Wednesday, April 15, 2009
တစ္ဆေကိုပြန်ချောက်သူ
"သိဖူးကလာ" လို့ခေါ်တဲ့ "သစ်ချပင်ရွာ" မှာ တခါက တစ္ဆေအင်မတန်
ချောက်တယ်လို့ နာမယ်ကြီးတဲ့ အိမ်တအိမ်ရှိတယ်။
"သစ်ချပင်ရွာ"ဆိုတာက ဇွဲကပင်တောင်ရဲ့အရှေ့ဘက်ခြမ်း တောင်ခြေ
မှာတည်ထားတဲ့ ရွာကလေးဖြစ်တယ်။ တောင်နဲ့လဲကပ်နေတယ်။ ဒီရွာ
ကနေပြီးတောင်ထိပ် ဇွဲကပင်စေတီဆီကိုတက်တဲ့ လမ်းတလမ်းလဲရှိတယ်။ ရွာက တောင်ခြေနားနီးတော့ ညနေ၃း၀၀
နာရီလောက်ဆိုယင် နေလုံးကိုမမြင်ရတဲ့ ရွာဖြစ်တယ်။ ရွာဟာမကြီးပေမဲ့ သူ့ခြံနဲ့ သူ့အိမ်နဲ့ သီးပင်စားပင်တွေနဲ့ သာယာ
တယ်။ တောင်နားမှာ ကပ်နေတဲ့ရွာဖြစ်လို့လဲ မနက်မိုးလင်တာနဲ့ ငှက်ပေါင်းစုံရဲ့ သာသာယာယာအသံတွေကို ကြားနေ
ရတဲ့ရွာဖြစ်တယ်။
အဲဒီရွာထဲက အိမ်တအိမ်မှာ တစ္ဆေအင်မတန်ချောက်တယ်ဆိုတာ တရွာလုံးကယုံတယ်။ တစ္ဆေချောက်အားကြီးလို့ အိမ်
ရှင်ဟာမနေရဲတာနဲ့ သူ့ အိမ်ကြီး အိမ်ကောင်းကိုစွန့်ပြီး တခြားခြံမှာ တဲကလေးထိုးပြီးပြောင်းနေတယ်။ ဒီတေစ ၦဟာ လူ
ကိုသာမဟုတ်ဘဲ နွားတွေကိုတောင်ချောက်လို့ ဘယ်နွားမှနေစောင်းလာယင် အဲဒီအိမ်ရှိတဲ့ ခြံဘက်ကို မသွားရဲဘူး။ ဒါ
လောက်ထိအောင် ချောက်တဲ့တစ္ဆေလို့ ရွာသားတွေက ပြောကြတယ်။
ဒီလိုတရွာလုံးက ကြောက်နေပြီး နာမယ်ကြီးနေတဲ့အိမ်ကို ခလောက်နို့ သနီဝိုက်ရွာသားတယောက်က အလောင်းအစား
လုပ်ယင် သူတက်နေပြမယ်လို့ သတင်းလွင့်တယ်။
အဲဒီလို သတင်းလွင့်လိုက်လို့ မကြာခင်ဘဲ အိမ်ရှင်နဲ့ အပေးအယူတဲ့ကြတယ်။ အိမ်ရှင်က သူ့ အိမ်ပေါ်မှာ ၁၀ရက်အထိ
တက်နေရဲယင် တမိုးတွင်လုံး ထမင်းကျွေးထားမယ်၊ ဖြစ်နိုင်လို့ တစ္ဆေကို သူ့ အိမ်ကဆင်းသွားအောင် လုပ်နိုင်ယင် နွား
မတကောင်ပေးမယ်လို့ ဆိုတယ်။
အဲဒီလို ပြောလို့ဆိုလို့ပြီးတာနဲ့ ခလောက်နို့ သနီဝိုက်ရွာကလူဟာ နောက်တနေ့မှာဘဲ ဒီတစ္ဆေချောက်လှပါတယ်ဆိုတဲ့
အိမ်ကြီးပေါ်ကို ပြောင်းတက်လာတယ်။ ပြောင်းတက်လာတဲ့ညမှာဘဲ သူဟာ တစ္ဆေနဲ့ နဖူးတွေ့ ဒူးတွေ့  တွေ့ ရတယ်။
မိုးချုပ်လို့ သူအိမ်ရှေ့မှာထိုင်နေတုန်း နောက်ဖေးက ချိုးချိုးချွတ်ချွတ်နဲ့ ကြားရတယ်။ နောက်ဖေးကိုဝင်ကြည့်တော့ ဘာ
