို ဘာမှပြန်မရှင်းဘဲ သူ့လယ်ထိပ်မှာ

ဆိုင်းဘုတ်အကြီးကြီးရေးပြီး ထူထားလိုက်တယ်။

သူ့ဆိုင်းဘုတ်က-

" ငါလယ်လုပ်တာ ငါ့မယားစားဘို့မဟုတ်၊

သာသနာကို ချီးမြှင့်ဘို့ဖြစ်တယ် " ရယ်လို့ဖြစ်တယ်။

ဒီဆိုင်းဘုတ်ထူပြီးကတဲက လူတွေကဘုန်းကြီးလယ်လုပ်တဲ့အကြောင်း မပြောကြတော့ဘူး။ အရှင်ဦးပရမဟာခလောက်

နို့ရွာသားဖြစ်တယ်။

လူထုဦးလှ

No comments:

Photobucket