
တခါက ခလောက်နို့ရွာက လူပျိုတယောက်ဟာ တခြားရွာကအပျိုအိမ်ကို ကာလသာတို့ သဘာဝ သွားလယ်တယ်။ အပျို
ရှိတဲ့အိမ်ကလဲ ဆောက်လို့ပြီးကာစအိမ်ဖြစ်လို့ အကာအရံဆိုလို့ ဘာမှမရှိသေးဘူး ကပြင်တောင်မကာရသေးဘူး။
ဧည့်သည် ကိုလူပျိုရောက်လာတော့ အိမ်ရှင်အပျိုက လောကွတ်ကောင်းကောင်းနဲ့ သင်ဖြူးဖျာအသစ်တချပ်ကို ကပြင်မှာ
ချခင်းပေးတယ်။ ဒီလိုခင်းပေးတဲ့အခါ ဖျာတပိုင်းက ကပြင်စွန်းကို ၂တောင်လောက်လွန်ပြီးရောက်နေတယ်။ ဟန်ဟန်ပန်
ပန် ၀တ်စားလာတဲ့ကိုလူပျိုဟာ လှေကားကတက်လာပြီး အပြင်ကဖျာပေါ်မှာ ကျကျနနထိုင်ချလိုက်တာ ကပြင်စွန်းရဲ့ အ
ပြင်ထွက်နေတဲ့ ဖျာပေါ်ကိုထိုင်မိတာနဲ့ တခါထဲအောက်ကိုပြုတ်ကျသွားတယ်။
ဒီတင်ကိုလူပျိုဟာ ရှက်ရှက်နဲ့ ဖုတ်ဖက်ခါထလာပြီး " အိမ်ရှင်ကလဲ ကြွားချင်လိုက်တာ၊ အိမ်ထက် ပိုပြီးတောင် ဖျာကိုခင်း
လိုက်သေး " လို့ ရေရွတ်ပြီး ပြန်သွားတော့တယ်။
Wednesday, September 30, 2009
ကြွားချင်ပါပေ့
Friday, September 25, 2009
Thursday, September 24, 2009
ငါးပေါင်းစုံဟင်းနှင့် တာလပေါ့
ရှေးတုန်းကရွာတရွာမှာ အလွန်ချစ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ဟာ တယောက်ကိုတ
ယောက် အလွန်ချစ်ခင်ကြတာကြောင့် ပြောမနာ ဆိုမနာ အမြဲတမ်းကျီစယ်နောက်ပြောင်လေ့ ရှိကြတယ်။
သူတို့နှစ်ယောက်ဟာ တရွာထဲသားတွေဖြစ်ပေမဲ့ နောင်အခါ တယောက်က အလွန်ဝေးတဲ့ရွာတရွာမှာ အိမ်ထောင်ကျ
သွားတာကြောင့် သူငယ်ချင်းနှစ်ယောက်ဟာ တယောက်နဲ့တယောက် ခွဲပြီးနေကြရတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်
ဟာ တယောက်ကိုတယောက် ဘယ်တော့မှမမေ့ကြဘဲ အမြဲတမ်း သတိယနေကြတယ်။ မကြာမကြာဆိုသလိုလဲ တ
ယောက်အိမ်ကိုတယောက် အလည်အပတ်လာလေ့ ရှိကြတယ်။ တနေ့တော့တခြားရွာမှာ အိမ်ထောင်ကျနေသူဟာ သူ့
သူငယ်ချင်းကို သတိယလွမ်းဆွတ်တာကြောင့် ကောင်းနိုးရာရာ လက်ဆောင်တွေကိုယူပြီး သူငယ်ချင်းအိမ်ကို လာ
တယ်။
အဝေးရောက်သူငယ်ချင်းလဲ ကောင်းတဲ့လက်ဆောင်တွေယူပြီး မမျှော်လင့်ဘဲ ရောက်လာလို့ ရွာကသူငယ်ချင်းဟာဝမ်း
သာလုံးဆို့မတတ် ဖြစ်နေတယ်။ ရောက်လာတဲ့သူငယ်ချင်းကို ခရီးဦးကြိုပြုပြီး နေရာထိုင်ခင်း ကောင်းကောင်းပြင်ပေး
ပြီး အချိန်ကြာကြာ ခွဲနေခဲ့ကြရတာကြောင့် ရှေးဟောင်းနှောင်းဖြစ်တွေကို ၂ယောက်သားအတိုးချပြီးပြောကာ ပျော်မဆုံး
ဖြစ်နေကြတော့တယ်။ အိမ်ရှင်ရွာခံသူငယ်ချင်းဟာ တရွာကရောက်လာတဲ့ တရွာသားသူငယ်ချင်းကို မနောက်မပြောင်ရ
တာကြာပြီးဆိုပြီး အခုလိုအခွင့်သင့်တုန်း တနည်းနည်းနဲ့နောက်ပြောင်ဘို့ စိတ်ကူးမိတယ်။ ဒါကြောင့် စကားပြောနေယင်း
