Photobucket

Saturday, September 19, 2009

ထိုးတိုင်းထိတာတောင် ကုန်သေး

အစိုးရသိန်းထီ တသိန်းဆု ၅ဆုအထိ စပြီးဖွင့်လှစ်နိုင်တဲ့အချိန်က ခလောက်နို့ရွာသား တော်တော်နှံ့စပ်တဲ့ လူတယောက်

ဟာ ဘားအံမြို့ကိုဈေးဝယ်လာတယ်။

သူ့အနားမှာ ဈေးဝယ်နေတဲ့ဒီလူကို ထီဆိုင်ကထီရောင်းနေတဲ့လူက တွေ့တော့ " မိတ်ဆွေ၊ တစောင်ထိုးသွားပါ၊ ဒီတ

ပတ် သိန်းဆု၅ဆု ဖွင့်ဘို့သေချာပါတယ် "
လို့ဆွယ်တယ်။ ဒီတော့ခလောက်နို့သားက " မထိုးပါဘူးဗျာ၊ လေးကောင်ဂျင်

တောင်မှ ထိုးတိုင်းထိပြီး နောက်ဆုံးတော့ကုန်တာဘဲ၊ ခင်ဗျာထီက ပေါက်မယ်ရယ်လို့မှမသေချာဘဲ မထိုးချင်ပါဘူး "
လို့

ပြန်ပြောတယ်။ " လေးကောင်ဂျင်က ထိုးတိုင်းလဲထိပြီး ဘာဖြစ်လို့ရှုံးရတာလဲဗျ၊ ခင်ဗျားဥစ္စာ မဟုတ်သေးပါဘူးထင်

တယ် "
လို့ ထီရောင်းတဲ့လူက ပြန်ပြီးလျှာရှည်လိုက်တယ်၊

ဒီလိုပြောတော့ ခလောက်နို့သားက " ကျောက်ကလပ်ဘုရားပွဲတုန်းက ကျုပ် ငွေ၁၀ိ အိတ်ထဲထည့်ပြီး ထိုးပါတယ်ဗျာ။

ကြက်၊ ၀က်၊ ငါးရှဥ့်၊ ဖား၊ လေးကောင်စလုံး ၁ိစီထိုးလိုက်တယ်။ တကောင်အောတိုက်တယ်၊ ၃ဆရော်တယ်။ အကောက်

က ၁ိမှာ တပဲနှုတ်ယူထားတယ်။ ပွဲက မင်းသမီးမထွက်သေးဘူး ပါလာတဲ့ ငွေ ၁၀ိ အားလုံးကုန်တာဘဲ။ အဲဒါက ၁ိမှာ တ

ပဲကောက်ပြီး ထိုးတိုင်းထိလို့ ၊ ခင်ဗျားထီက ၁ိ မှာ ပြား ၄၀ ကောက်ပြီး ထိချင်မှထိမှာ ကြိမ်သေအလုပ်တောင် ရှုံးသေး

တာ ခင်ဗျာထီကို မထိုးချင်ပါဘူး "
လို့ ပြန်ပြောတယ်။

ဒီတင် ထီရောင်းသမားက ဘာမှပြန်မပြောနိုင်ဘဲ ကြည့်နေလိုက်တယ်။

လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။

No comments:

Photobucket