Photobucket

Friday, August 7, 2009

သာသနာကိုစော်ကားကုန်ပြီ





မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာ ၀ိနည်းကျင့်ဝတ်များကြောင့်ဖြစ်ပါတယ်၊ ဘုရား

ရှင်က ရှေ့ရေးကိုမျှော်တွေးပြီး စည်းကမ်းရှိရှိနဲ့ ရဟန်းတော်တွေကို ဘယ်လိုနေရမယ်၊ဘယ်ကိုဆွမ်းဘုဉ်းပေးရမယ်၊ ဒ

ကာ ဒကာမတွေနှင့် ဆက်ဆံရင် ဘယ်လိုမျိုး ဆက်ဆံရမယ်၊ သင်္ကန်းဝတ်ရာမှာ မြို့တွင်း ရွာတွင်းသွားရင် သင်္ကန်းရုံ

သွားရမယ်၊ နောက်ဆုံး အိမ်သာတက်တာကစ ဘယ်လိုတက်ရမယ်ဆိုတာမျိုးအထိ ၀ိနည်းစည်းကမ်းချက်တွေ ဘုရား

ရှင်က ချမှတ်ခဲ့ပါတယ်၊ ကိုရင်ငယ်တွေ လိုက်နာရမည့် စည်းကမ်းနှင့် ရဟန်းတော်များ လိုက်နာရမည့် ၀ိနည်းဆိုပြီး အ

သေချာကို အထူးပညတ်ချက် ဥပဒေများ ထားခဲ့ပါတယ်၊၊ အဲဒီ ၀ိနည်းတရားတော်နှင့် အညီ လိုက်နာကျင့်သုံးပြီး သီလ

ကောင်းအောင် နေရသလို၊ စာသင်ခြင်း ( ပရိယတ္တိ)နှင့် တရားဘာဝနာ ပွားများခြင်းဆိုတဲ့ (ပဋိပတ္တိ) အကျင့်ကောင်း

တွေကိုလည်း အားထုတ်ရတယ်၊ သမာဓိနှင့် ပညာအရာမှာ တိုးတက်လာအောင် ရဟန်းတရားကို အားထုတ်ပြီးမှ ရဟန်း

ဝတ်ရကျိုး၊ ခေတ္တ ဒုလ္လဘ၀တ်ရကျိုး နှပ်မှာပါ၊၊

မြတ်စွာဘုရားက သာသနာတော်ရဲ့ အသက်သည် ၀ိနည်းပဲလို့ ဟောခဲ့ပါတယ်၊ စည်းကမ်းမလိုက်နာပဲ ၀ိနည်းစည်းကမ်း

ဖောက်ဖျက်မလိုက်နာရင် လက်ရှိဘ၀မှာ ဒဏ်ပေးရမယ်၊ ဒီဘ၀သေလို့ရှိရင်လည်း ငရဲရောက်မည်ဟုဘုရားရှင်က ဟော

ခဲ့သည်မို့ အခုလို သာသနာ့ဘောင်မှာ မင်းမော်ကွန်းနှင့် အနုပညာသမားများ အုပ်စုရဲ့ သင်္ကန်းဝတ်ပြီး ဆေးမင်ချောင်

အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီ အပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း စိတ်မ

ကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကို လက်လေးသစ်၊ကွာအောင်ဝတ်ရမယ်၊ အ

ပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက

လုံးဝကို သင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့် ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊ ရဟန်း

သံဃာဆိုတာ မကြည်ညိုသေးသော ဒကာ ဒကာမများကို သာသနာတော်ကို ကြည်ညိုလာအောင် နေရမယ်၊ကြည်ညိုပြီး

သား ဒကာ ဒကာမများကိုလည်း ပိုမိုကြည်ညိုလာအောင် နေထိုင်ရတာပါ၊ အကျင့်ကောင်းတွေနှင့် ကိုယ်မူအရာ၊ နုတ်အ

မှုအရာတွေက မြင်ရသူတိုင်း ကုသိုလ်ရအောင် နေထိုင်ပြောဆိုတတ်မှသာ သင်္ကန်းခေတ္တ၀တ်တဲ့သူနှင့် စီစဉ်ပေးတဲ့ ကိုယ့်

မိဘဆရာသမားလည်း အကျိုးများမှာပါ၊၊

မြန်မာနိုင်ငံမှာ မတရားအာဏာကိုယူလာတဲ့ စစ်အစိုးရကလည်း ရဟန်းသံဃာများကို အထင်သေးအမြင်သေးဖြစ်အောင်

နည်းပေါင်းစုံနှင့် ဖန်တီးနေတာပါ၊ သံဃာထုထဲဝင်ပြီး စနစ်တကျဝင်ရောက်ဖျက်ဆီးနေခြင်းများနှင့် အနုပညာသမားများ