အမှတ်တမဲ့ အိမ်ခန်းထဲကိုဝင်သွားပြီး သူ့ဇနီးကို တရွာသား သူငယ်ချင်းအတွက် ထမင်းကျွေးတဲ့အခါ ထူးထူးထွေထွေ
ဘာဟင်းမှ ချက်မကျွေးဘဲ တို့စရာမပါတဲ့ ငါးပိရည် တခွက်လောက်သာ ထည့်ကျွေးဘို့ မှားထားလိုက်တယ်။
ဒီနောက် သူဟာ အိမ်ရှေ့ခန်းသူငယ်ချင်းရှိရာကို ပြန်လာပြီး " ကဲသူငယ်ချင်းရေ့ ရောက်တုန်းပေါက်တုန်း ငါ့မိန်းမက
သူငယ်ချင်းကို အထူးကျွေးဘို့ ငါးပေါင်းစုံဟင်းကို ချက်သတဲ့ဗျာ၊ ငါတော့ဝမ်းသာတယ်ဗျာ၊ အချင်းချင်း မတွေ့တာကြာ
တော့ အခုလိုပြန်တွေ့ကြတုန်း စားကောင်းသောက်ဖွယ် ငါးပေါင်းစုံဟင်းနဲ့ကျွေးရတော့ ဘယ်ဝမ်းမသာဘဲနေနိုင်ပါ့မလဲ "
လို့ ရယ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်။ ခဏကြာတော့ ဧည့်သည်သူငယ်ချင်းကို မီးဖိုထဲမှာ ထမင်းပွဲပြင်ပြီးလို့ ထမင်းလက်
ဆုံအတူတူစားဘို့ အိမ်ရှင်သူငယ်ချင်းက ခေါ်လိုက်တယ်။
တရွာကရောက်လာတဲ့ ဧည့်သည်သူငယ်ချင်းဟာ ခရီးပန်းလာတာကြောင့် အလွန်ဆာနေတယ်။ အိမ်ရှင်သူငယ်ချင်းက
ကောင်းတဲ့ ငါးပေါင်းစုံဟင်းနဲ့ ကျွေးမယ်ဆိုတာကြောင့်လဲ ၀မ်းသာပြီးမျှော်နေမိတယ်။ ဒါကြောင့် သူဟာခြေလှမ်းသွက်
သွက်နဲ့ အိမ်ရှင်သူငယ်ချင်းခေါ်တဲ့ မီးဖိုးခန်းကိုလိုက်လာတယ်။ ဒါပေမဲ့ ဧည့်သည်သူငယ်ချင်းဟာ ကြာကြာဝမ်းမသာနိုင်
ဘူး။ သူဟာ ထမင်းဝိုင်းကိုရောက်တဲ့အခါ ထမင်းတပန်းကန်နဲ့ ငါးပိရည်ကျဲကျဲတခွက်ကိုသာ ပြင်ဆင်ထားတာကို တွေ့ရ
တာကြောင့်ဖြစ်တယ်။ သူ့ထင်မြင်ချက်နဲ့ အခုလက်တွေ့ကြုံရတာဟာ လွဲချင်တိုင်းလွဲနေတာကို တွေ့ရတာကြောင့် အိမ်
ရှင်သူငယ်ချင်းက ငါးပေါင်းစုံဟင်းနဲ့ ကျွေးမယ်ဆိုတာကို နားမလည်နိုင်အောင်ဖြစ်တယ်။ ငါးပေါင်းစုံဟင်း မကျက်သေး
ကြောင့် မထည့်ရသေးတာလာလို့ သံသယဖြစ်ပြီး မီးဖိုဖက်ကိုလှမ်းကြည့်သေးတယ်။ ဒါပေမဲ့ ဟင်းအိုတည်ထားတာကိုမ
ဆိုထားနဲ့ ဟင်းအိုနဲ့တူတဲ့အိုဆိုလို့ ဘာအိုမှမတွေ့ဘူး။ ဒါကြောင့် မျက်နှာပျက်ပျက်နဲ့ ထမင်းကို ကုန်ပြီးစားနေတယ်။ သူ
ထမင်းစားနေတုန်း အိမ်ရှင်ဖြစ်တဲ့သူငယ်ချင်းက " စားပါသူငယ်ချင်းစားပါ၊ အားမနာတမ်းစားစမ်းပါ၊ ငါးပေါင်းစုံဟင်းက
ဘယ်နဲ့နေသလဲ၊ ငါးပေါင်းစုံဟင်းကိုသာ ခက်ရွှဲရွှဲဆမ်းပါ သူငယ်ချင်း " စတဲ့ လောကွက်စကားတွေ တွင်တွင်ပြောနေ
တယ်။ ဧည့်သည်သူငယ်ချင်းဟာ အဲဒီအချိန်ထိ သူ့သူငယ်ချင်းဘာကိုဆိုလိုတယ်ဆိုတာကို တွေးလို့မရဘူး။ သူကမကြေ
နပ်တဲ့အမူအရာနဲ့ အိမ်ရှင်သူငယ်ချင်းကို " မဟုတ်သေးပါဘူး သူငယ်ချင်းရယ်၊ သူငယ်ချင်းကတော့ ငါးပေါင်းစုံဟင်းလို့
သာပြောနေတယ်၊ ငါတော့ဟင်းတခွက်မှမတွေ့ဘူး။ ငါးပိရည်တခွက်ကလွဲပြီး ဘာမှမတွေ့ပါလား။ ဘယ်မှာလဲ မင်းငါး
ပေါင်းစုံဟင်းဆိုတာက " လို့ ဒဲ့ဒိုးဘဲ မေးလိုက်တယ်။
