Tuesday, April 21, 2009
ကောင်းလိုက်တဲ့လှေပွဲ
တခါက သံလွင်မြစ်ကမ်းဘေးက ရွာကြီးတရွာမှာ ဘုရားပွဲတော်ကျင်းပတယ်။ ဘုရားပွဲမှာ ဇာတ်ပွဲအပြင် ကုန်းပွဲရေပွဲလဲ
ထည့်သွင်းကျင်းပတယ်။
ဘုရားလူကြီးတွေက အထူးသဖြင့် လှည်းပြိုင်ပွဲထက် လှေပြိုင်ပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ကြတယ်။ ပရိသတ်ကလဲ
လှေပြိုင်ပွဲမှာ ပိုပြီးများတယ်။
လှေပြိုင်ပွဲစတော့မယ်ဆိုကတဲက ကမ်းညွတ်အောင် လူတွေထပ်နေတယ်။ ဒီအထဲမှာ ခလောက်နို့ရွာက အဖိုးကြာဘော်
လဲပါတယ်။ သံလွင်မြစ်ကမ်းမှာရှိတဲ့ ရွာတွေက နာမယ်ကြီးလှေတွေ အကြိတ်အနယ် ပြိုင်လှော်လာကြတဲ့အခါ ကမ်းစပ်
ကလူတွေရဲ့ အော်သံဟစ်သံ အားပေးသံတွေဟာ ၂မိုင်လောက်ကကြားနိုင်တယ်လို့ ဆိုပါတယ်။
သူတို့အားပေးတဲ့လှေက နိုင်တဲ့အခါမှာဆိုယင် ကြည့်နေတဲ့လူတွေဟာအူမြူးပြီး ထီးတွေမြှောက်ပစ်တာတို့၊ ဦးထုပ်ချွတ်
ပြီးလွှင့်ပစ်တာတို့ ခေါင်းမှာပတ်ထားတဲ့ မျက်နှာသုတ်ပုဝါတွေ ဝှေ့ရမ်းပြတာတို့၊ တချို့ကလဲ ဂျွမ်းထိုးပြီး ရေထဲခုန်ချတာ
တို့ပါ လုပ်ကြတယ်။
နေစောင်းလာလို့ လှေပွဲပထမနေ့ပြီးတော့ အဖိုးကြာဘော်ဟာ တခြားပွဲတွေဆက်မကြည့်တော့ဘဲ အိမ်ကိုပြန်လာတယ်။
အိမ်ရောက်တော့ သမီးဖြစ်သူကဆီးပြီး " ဟော . . . အဖေသွားတုန်းကထီးနဲ့၊ အခုမေ့လာပြီးထင်တယ် " လို့ မေးတယ်။
ဒီတော့ အဖိုးကြာဘော်က " အေး . . . ဆုံးသွားပြီး " လို့ ပြန်ပြောလိုက်တယ်။
" အဖေလှေပွဲလောင်းသလား " လို့ အမီးကထပ်မေးတဲ့အခါ " မသိပါဘူးကွာ၊ သဘောကျတဲ့လှေနိုင်လို့ ထီးကိုရိုက်ချိုး
လိုက်တယ်၊ ဒီပွဲမျိုးမသွားနဲ့သမီး၊ ရူးတတ်တယ်၊ ငါလဲရူးခဲ့ပြီး "လို့ ပြန်ပြောလိုက်သတဲ့။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Labels:
kaloutnok tale
Subscribe to:
Post Comments (Atom)
No comments:
Post a Comment