ကို အသုံးချပြီး ဒီထဲမှာ သာသနာတော်ကို ကြည်ညိုချင်ဟန်ဆောင်ကာ ပေါ်လစီကားတွေရိုက် ရုပ်ရှင်ထဲမှာတော့ ဦးချ

နေသော်လည်း တကယ်ဘ၀မှာတော့ သံဃာတော်တွေက ထောင်ထဲမှာ ၀ါဆိုနေရတာပါ၊ ၊ လူထုက သံဃာကို မကြည်

ညိုနိုင်အောင် စစ်အစိုးရက ဖန်တီး၊နောက်တော့ သံဃာတွေပျက်ဆီးတာတွေ လူတွေကိုပြ၊ သံဃာတွေ နိုင်ငံရေးမလုပ်

ရင်ပြီးရောကားပွဲစား၊ကျောက်ပွဲစား၊ချဲဒိုင်မျိုး စတဲ့ မဟုတ်တာတွေ လုပ်ချင်ရာ လုပ် စစ်အစိုးရက ဖန်တီးပေးထားတယ်၊

လောဘကြီးတဲ့ ဘုန်းကြီးဆိုရင်လည်း ကားတွေပေး၊ကျောင်းဆောက်ပေးတော့ သဘောတွေကျနေရော၊ အမျိုးသမီးတွေ

ရုန်းရုန်းနဲ့ နေရတာကို ၀ါသနာပါရင် နေပေစေဆိုပြီး စစ်အစိုးရက လွတ်ပေးထားတယ်၊ တချို့ ဒီမိုကရေစီ နာမည်ရှိတဲ့

ကိုယ်တော်ဆိုရင်မပျက် ပျက်အောင် ငွေတွေ မာတုဂါမတွေနှင့် ဖျက်ဆီးရေးများလုပ်တယ်၊ အရမ်းယုတ်မာတဲ့ လုပ်ရပ်

တွေကို စစ်အစိုးရကလုပ်နေတာပါ၊

ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မ

ဟုတ်ပါဘူး၊ သာသနာတော် သန့်ရှင်းချင်ရင် မသန့်ရှင်းတဲ့ စစ်အုပ်ချုပ်ရေး ယန္တယားကို အဆုံးသတ်မှ ဖြစ်မှာပါ၊ဘာ

ဖြစ်လို့လဲဆိုတော့ ကိုယ်အာဏာမြဲရေးအတွက် သာသနာကို အသုံးချနေလို့ပါပဲ၊ ဒါတွေကို ပြောမယ်ဆိုရင် ရှည်နေ

မယ်၊ ဘုန်းဘုန်းပြောချင်တာက အနုပညာသမားတွေပါ၊ အနုပညာသမားရဲ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးဆိုတာ ရှိပါတယ်၊၊

ဒါရိုက်တာ ဦးသုခရိုက်တဲ့ တပါးသီလ ဇတ်လမ်းမျိုးဟာ မြန်မာပြည်နှင့်တကွ နိုင်ငံခြားရောက် တကမ္ဘာလုံးမှာရှိတဲ့ မြန်

မာများအားလုံးရဲ့ စိတ်မှာ တပါးသီလ ဆောက်တည်ရုံနှင့် ဒီလောက် ဘ၀မှာအေးချမ်းရင် ငါးပါးစလုံးသာ ဆောက်တည်

ရင် ဘယ်လောက်ထိ ဘ၀တွေမှာ ငြိမ်းချမ်းမလဲဆိုတဲ့ အသိဥာဏ်များရပြီး ဇတ်ကားကြည့်တဲ့ အကျိုးက အနှစ်ချုပ်လိုက်

တော့ သူတော်ကောင်းဖြစ်သွားတယ်၊၊ အနုပညာသမားဆိုတာ လူထုကို လေးစားရတယ်၊ မှန်ကန်တဲ့ အသိတွေပေးရ

တယ် တပြိုင်တည်းမှာပင် မှားတဲ့အရာတွေကို ရှောင်ရတယ်၊ မင်းမော်ကွန်းနှင့် အပေါင်းပါတွေက အခုလို ကြည်ညိုဖွယ်

မဖြစ်တဲ့ သရုပ်ပျက် စရိုက်မျိုးကိုလုပ်ခြင်းအားဖြင့် သူရဲ့ တန်ဘိုးဘာမှမရှိတော့ပါဘူး၊ သူရဲ့အဖေ ဇင်ဝိုင်းမှာလည်း တာ

ဝန်ရှိတယ် သားသမီးမကောင်းတော့မိဘခေါင်းဆိုသလို၊ သူတို့အုပ်စုကို သင်္ကန်းဝတ်ပေးတဲ့ ဘုန်းကြီးနှင့် ကျောင်းတိုက်