အဲဒီအခါသူငယ်ချင်းက ဟက်ဟက်ပတ်ပတ် ရယ်လိုက်ပြီး " သူငယ်ချင်းနှယ် အကင်းပါးမယ်မလိုလိုနဲ့ အ,ရန်ကော။ အဲ
ဒီငပိကို ငါးပေါင်းစုံဟင်းလို့ ငါပြောတာပါ။ စဉ်းစားကြည့်လေ၊ ငါပိဆိုတာဟာ ငါးမျိုးစုံကိုစုပြီးလုပ်ထားတာ မဟုတ်လား။
ပြီးတော့ ငါးမျိုးစုံတွေဟာ ဖမ်းယူလာစက အင်မတန်လတ်ဆတ်ကောင်းမွန်တဲ့ ငါးတွေပါဘဲ။ နောက်ဒီငါးတွေပုပ်ကုန်လို့
ငါးပိဖြစ်ရတာပါ။ တကယ်ဆိုတော့ ဒါဟာ ငါးပေါင်းစုံစုပြီး ချက်ထားတဲ့ ငါးဟင်းတွေဘဲ မဟုတ်လား " လို့ ပြောပြီး စားပွဲ
ပေါ်က ငါးပေါင်းစုံဟင်းကိုအားမနာတမ်း ခပ်စားဘို့ပြောလိုက်တယ်။ အဲဒီအခါကျမှ ဧည့်သည်သူငယ်ချင်းဟာ သူ့သူငယ်
ချင်းက ဘာကိုပြောနေတယ်ဆိုတာကိုရိပ်မိတော့တယ်။ ဒါကြောင့် ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ ထမင်းကိုသာ
ကုန်းပြီးစားနေတယ်။
ထမင်းစားပြီးတဲ့အခါ ဧည့်သည် သူငယ်ချင်းက " ထမင်းစားလို့မြိန်ပါပေတယ် သူငယ်ချင်း၊ သူငယ်ချင်းကို ကျေးဇူးတင်
လှပါတယ်၊ တနေ့တော့တို့ရွာ အလည်လာခဲ့ပါအုံးသူငယ်ချင်း၊ သူငယ်ချင်းကိုလဲ ဧည့်ဝတ်ပြုချင်ပါသေးတယ် " လို့ ပြော
ပြီးဖိတ်လိုက်တယ်။ ဒီနောက် ဧည့်သည် သူငယ်ချင်းဟာနှုတ်ဆက်ပြီး ရွာကိုပြန်လာခဲ့တယ်။ ရက်များမကြာခင် ငါးပေါင်း
စုံဟင်းနဲ့ ကျွေးလွတ်လိုက်တဲ့သူငယ်ချင်းဟာ အဝေးရောက်သူငယ်ချင်းဆီကို အလယ်အပတ်အနေနဲ့ ရောက်လာတယ်။
အဲဒီအခါ အိမ်ခံသူငယ်ချင်းဟာ ဧည့်ဝတ်ပြုဘို့သူ့အလှဲ့ ရောက်လာတာကြောင့် အလွန်ဝမ်းသာနေတယ်။ ဒါကြောင့် သူ့
မိန်းမကို ကရင်အမျိုးသားတွေ အလွန်ကြိုက်ပြီး ချက်ပြုတ်စားသောက်လေ့ရှိတဲ့ ' တာလပေါ့ ' ခေါ်တဲ့ ဟင်းချိုတမျိုးကို
ချက်ပြုတ်ဖို့ခိုင်းလိုက်တယ်။ အမှန်တော့ တာလပေါ့ ဟင်းချိုချက်ရာမှာ အသီး အရွက်အညွန့်မျိုးစုံထည့်ပြီး ချက်ရတယ်။
ဒါပေမဲ့သူက တာလပေါ့ဟင်းခတ်ဖို့ မျှစ်ကိုအသုံးမပြုဘဲ ၀ါးခြမ်းကိုနုတ်နုတ်စင်းပြီး ခပ်ခိုင်းတယ်။ သူ့ဇနီးဟာ ၀ါးခြမ်းတွေ
ကို လက်ညှိုးအရွယ်၊ လက်မအရွယ် ဖြတ်တောက်ပြီး တာလပေါ့ ဟင်းအဖြစ် ချက်ရာမှာတခြားဟင်းတွေ ပြည့်စုံပြီး အစီ
အမံ အဆီအငေါ်ထည့်တာကြောင့် အနံ့အရသာနှင့်ပြည့်ပေမဲ့ ၀ါးဟာမျှစ်လိုမပျော့ပြောင်းတာကြောင့် စားလို့မရဘူး။
ထမင်းစားချိန်ကျတဲ့အခါ အိမ်ခံသူငယ်ချင်းက သူဖိတ်လို့ရောက်လာတဲ့ သူငယ်ချင်းကို ထမင်းဝိုင်းထဲခေါ်လာပြီး " ကဲ
သူငယ်ချင်း ထမင်းစားကြစို့၊ သူငယ်ချင်းလို ငါးပေါင်းစုံဟင်းနဲ့ ချက်မကျွေးနိုင်တာကိုတော့ ၀မ်းနည်းပါတယ်။ ဒါပေမဲ့ သူ
ူငယ်ချင်းအတွက် အင်မတန်အရသာနဲ့ပြည့်စုံတဲ့ တာလပေါ့ဟင်းကိုတော့ အထူးစီမံပြီးချက်ထားပါတယ်၊ အားမနာတမ်း
