Photobucket

Tuesday, April 28, 2009

KNU ဝေါ်လေခီးစခန်း သိမ်းပိုက်ခံရ

KNU ဝေါ်လေခီးစခန်း သိမ်းပိုက်ခံရ
ကရင်သတင်းစဉ်
ဧပြီ ၂၈၊ ၂၀၀၉


ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ဝေါ်လေခီးတပ်စခန်းကို ယနေ့ မနက်ပိုင်းတွင် ဒီကေဘီအေနှင့် နအဖတပ်

များက သိမ်းပိုက်လိုက်သည်ဟု ၎င်းတပ်ရင်း၏ တပ်ခွဲမှူးတဦးက ပြောသည်။

(၂ဝ၁)တပ်ရင်း၊ တပ်ခွဲ(၁)မှူး ဗိုလ်နာ့ကြီးက “ဒီနေ့မနက် ၈နာရီခွဲ ကျော်ကျော်လောက်မှာ စခန်းကို သူတို့ သိမ်းလို့

ရသွားတယ်။ မနေ့ကတည်းက အဆက်မပြတ် တိုက်ပွဲဖြစ်နေတာ။ ထိုင်းရွာသားတွေကို ထိမှာစိုးလို့ ကျနော်တို့လည်း

ရှောင်ပေးလိုက်တယ်လေ” ဟု ကရင်သတင်းစဉ်ကို အတည်ပြုပြောဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် နအဖနှင့် ဒီကေဘီအေဘက်မှ (၁ဝ)ဦး ထိုင်းရွာသားတဦး လက်နက်ကြီး

စ ထိမှန်ကာ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ပြီး ရွာသူ ရွာသား ၄ဝဝ ခန့်ကို ၎င်းတို့ရပ်ရွာမှ ပြောင်းရွှေ့ နေရာချထား

ပေးသည်ဟု သိရသည်။

ဝေါ်လေခီးစခန်းကို သိမ်းပိုက်လိုက်သည့် ဒီကေဘီအေ ( ၉ဝ၆ )၊ ( ၉ဝ၇ )၊ ( ၉၉၉ )၊ ( ၃၃၃ )၊ ( ၅၅၅ ) တပ်ဖွဲ့ဝင်

များနှင့် နအဖတပ်မှ စစ်ကြောင်း နှစ်ကြောင်းသည် ယခုလ (၅)ရက်နေ့ကတည်းက ထိုးစစ် ဆင်ခဲ့ခြင်းဖြစ်သည်ဟု

သိရသည်။

1 comment:

saw aung zin said...

ုကရင်.က ကရင် ကို တိုက်လို့ ကရင်ဘဲတွက်ပြေးရတယ်.KNU နဲ့DKBA ခေါင်းဆောင်များကိုယ့်ကရင်လူမျိုးတွေရဲ့ငြိမ်းချမ်းရေးကိုအမှန်တကယ်ဆောင်ရွက်မယ်ဆိုရင် နအဖ နဲ့စကားပြောမဲ့အစားKNU နဲ့ DKBA အမြန်စကားပြောကြမယ်ဆိုရင်အချိန်မနှောင်းသေးပါဘူးUWSA လိုမျိုးပညာရှိစမ်းပါ..KNU နဲ့DKBA တပ်သား..ကရင်ပြည်သူတွေအများကြီးရှိကြတယ် နအဖ ဒါန်ကိုကရင်ပြည်သူလူထုတွေမခံနိုင်တော့ဘူး.ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာခေါင်းဆောင်ကောင်းတွေရဲ့အလုပ်ဘဲ..ကရင့်ငြိမ်းချမ်းရေးသမိုင်းတွင်ရင့်ပါစေ....ရဲဘော်ကြီး တာပူးနူး တပ်မဟာ ၁

Photobucket