Photobucket

Saturday, January 31, 2009

High lead levels reported in refugees

Read More...

60th Karen Revolution Day




President Speech on 60th Karen Revolution Day in Burmese

Read More...

Wednesday, January 28, 2009

Author jailed for insulting Thai king

Read More...

Friday, January 23, 2009

သံဃာ့မကိုဋ်ဖူ့ တာမိုက်အကြောင်း

ကောဇာသက္ကရဇ် (၁၀၈၀) ပြည့်နှစ်လောက်၌ ဇွဲကပင်တောင်ရိပ်တွင်ကွန်းခိုသည့် ဒုံးရင်းနယ်၌ မထင်မရှားသော

(နောင်တွင် ကော့သံခါ)






Read More...

Saturday, January 17, 2009

Karen Revolution Day

Read More...

Thursday, January 15, 2009

အရှေ့ ပိုးကရင် ဗုဒ္ဓဘာသာပြန့် ပွါးခြင်း

အရှေ့ ပိုးကရင် ဗုဒ္ဓဘာသာအပေါင်းတို့ ၏ ကြည်ညိုကိုးကွယ်ခြင်းခံရပြီး၊ ဂုဏ်ကျေးဇူးတော်အရှင်အဖြစ် နှလုံးသည်း

ပွတ်ထဲ၌ အစဉ်အသိအမှတ်ပြုထားသော၊ ပဠမရဟန်းတော်မှာ၊(ဖူ့ ကျာ်တာမိတ်) ဖူ့ ကျိုက်တာမိုက် ဖြစ်သည်။ အရှေ့ 

ပိုးကရင် ဗုဒ္ဓဘာသာဝင်တို့ အတွက် ကြီးမြတ်သော ဂုဏ်အင်နှစ်ရပ်ကို စွမ်းဆောင်ပေးခဲ့သော ရဟန်းအကျော်အမော်

ဖြစ်သည်။ ပဠမကြီးမားသောဂုဏ်ကျေးဇူးတော်မှာ ကရင်လူမျိုးတို့ အား ရဟန်းဘောင်သို့ ဝင်ခွင့်ပြုပြီး ဗုဒ္ဓဘာသာ၊သာ

သနာ့တာဝန်များ ထမ်းဆောင်ခွင့်ရှိခြင်းနှင့် ဒုတိယကြီးမြတ်သည့် ဂုဏ်ကျေးဇူးတော်မှာ ဖူ့ ကျိုက်တာမိုက်သည် မှေးမှိန်

နေပြီး တိမ်မြုပ် ပျောက်ကွယ်လုနီးဖြစ်သော၊ ရှေ့ ဟောင်း အရှေ့ ပိုးကရင်စာပေကို ဒုတိယခေတ်အဖြစ် ပြန်လည်ထုတ်

ဖေါ်တည်ဆောက်ယူနိုင်ခြင်း ဖြစ်နိုင်လေသည် ။


ဖူ့ ကျိုက်တာမိုက်သည် အရှေ့ ပိုးကရင် (ဖုံ) ဗုဒ္ဓဘာသာစာဆိုအကျော်၊ ရဟန်းတော်များနှင့်စာပေအကြောင်းကျွမ်းကျင်

သူကရင်လူမျိုးထဲတွင် ပဠမဦးဆုံးမြင့်မြတ်သည့် ရဟန်းဘောင်သို့ ဝင်ခွင့်ရရှိသော ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ် ဖြစ်လေသည်။

ဂျိုင်းမြစ်။ဟောင်သရောမြစ်။လှိုင်းဘွဲမြစ်၊ဘားအံမြို့ နယ်နှင့် ကော့ကရိတ်မြို့ နယ်တို့  ဆုံရာအရပ်တွင် “ဂျိုင်း” ဟု အမည်

တွင်သော ရွာတရွာရှိပါသည်။ “ဂျိုင်း” ရွာသည် တခေတ်တခါက ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကိုရည်သန်၍ ဖူ့ 

ကျိုက်တာမိုက်သည် ဗုဒ္ဓဘာသာသာသနာ ထွန်းကားစေရန် သာသနာပြုအောင်မြေချခဲ့သည့် နေရာဖြစ်ပါသည်။ “ဂျိုင်း”

ရွာကလေး၏တည်နေပုံမှာ ဒုံရင်းနယ်မှဒါယိကာများ၊ဒေါနတောင်တန်း တောင်ကြောတလျှောက်တွင်နေထိုင်ကြသော ဒါ

ယိကာ၊ ဒါယိကာမများ လာရောက်ရလွယ်ကူစေပြီး စခန်းဆုံရာ ဗဟိုအချက်အခြာကျပါသည်။ သာသနာပြုရန် အသင့်

လျှော်ဆုံးသောအရပ်အဖြစ် တည်ရှိနေ၍ ဖူ့ ကျိုက်တာမိုက်က သာသနာ့အောင်မြေအဖြစ် ရွေးချယ်သည့်သစ်ပင်ကြီးများ

မှိုင်းမှိုင်းညို့ ညို့  အုပ်ဆိုင်းလျှက်ရှိကာ မြစ်ကမ်းနဖူးပေါ်တွင် မေးတင်၍ ဉာဏ်တော်(၁၂)တောင် အမြင့်ရှိသည့် စေတီ