စားစမ်းပါ သူငယ်ချင်း " လို့ လောက၀တ်ပြုပြီး မြိန်မြိန်ရှက်ရှက် စားသောက်ဖို့ပြောတယ်။
ဧည့်သည်သူငယ်ချင်းဟာ တာလပေါ့ဟင်းကို နှစ်သက်သူဖြစ်တယ်။ ဒါကြောင့်သူဟာ တာလပေါ့ဟင်းကို ခပ်ယူပြီး အား
ရပါးရစားလိုက်တဲ့အခါ မျှစ်တွေမဟုတ်ဘဲ မာတဲ့ဝါးခြမ်းပြားတွေကို ကိုက်မိရက်သာဖြစ်တော့တယ်။ ဒါနဲ့ " ဘယ့်နှယ် သူ
ငယ်ချင်း မျှစ်တာလပေါ့ဟင်းက မျှစ်မဟုတ်ဘဲ ၀ါးခြမ်းပြားတွေဖြစ်နေပါလား " လို့ ပြောလိုက်တယ်။ အဲဒီအခါ အိမ်ခံသူ
ငယ်ချင်းက တဟားဟားနဲ့ရယ်လိုက်ပြီး " ဟာ သူငယ်ချင်း ၀ါးခြမ်းပြားက မျှစ်ကဖြစ်လာတာဘဲ မဟုတ်လား၊ အခုမှသာ
ဝါးခြမ်းပြာဖြစ်နေတာပါ၊ အရင်ကတော့ မျှစ်ပါဘဲ။ စားပါ၊ ၀ါးခြမ်းပြားပေမဲ့ မျှစ်အဖြစ်နဲ့ အမှတ်ပြုပြီးစားပါ " လို့ ပြန်ပြော
လိုက်တယ်။ အဲဒီ ဧည့်သည်သူငယ်ချင်းဟာ သူကငါးပိကို ငါးပေါင်းစုံဟင်းလုပ်ပြီး ကျွေးခဲ့တာကို အခုပြန်ပြီးကလဲ့စားချေ
တဲ့ သူငယ်ချင်းရဲ့ရည်ရွယ်ချက်ကို ရိပ်မိလာပြီး ဘာမှမပြောတော့ဘဲ ထမင်းကို ဆက်ပြီးစားနေတော့တယ်။
ဧည့်သည်သူငယ်ချင်းက ထမင်းစားပြီးလို့ အိမ်ကိုပြန်ဘို့ အိမ်ခံသူငယ်ချင်းကို နှုတ်ဆက်တဲ့အခါ ဧည့်သည်သူငယ်ချင်းက
" သူငယ်ချင်းရေ၊ သူ့အလှည့်ကိုယ့်အလှည့်ဆိုသလို အပြန်အလှန်ကျွေးပြီးကြပါပြီး၊ နောက်ဒီလိုဟင်းမျိုးနဲ့ ဧည့်ဝတ်မပြု
ကြစတမ်း ကတိပေးကြပါစို့လား " လို့ ပြောလိုက်တော့ အိမ်ခံသူငယ်ချင်းက သဘောတူတဲ့အနေနဲ့ ရယ်မောပြီး " ငါကမ
စ, ပါဘူးကွာ၊ အေ... ကောင်းပါပြီး " လို့ ဆိုကာ ခေါင်းညိတ်လိုက်တယ်။ (ပိုးကရင်ပုံပြင်)
Sunday, September 20, 2009
မြန်မာပြည်က ကလေး ပေါ်တာ အထမ်းသမားများ
တဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့တို့ဟာ အသက်အရွယ်အားဖြင့် ဆယ်နှစ်ခန့်မျှသာရှိသေးတဲ့ ကလေး
သူငယ်များကို သူတို့ရဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ လက်နက်နှင့် ရိက္ခာ အထမ်းသမား ပေါ်တာများအဖြစ် အသုံးပြုနေ
ကြဆဲ ဖြစ်တယ်လို့သိရပါတယ်။
မြန်မာစစ်အစိုးရ စစ်တပ်နှင့် DKBA ပူးပေါင်းစစ်တပ်တွေဟာ KNU ဌာနချုပ်စခန်းရှိရာ ထိုင်းနယ်စပ်ဆီကို အရှိန်အဟုန်နဲ့
ချီတက်လာနေကြတာလည်း ဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း ကျေးရွာလေးတစ်ရွာက အသက်ဆယ်နှစ်အောက်အ
ရွယ် ကလေးသူငယ် သုံးဆယ့်ကိုးယောက်အပါအ၀င် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်များရဲ့အဆိုအရ သူတို့
ကိုရွာတွေကနေ ခေါ်ဆောင်သွားပြီးတော့ စစ်တပ်အတွက် စာနပ်ရိက္ခာနှင့် လက်နက်တွေကို သယ်ယူပို့ဆောင်ပေးပို့ အ
တင်းအဓမ္မစေခိုင်းခံခဲ့ကြရတယ်လို့ ပြောဆိုကြပါတယ်။ ယခုလို ကလေးသူငယ်များအပါအ၀င် ချွေးတပ်သားစုဆောင်းမှု