ကလည်း တော်တော် အသုံးမကျဘဲညံ့ဖျင်းတယ်၊ ၀တ်ပေးတဲ့ ဘုန်းကြီးက ဒါတွေအခုလို သရုပ်ပျက် ဖြစ်ခဲ့တာကို သိ

ချင်မှ သိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဆိုတာ အသိဥာဏ်ရှိတဲ့ လူတိုင်းနား

လည်သဘောပေါက်မှာပါ၊ လူထုကို အသိဥာဏ်ပေး ဇာတ်ကားရိုက်နေတဲ့ မင်းမော်ကွန်းဟာ ဘယ်လို လူမျိုးလည်းဆို

တာ သူရဲ့ လုပ်ရပ်က သက်သေပြနေပါတယ်၊စလေ ဦးပုညပြောသလို ယခုခါမှု၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်း

ခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှု အမိုက်တကာဗိုလ်မင်း၊ အဖျင်းတကာ့

ဗိုလ်ချုပ်၊ အပါယ်လေးဆီ၊ မြစ်နဒီတွင်၊ ပလုံမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဆိုသလို လူဘ၀ခေတ္တရောက်နေချိန်

မှာ လူယုတ်ကြီးတွေ မဖြစ်ရအောင် နေရမယ်၊ မိမိသူတပါးနှစ်ဦးသားစလုံး အကုသိုလ်တွေမဖြစ်စေပဲ ကုသိုလ်တွေသာ

ဖြစ်ရန် နေထိုင်ကျင့်သုံးရန် အထူးလိုပါတယ်၊၊ အနုပညာသမားတိုင်းဟာ ကိုယ့်ကောင်းသလို ကိုယ့်လို ဘ၀တူသမား

အနုပညာသမားများကိုယ်လည်း ထိန်းသိမ်းပေးရမယ်၊ အနုပညာသများ အမှားတခုဟာ သာမာန်မဟုတ် မှတ်တမ်းဗီဒီ

ယိုရိုက်ထားသည်မို့ သက်သေတခုဖြစ်နေပါတယ်၊ အဲဒီအမှားတွေကို ပြည်သူတွေက အပြစ်ပေးလို့ ရလာသည့် အချိန်

ဆိုတာ ရှိလာမှာပါ၊ ဒါဟာအမှန်တရားပါ၊ ဘုန်းဘုန်းတို့ အမှတ်တမဲ့ မနေပါဘူးသာသနာတော်ကို ဘယ်သူတွေ ဆေးဆိုး

ပန်းရိုက်လုပ်၊ဆော်ကားနေတယ်ဆိုတာ မှတ်တမ်းတင်နေပါတယ်၊၊ မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို

ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့

အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်စေချင်တယ်၊မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆို

တာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာ

တော်ကို ဆော်ကားရင် ဆော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ မင်းမော်ကွန်းဇတ်ကားတိုင်းကို တိုင်းနှင့်

ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေလုပ်သွားရပါလိမ့်မယ်၊ အမှားတခုကို

ကျူးလွန်ပြီးရင် တောင်းပန်ဝန်ချရပါတယ်၊ ဒါကြောင့် မင်းမော်ကွန်းနှင့် အပေါင်းအဖော်အားလုံးက ပြည်တွင်းပြည်ပ

ဆရာတော်များနှင့် သာသနာကို မြတ်နိုးကြသော ပြည်သူလူထုကို ကျေနှပ်အောင်ပြန်လုပ်ပေးရပါမယ်၊ မလုပ်ရင်တော့

ဒီလို သာသနာတော်ကို ဆော်ကားတဲ့ မှတ်တမ်းဟာ ဆက်လက်တည်ရှိနေမှာပါ၊၊

အရှင်စန္ဒောဘာသာစာရ

ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066
အမေရိက

မေးလ်ထဲက ရလို့ Forward လုပ်တာပါ။
နောက်ဆက်တွဲ အနေနဲ့ နာမည်တစ်ချို့ကိုသိရပါတယ်.။

ငမိုက်သားတွေထဲကအချို့ကတော့ ပြည့်စုံ၊ ဖျာကြီး (ခ)မြင့်သိန်း၊ မိုးကျော်ကျော်၊ ၀ဏ္ဏခွာနီး၊ မင်းမော်ကွန်း၊ ဗန်ဒိန်း၊ တရုတ်ကြီး ၊ သူရ လို့သိရပါတယ်။

http://myatmhanlay.blogspot.com/မှတဆင့်ကူးယူတင်ပြပါသည်။

No comments:

Photobucket