မှမတွေ့ ဘူး။ ဒါပေမဲ့ ချိုးချိုးချွတ်ချွတ်အသံဟာ အိမ်ရှေ့ကကြားရပြန်တယ်။ အသံလာရာ အိမ်ရှေ့ကိုထွက်လာတော့
အိမ်ရှေ့က အသံပျောက်သွားပြီး နောက်ဖေးဘက်ကပေါ်လာပြန်တယ်။ ဒီလူဟာ တချွတ်ချွတ် အသံနောက်ကိုလိုက်နေ
ယင်း သန်ကောင်ကျော်သွားတယ်။ မအိပ်ရသေးဘူး။
သူဟာ အိပ်ကလဲအိပ်ချင်၊တစ္ဆေကိုလဲတွေ့ ချင်၊ ရှာလို့လဲမတွေ့နဲ့ ဖြစ်နေတုန်း အကြံတခုရတာနဲ့ မီးဖိုထဲကစဥ့်အိုးကြီး
၂လုံးကြားကို ၀င်ပြီးထိုင်လိုက်ကာ တစ္ဆေမသိအောင် အသာပုန်းနေလိုက်တယ်။
ဒီလိုပုန်းနေလိုက်တော့ တစ္ဆေရဲ့ တချွတ်ချွတ်လုပ်သံကို မကြားရတော့ဘူး။ ဒါပေမဲ့ တမျိုးဖြစ်လာပြန်တယ်။ မမြင်ရတဲ့
တစ္ဆေဟာ မီးဖိုထဲက ရှိသမျှအိုးတွေခွက်တွေကို လျှောက်ပြီးဖွင့်တယ်။ ဖွင့်ပြီးပြန်ပိတ်တယ်။ ဒီလိုအိုးတွေခွက်တွေ ဖွင့်
တဲ့ပိတ်တဲ့အသံကို ကြားရပြန်တယ်။ တစ္ဆေဟာ မီးဖိုထဲကရှိသမျှ အို၊ ခွက်တွေ ပုလင်းတွေကအစ အဖုံးရှိတဲ့ဟာတိုင်း
ကို ဖွင့်ပြီးပြန်ပိတ်လာလိုက်တာ နောက်ဆုံးကျတော့ သူပုန်းနေတဲ့ စဥ့်အိုးကြီးနားရောက်လာပြီး စဥ့်အိုးကြီးဘေးတ၀ိုက်
က အိုတွေခွက်တွေကို ခွင့်ချည် ပိတ်ချည်လုပ်လာတယ်။
ဒီတင်စဥ့်အိုးကြားမှာ ငြိမ်ငြိမ်ကလေးပုန်းနေတဲ့ သနီဝိုက်ရွာသားက ' တစ္ဆေတော့ဧကန်ရှိတာဘဲ၊ ဘယ့်နှယ်လုပ်ရပါ့မ
လဲ ' လို့ စဉ်းစားတယ်။
ဒီလိုတွေးနေတုန်း တစ္ဆေဟာ သူ့ ဘေးက စဥ့်အိုးကြီးရဲ့အဖုံးကိုဖွင့်လိုက်တယ်။ နောက်ပြန်ပိတ်လိုက်တယ်။ ပြီးတော့
တခြားအိုးတလုံးကို ဖွင့်လိုက်တယ်။ ဒီတင် ဒီလူကရုတ်တရက်သတိယပြီး သူ့ လက်ဝါးကြီး၂ဖက်နဲ့ ကြမ်းပြင်ကို ဘုတ်
ဘုတ် ဘုတ်-ဘုတ်လို့ အားနဲ့ပုတ်လိုက်တယ်။ ဒီလိုလဲကြမ်းကိုပုတ်လိုက်ရော တစ္ဆေဟာလန့်ပြီး တခါထဲအိမ်ပေါ်ကဆင်း
ပြေးသွားလိုက်တာ အဲဒီကထဲက ဒီအိမ်ကိုတစ္ဆေဟာ ဘယ်တော့မှပြန်မလာတော့ဘူးတဲ့။
ခလောက်နို့ သနီဝိုက်ရွာကလူဟာ သူ့သတ္တိနဲ့ အကြံကောင်းကြောင့် အိမ်ရှင်ဆီက နွားမကလေးတကောင် ရသွားတယ်။
အခုတော့ ဒီတစ္ဆေ ချောက်လှတယ်ဆိုတဲ့အိမ်မှာ အိမ်သားတွေ စုစုဝေးဝေးနဲ့ နေနေကြပြီ။ *ﻠ* *ﻠ*
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Labels:
kaloutnok tale
Subscribe to:
Post Comments (Atom)
No comments:
Post a Comment