စတာတွေဟာ KNU နှင့် မြန်မာစစ်အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ DKBA နှစ်ဖွဲ့တို့အကြား အပြင်းအထန်
တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပိုးပြီးတော့ အဖြစ်များလာတယ်လို့ ဒုက္ခသည်တွေက ပြောကြ
ပါတယ်။လူအခွင့်အရေးနှင့် အကူအညီပေးရေးအဖွဲ့များရဲ့ အဆိုအရ ဇွန်လကတည်းကစပြီး ထောင်ပေါင်းများစွာသော
စစ်ဘေးဒုက္ခသည်တွေဟာ သူတို့ရဲ့အိမ်ယာတွေကို ပြစ်ထားခဲ့ကြရပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးလာခဲ့ကြတယ်လို့ သိ
ရပါတယ်။
နှစ်ပေါင်းများစွာ ဖြစ်ပွားလာခဲ့တဲ့ စစ်ဘေး စစ်ဒဏ်တွေရဲ့အောက်ကနေ လွတ်မြောက်ဖို့ရန် အတွက် ကျောင်းနေအရွယ်
ကလေးသူငယ်တွေဟာ သူတို့လေးတွေရဲ့ ကျောင်းသင်္ခန်းအတွင်းတွေမှာ အေးချမ်းစွာ ပညာမသင်ကြားနိုင်ကြတော့ပဲ
တောထဲ တောင်ထဲတွေမှာ ပြေးလွှားနေကြရပါတယ်။ တစ်ခါတစ်ရံ မိုးရွာတဲ့အခါနဲ့ ကြုံရတဲ့အခါမျိုးတွေမှာဆိုရင် သစ်ပင်
အောက်တွေမှာပဲ အိပ်ကြရတဲ့အတွက် မိုးရေတွေ စိုရွဲနေတဲ့ အ၀တ်အထည်တွေနဲ့ပဲ နေကြရတယ်လို့ ဆယ်ခြောက်နှစ်အ
ရွယ် အမျိုးသမီးလေး တစ်ဦးက ပြောပြပါတယ်။
စစ်အစိုးရစစ်သားတွေဟာ ပေါ်တာထမ်းခိုင်းတဲ့နေရာမှာ ခြေလက်အင်္ဂါ မသန်မစွမ်းတဲ့ ပုဂ္ဂိုလ်များကိုတိုင် ချမ်းသာခွင့်
ပေးတာ မဟုတ်ဘူးလို့ ဒုက္ခသည်တွေက ပြောပြကြပါတယ်။ သူက ဆက်ပြောတာကတော့ အခုလို ချွေးတပ်သားအဖြစ်
စုဆောင်းတာတွေဟာ DKBAကပဲလုပ်တာလား ဒါမှမဟုတ် စစ်အစိုးရကပဲ လုပ်တာလားဆိုတာ သူအနေနဲ့ အတိအကျ
မသိပါဘူးလို့လဲ ပြောဆိုသွားခဲ့ပါသေးတယ်။ ယခင်ကာလတွေတုန်းကတော့ တစ်လမှာ တစ်ကြိမ်လောက် ပေါ်တာ အ
ထမ်းသမားများအဖြစ် လိုက်ခဲ့ရပေမယ့် ယခုအခါမှာတော့ တစ်လကို သုံး လေးကြိမ်လောက် လိုက်ရတယ်လို့ သိရပါ
တယ်။ ပေါ်တာလိုက်တဲ့အခါမှာလည်း တိုက်ပွဲတွေပြင်းထန်စွာဖြစ်နေတဲ့ ရှေတန်းစစ်မျက်နှာအထိ စစ်သားတွေရဲ့ လက်
နက်နဲ့ ရိက္ခာတွေကို ပို့ဆောင်ပေးရတယ်လို့လဲ သိရပါတယ်။ ပေါ်တာအထမ်းသမားအဖြစ် တစ်ရွာကို သုံးယောက်နှုန်း
ကြပေးရပြီးတော့ အချို့လူဦးရေများတဲ့ ရွာကြီးတွေဆိုရင် အယောက်နှစ်ဆယ်ထိတိုင် ပေးကြရတယ်လို့လည်း သိရပါ
တယ်။ တကယ်လို့ လူမပေးနိုင်ရင် ထိုင်းဘတ်ငွေသုံးသောင်းပေးရပြီး ငွေမပေးနိုင်ရင်တော့ ထောင်ချတယ်လို့သိရပါ
တယ်။ အချို့ကရင်ဒုက္ခသည်တွေဆိုရင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိုင်းအစိုးရ ထံတွေကနေ ဘယ်လိုအကူအညီ
မျိုးမှ မရရှိတဲ့အပြင် တစ်ခါတစ်ရံမှာ DKBA စစ်သားတွေက နေပြီး သူတို့ရဲ့ ရှိစု မဲ့စု ပစ္စည်းလေးတွေကိုတိုင် ခိုးယူခံရ
