
ဂျပန်စစ်တပ်ကြီး ဗမာပြည်ဝင်လာချိန်က ခလောက်နို့ရွာမှာဂျပန်စစ်တပ်ကသူတို့နဲ့ အလွမ်းသင့်တဲ့ လူတယောက်ကို
အရပ်လူကြီးဆိုပြီး အရပ်လူကြီးခန့်လိုက်တယ်။
ဒီအရပ်လူကြီးဆိုတဲ့ လူက ခပ်ဆိုးဆိုးလူ။ ဒီလူဟာ အရပ်လူကြီးဖြစ်တာနဲ့ ဂျပန်အလိုကျ တခါထဲ လုပ်တော့တယ်။
ကြက်ဆိုယင်ကြက်၊ အရက်ဆိုအရက်၊ အုန်းသီးဆို အုန်းသီးရအောင်ရှာပေးတယ်။ ဘယ်သူထိခိုက်ထိခိုက်၊ ဘယ်သူ
ဘာဖြစ်ဖြစ် သူ့ကို ဂျပန်ကျေနပ်ယင်ပြီးရောဆိုပြီး ရွာထဲမှာခပ်ရမ်းရမ်းလုပ်နေတယ်။
ဘယ်အထိရမ်းလာသလဲဆိုယင် ရွာထဲမှာ လူတွေ အရက်မသောက်ရဘူး၊ သောက်ယင်လဲ မမူးရဘူးလို့တောင် အမိန့်
ထုတ်တယ်။ သူ့အိမ်ရှေ့က ဖြတ်ရှောက်သွားတဲ့လူကို မသင်္ကာယင်ခေါ်တယ်။ ပြီးတော့ ပါးစပ်ကိုနမ်းကြည့်တယ်။ အ
ရက်နံ့ရယင် နွားရိုက်တဲ့ကြိမ်နဲ့ရိုက်တယ်။ ဒါကြောင့်လူတွေက အရက်သောက်ထားမိယင် သူ့အိမ်ရှေ့ကိုကွင်းပြီးသွား
ကြတယ်။ သူနဲ့လဲမတွေ့အောင် ရှောင်ကြရတယ်။ အရပ်လူကြီးက အရက်သောက်ယင် ပါးစပ်ကို နမ်းကြည့်ပြီး ရိုက်
တယ်ဆိုတဲ့သတင်းဟာ ပြန့်နေတယ်။
ဒီသတင်းကို ခပ်ရွက်ရွက်အဖိုးအိုတယောက်က ကြားတော့ " ဒါလောက်ထတဲ့အကောင် ငါဆုံးမမယ် " လို့ သူ့လူတွေ
ကိုပြောပြီး မကြာခင်ဘဲ တညနေတော့ အဖိုးအိုဟာ ဟိုထိုးဒီထိုးနဲ့ ခြေလှမ်းမမှန်ဘဲ အရပ်လူကြီးအိမ်ရှေ့ကိုရောက်
လာတယ်။ ဒါကို အရပ်လူကြီးကမြင်တော့ ' အသက်အရွယ်နဲ့ မလိုက်အောင် အဖိုးကြီးကတော့ အရက်မူးလာပြီး၊ ငါ
လွတ်လိုက်ယင် လူတွေကငါ့ကို မျက်နှာလိုက်တယ်လို့ ပြောကြတော့မယ် ' လို့ စဉ်းစားမိပြီး အဖိုးကြီးကိုခေါ်လိုက်
တယ်။
အဖိုးအိုကလဲ ယိုင်ထိယိုင်တိုင်နဲ့ဝင်လာတယ်။ သူ့ရှေ့ရောက်တော့ သူက အဖိုးအိုရဲ့ပါးစပ်ကို လုပ်နေကျ ထုံးစံအ
တိုင်း နမ်းကြည့်တယ်။ ဒါပေမဲ့ ယိုင်နေတဲ့အဖိုးကြီးပါးစပ်က ဘာနံ့မှထွက်မလာဘူး။ ဒီတော့ အရပ်လူကြီးက ဇဝေ ဇ
ဝါဖြစ်ပြီး " ခင်ဗျား အရက်သောက်လာတာက ဘယ်လို သောက်လာတာလဲ " လို့မေးတယ်။ ဒီတော့ ယိုင်နေတဲ့အဖိုး
အိုက " ငါသောက်တာက ဖင်ကသောက်တာကွ " လို့ လုံချည်ကိုနောက်ဖက်ကမ,ပြီး ပြန်ပြောလိုက်တယ်။
ဒီတင် အရပ်လူကြီးက တကယ်ဘဲ အဖိုးကြီးဟာ ဖင်ကအရက်သောက်လာသလား သိရအောင် နမ်းမကြည့်ရဲတာနဲ့
" ကဲ-ကဲ ကောင်းကောင်းသွား " လို့ ပြောပြီးလွတ်လိုက်တယ်။ အဖိုးအိုကလဲ ယိုင်တိယိုင်တိုင်နဲ့ အရပ်လူကြီးရှေ့က
ထွက်သွားတယ်။
ဒီကတဲကစပြီး အရပ်လူကြီးဟာ အရက်မူးလာတဲ့ လူတွေ့ယင်ခေါ်ပြီး ပါးစပ်ကို နမ်းမကြည့်တော့ဘဲ မသိလိုက် မသိ
ဖါသာ နေလိုက်တော့သတဲ့။

No comments:
Post a Comment