တော်သုံးဆူကို ဖူးတွေ့ နိုင်ပါသည်။ စေတီတော်သုံးဆူမှာ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ရည်ညွန်း၍ တည်ထား

ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ရှေးက စေတီတော်(၃)ဆူ၏ ပရ၀ုဏ်မျက်နှာစာရှေ့ တွင် ဆင်ရုပ်ထု(၃)ခု ရှိခဲ့ဘူးပါသည်။

သဘာဝပယောဂဖြစ်သည့် မြစ်ကမ်းပါးရေတိုက်စားသည်တွင် ကမ်းပြို၍ ဆင်ရုပ် (၃)ရုပ်စလုံး ရေထဲသို့ ပါသွားသဖြင့် ယ

နေ့ ထိုဆင်ရုပ်များကို မတွေ့ မြင်နိုင်တော့ပါ။ “ဂျိုင်း”အရပ်သို့  ဖူ့ ကျိုက်တာမိုက်ကို ဆင်ဖြင့်ပင့်ဆောင်လာခဲ့သည့်အထိမ်း

အမှတ်အဖြစ် ဆင်ရုပ်ထားရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ နှစ်ဧကခွဲခန့်  ကျယ်ဝန်းသည့်မြေနေရာအပေါ်တွင် ဖူ့ ကျိုက်

တာမိုက် သီတင်းသုံးခဲ့သော တိုက်ကျောင်းတဆောင်နှင့် (ဘာလီပင်)ခေါ် နိဗ္ဗာန်ကျောင်းရှိသည် ။ ကျောင်းဝင်းအတွင်း

သာသနိက အဆောက်အဦးများစွာရှိသည် ။ အတောင်(၈၀)ပတ်လည်ရှိပြီး တိုင်ပေါင်း(၆၄)တိုင်နှင့် ခေါင်(၃)ဆင့်ရှိသော

တိုက်ကျောင်းပေါ်တွင်ရှေးက ဖူ့ ကျိုက်တာမိုက်ရေးထားခဲ့သည့် ပေစာများ၊ဖူ့ ကျိုက်တာမိုက်၏ အသုံးအဆောင်ပစ္စည်း

များနှင့် ရှေးဟောင်းပစ္စည်းများကို စနစ်တကျ သိမ်းစည်းထားရှိသည် ။ ထူးခြားသည့်အချက်တခုမှာ "သက္ကရာဇ် ၁၂၆၀

ပြည့်နှစ် ၀ါဆိုလဆန်း(၁၄)ရက် အင်္ဂါနေ့ တွင် ထုလုပ်လှူဒါန်းသည်ဟု မွန်ဘာသာဖြင့်ကဗ္ဗည်းထိုးထားသော အဆင့်(၇)

ဆင့်ပါ အမြင့်ဆယ်ပေခန့် ရှိသော တံခွန်တိုင်ပင်ဖြစ်ပေသည် ။ သရက်တောရွာနေ ဗိန္ဓောဆရာကြီး ဦးမုန်၏ အလှူဟု သိ

ရှိရပါသည်။ တံခွန်တိုင်၏တဆင့်စီတွင် စရွေးကိုက်ပွတ်လုံးတို့ ဖြင့် အရစ်ဖေါ်ထားကာ အဆင့်တိုင်းအရစ်တိုင်းတွင် ဆင်

ရုပ်မြင်းရုပ်၊ နတ်ရုပ်အမျိုးမျိုးနှင့် ပန်းနွယ်ပန်းခက်များကို အနုစိတ်လက်ရာဖြင့် ထွင်ထုထားသည်။ တဆင့်စီစွတ်၍ ဆင့်

ထားသောတံခွန်တိုင်မှာ သာမာန်တံခွန်တိုင်နှင့်မတူဘဲ ခြားနားနေပါသည် ။ ကျောင်းဝင်းထဲတွင် အခြားသာဿနိက အ

ဆောက်အဦးများနှင့် ဉာဏ်တော်(၁၇)တောင်ရှိသော စေတီတော်တဆူလည်းရှိသေးသည်။ ကျောင်းဝင်းတောင်ဘက် အ

ရှေ့ တွင် အုဋ်ဖိနပ်ခုံလေးတောင်၊ ကျောက်တိုင်(၆)တောင်နှင့် (၅)တောင်တမိုက်အရပ်တော်ရှိသည့် ဖူ့ ကျိုက်တာမိုက်ရုပ်

ထုရှိပါသည်။ ဖူ့ ကျိုက်တာမိုက်အထိမ်းအမှတ်အဖြင့် ကျောက်တိုင်စိုက်ထူထားခြင်း ဖြစ်ပေသည်။ အင်းဝဘုရင်မှ ချီးမြှင့်

ဆက်ကပ်ခဲ့သည်ဆိုသော "ရာဇဂုရု"တံဆိပ်တော် ရွှေပြားမှာမူ ဖူ့ ကျိုက်တာမိုက်၏ အသုံးအဆောင် ပစ္စည်းများထဲတွင် မ

တွေ့ နိုင်တော့ပါ။ ၎င်းရွှေပြားလိပ်ကို အရည်ကျိုပြီး ဓမ္မဓရယ် ပုဂ္ဂိုလ်တဦးက ဖျက်ဆီးသွားသောကြောင့်ဖြစ်သည်။


နိုင်ငံသစ်သုတေသနစာဆောင်အမှတ်(၄) မှ ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။

Read More...

Photobucket