တာမျိုးတွေနြဲ့ကုံရတယ်လို့လည်း သိရပါတယ်။ ပြည်တွင်းအခြေစိုက် လူအခွင့်အရေးအဖွဲ့အစည်းတစ်ခုရဲ့အဆိုအရ DK
BA တပ်ဖွဲ့အနေနဲ့ 2008 ခုနှစ် August လအတွင်းမှာ KNU ကို ထိုးစစ်ဆင်ဖို့အတွက် စစ်သားသစ်စုဆောင်းတာတွေ ကို
အပြင်းအထန်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းကာလက ဖြစ်ပွါးခဲ့တဲ့ စစ်ပွဲဟာ DKBA နှင့် KNU တို့အကြား အပြင်းထန်
ဆုံးတိုက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေတဲ့ DKBA အဖွဲ့အနေနဲ့ တပ်သားသစ်
တွေကို ဆက်လက်စုဆောင်းနေပြီးတော့ စစ်အစိုးရက လိုလားတဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိုလည်း
စီစဉ်နေပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းနှင့် UNHCR တို့ရဲ့အဆိုအရ ထိုင်းနိုင်အတွင်း ဒုက္ခသည်အဖြစ် အမည်စာ
ရင်းတင်ထားသူပေါင်းမှာ တစ်သိန်းအထက်မှာ ရှိနေပြီးတော့ အများစုကတော့ ကရင်တိုင်းရင်းသားများဖြစ်ကြတယ်လို့
သိရပါတယ်။
from http://wanna23.blogspot.com/
Saturday, September 19, 2009
ထိုးတိုင်းထိတာတောင် ကုန်သေး
အစိုးရသိန်းထီ တသိန်းဆု ၅ဆုအထိ စပြီးဖွင့်လှစ်နိုင်တဲ့အချိန်က ခလောက်နို့ရွာသား တော်တော်နှံ့စပ်တဲ့ လူတယောက်
ဟာ ဘားအံမြို့ကိုဈေးဝယ်လာတယ်။
သူ့အနားမှာ ဈေးဝယ်နေတဲ့ဒီလူကို ထီဆိုင်ကထီရောင်းနေတဲ့လူက တွေ့တော့ " မိတ်ဆွေ၊ တစောင်ထိုးသွားပါ၊ ဒီတ
ပတ် သိန်းဆု၅ဆု ဖွင့်ဘို့သေချာပါတယ် " လို့ဆွယ်တယ်။ ဒီတော့ခလောက်နို့သားက " မထိုးပါဘူးဗျာ၊ လေးကောင်ဂျင်
တောင်မှ ထိုးတိုင်းထိပြီး နောက်ဆုံးတော့ကုန်တာဘဲ၊ ခင်ဗျာထီက ပေါက်မယ်ရယ်လို့မှမသေချာဘဲ မထိုးချင်ပါဘူး " လို့
ပြန်ပြောတယ်။ " လေးကောင်ဂျင်က ထိုးတိုင်းလဲထိပြီး ဘာဖြစ်လို့ရှုံးရတာလဲဗျ၊ ခင်ဗျားဥစ္စာ မဟုတ်သေးပါဘူးထင်
တယ် " လို့ ထီရောင်းတဲ့လူက ပြန်ပြီးလျှာရှည်လိုက်တယ်၊
ဒီလိုပြောတော့ ခလောက်နို့သားက " ကျောက်ကလပ်ဘုရားပွဲတုန်းက ကျုပ် ငွေ၁၀ိ အိတ်ထဲထည့်ပြီး ထိုးပါတယ်ဗျာ။
ကြက်၊ ၀က်၊ ငါးရှဥ့်၊ ဖား၊ လေးကောင်စလုံး ၁ိစီထိုးလိုက်တယ်။ တကောင်အောတိုက်တယ်၊ ၃ဆရော်တယ်။ အကောက်
က ၁ိမှာ တပဲနှုတ်ယူထားတယ်။ ပွဲက မင်းသမီးမထွက်သေးဘူး ပါလာတဲ့ ငွေ ၁၀ိ အားလုံးကုန်တာဘဲ။ အဲဒါက ၁ိမှာ တ
ပဲကောက်ပြီး ထိုးတိုင်းထိလို့ ၊ ခင်ဗျားထီက ၁ိ မှာ ပြား ၄၀ ကောက်ပြီး ထိချင်မှထိမှာ ကြိမ်သေအလုပ်တောင် ရှုံးသေး
တာ ခင်ဗျာထီကို မထိုးချင်ပါဘူး " လို့ ပြန်ပြောတယ်။
ဒီတင် ထီရောင်းသမားက ဘာမှပြန်မပြောနိုင်ဘဲ ကြည့်နေလိုက်တယ်။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Monday, September 14, 2009
ဖိုးအေကိုတောင် ချမ်းသာမပေး
ချင်း မဆိုထားနဲ့ မြေးက အဖိုးကို ရှုပ်နောက်လှောင်တာမျိုးလဲ ရှိတာဘဲ။
တခါကခလောက်နို့ရွာသား မိသားတစုနေကြတဲ့ အိမ်တအိမ်မှာ မိခင်ဖြစ်သူက ကလေးတွေကို ကောက်ညှင်းပေါင်းပြီး
ကျွေးဘို့စီစဉ်တယ်။ ဒီတခါ ခလေးတွေကလဲများပြီး တယောက်အကြိုက်တမျိုးစီဖြစ်ကာ သူကကောက်ညှင်းအဖြူမှစား
မယ်၊ ငါကကောက်ညှင်းငချိတ်မှ စားမယ်နဲ့ ဆူဆူညံညံလုပ်ကြတယ်။ ဒီတခါ စိတ်ရှည်တဲ့အမေက ခလေးတွေအားလုံး
ကြေနပ်အောင် ကောက်ညှင်းဖြူကတပေါင်း၊ ကောက်ညှင်းငချိတ်ကတပေါင်း၊ ၂ပေါင်းပေါင်းတယ်။ ကောက်ညှင်းတွေ
ပေါင်းလို့ကျက်တော့ အမေဖြစ်သူက " နင်တို့ခဏနေကြအုံး၊ အဖိုးကိုအရင်ကျွေး၊ အဖိုးစားပြီးမှ ခလေးတွေက စားရ
တယ်၊ ဒီတော့မှ လိမ်မာတဲ့ခလေးဖြစ်တယ် " လို့ ခလေးတွေကို ပြောလိုက်တယ်။
ဒီလိုပြောတော့ ခလေးတွေကနားထောင်ကြတယ်။ ငြိမ်ပြီးနေကြတယ်။ အဖိုးဖြစ်သူကလဲ ပြင်ဆင်ထားတဲ့ကောက်ညှင်း
ပန်းကန်နားလာပြီး " ငါမြေးတွေက လိမ်မာပါတယ်၊ အဖိုးအရင်စားလိုက်မယ် " လို့ ပြောကာ ထိုင်ပြီးကောက်ညှင်းဖြူ
ပန်းကန်ကိုနှိုက်စားတယ်။ စားလို့အတော်ကြေနပ်တော့ " အိမ်း၊ ကောင်းကွ၊ ဒီကောက်ညှင်းငချိတ်ကကော ဘယ်လို
နေမလဲ " လို့ ပြောပြီး တခါ ကောက်ညှင်းငချိတ်ပန်းကန်ကို နှိုက်စားပြန်တယ်။ အဖိုးဟာ ကောက်ညှင်း အဖြူရော၊
ငချိတ်ရော စားပြီးတော့ထသွားတယ်။ ဒီတော့မှခလေးတွေလဲ ၀င်စားကြတယ်။
မနက်လင်းတော့ အဖိုးအိုဟာ အလုပ်ရှိတဲ့အတိုင်း လယ်ထဲကိုဆင်းသွားတယ်။ နေတော်တော်မြင့်တော့ လယ်ကစင်း
တနေရာမှာ ခါတိုင်း အခင်းသွားနေကြအတိုင်း ကစင်းပေါ်မှာထိုင်ပြီး အခင်းသွားလိုက်တယ်။ ပြီးတော့ပေါက်တူးကိုင်
ပြီးအလုပ်ကိုဆက်လုပ်တယ်။ မွန်းတိမ်းသွားတဲ့အခါ မြေးတယောက်က အဖိုးအိုပေါက်တူးပေါက်နေတဲ့ လက်ထဲကို
လိုက်လာတယ်။ သူ့လက်ထဲမှာ သူ့အဖိုးမေ့ကျန်ရစ်ခဲ့တဲ့ ၀ါးဆေးတံနဲ့ ၀ါးဆေးဗူးကလေးပါလာတယ်။ မြေငယ်ဟာ
လယ်ထဲကို ကစင်းရိုးအတိုင်း ရှောက်လာပြီး သူ့အဖိုးအခင်းသွားထားတဲ့ နေရာရောက်တော့ ရပ်လိုက်တယ်။ ပြီးတော့
သေသေချာချာထိုင်ပြီး ဦးအကြိမ်ကြိမ်ချကာ " သွားပါတော့ ငန်းတော်ကြား မြွေမင်းရယ်၊ ကျွန်တော်မျိုးကို မနှောက်
ရှက်ပါနဲ့ " လို့ ဆိုနေတယ်။
ဒီလို သူ့မြေးကလေးဦးအကြိမ်ကြိမ်ချပြီး ရှိခိုးနေတာကိုခပ်လှမ်းလှမ်းမှာ အလုပ်လုပ်နေတဲ့အဖိုးကမြင်တော့ ' ဘာပါ
လိမ့် ' လို့ လာကြည့်တယ်။ အဖိုးအိုစွန့်ထားတဲ့ မစင်ရှေရှေတုံးကြီးဟာ ကောက်ညှင်းအဖြူနဲ့ ကောက်ညှင်းငချိတ်ရဲ့
သတ္တိကြောင့် အဖြူကွက်အမဲကွက်တွေနဲ့ ငန်းတော်မြွေကလေး ခွေနေသလို ဖြစ်နေတာကိုတွေ့တော့မှ သဘောကျ
ကာပြုံးပြီး သူ့မြေးကိုဆွဲထူလိုက်တယ်။ ပြီးတော့ မြေးလက်ထဲက ဆေးတံနဲ့ ဆေးဗူးကိုယူပြီး အလုပ်လုပ်ရာကို ပြန်သွား
တယ်။
သူ့မြေးကိုတော့ ဘာတခွန်းမှမပြောလိုက်ဘူး။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Friday, September 11, 2009
ခလောက်နို့ ကောက်ညှင်း

မန္တလေးကမှန်စီရွှေချဆရာ ဦးချစ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ တပည့်လက်သားတွေနဲ့ ဘားအံမြို့ သွန်းဘုရားကြီးမှာ မှန်စီရွှေချ
အလုပ်လုပ်ဖို့ရောက်လာတယ်။
မန္တလေးက မှန်စီရွှေချ ဆရာတွေဟာ အများအားဖြင့်ဆောင်းဝင်လာယင် မော်လမြိုင်နဲ့ သထုံနယ်ကိုရောက်လာလျှက်
ရှိပြီး ကျောင်းကန် ဘုရားတွေ၊ သိမ်တွေ၊ တန်ဆောင်းတွေကို မှန်စီရွှေချအလုပ်လက်ခံလုပ်လေ့ ရှိကြတယ်။ အဲဒီနယ်
ဖက်တွေမှာ မှန်စီရွှေချပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်တဲ့ပညာသယ်တွေမရှိဘူး။ ဟိုတုန်းက ဘားအံဟာ အခုလို
ကရင်ပြည်နယ်(ကော်သူးလေ) မြို့တော်မဟုတ်သေးဘဲ သထုံခရိုင်အတွင်းက မြို့ကလေး တမြို့သာဖြစ်တယ်။
ဆရာချစ် ဘားအံရောက်ပြီး သွန်းဘုရားကြီးဝင်းထဲမှာဘဲ စတဲချနေတုန်း ခလောက်နို့ကလူတွေ စကားတတ်လှတယ်၊
ဖြတ်ထိုးဥာဏ် ကောင်းလှတယ်လို့ သတင်းတွေကြားတော့ စုံစမ်း ကြည့်ချင်လာတာနဲ့ တနေ့မှာ တပည့်တယောက်နဲ့
ခလောက်နို့ နိုင်းကြားရွာ ဘုန်းတော်ကြီးကျောင်းကို လာခဲ့တယ်။
ဘုန်းတော်ကြီးကျောင်းရောက်တော့ ဥပုတ်နေ့ဖြစ်လို့ ရွာကကျောင်းတကာကြီးတွေလဲ ကျောင်းမှာ တော်တော်စုံစုံလင်
လင်ရှိနေကြတယ်။ ဆရာချစ်ဟာ ကျောင်းတကာကြီးတွေနဲ့ အလုပ်အကိုင်အကြောင်းအပြင် တခြားစပ်မိစပ်ရာပြောကြ
ယင်း သူက ခလောက်နို့သားတွေအကြောင်း စုံစမ်းချင်တာနဲ့ ...
"ကျုပ်တို့ဆီမှာ လူရွယ်တွေ ဟိုအကြောင်းဒီအကြောင်း ပြောကြတော့ စကားနိုင်လုကြတယ်ဆိုပါတော့ဗျာ၊ ကောက်ညှင်း
စီးလှပါတယ် ဆိုတဲ့အကြောင်းကို ပြောကြတယ်။ တယောက်ပြီးတယောက် သူတို့ သူတို့ကောက်ညှင်းစီးပုံ အကြောင်းကို
ပြောတဲ့အခါ လူရွယ်တယောက်က တခြားလူတွေပြောတဲ့ကောက်ညှင်းထက် သူ့ကောက်ညှင်းကစီးတယ်၊ ဘယ်လောက်
စီးသလဲဆိုယင်သူက စားလက်စကောက်ညှင်းကိုလုံးပြီး ပစ်လိုက်တာ အိမ်ဘေးကလှည်းရံတိုင်ကိုထိတာနဲ့ ရံတိုင်မှာကပ်
နေတယ်၊ ဒါကိုကျီးကန်းတကောင်ကမြင်တော့ ကောက်ညှင်းကိုထိုးပြီးပျံပြေးတာ လှည်းကြီးပါပါသွားတယ်လို့ ဆိုတယ်။
အဲဒီလိုပြောတော့ တခြားကောက်ညှင်းတွေက သူ့ကိုအရှုံးပေးလိုက်ရတယ်" လို့ စကားစပေးတယ်။
ဒီလိုဆရာချစ်ကပြောပြတော့နားထောင်နေတဲ့ ခလောက်နို့ လှိုင်ဝါးရွာသားဖူးပန်းမွေးက "ကျုပ်တို့ဆီမှာလဲ ကောက်ညှင်း
စီးစီးကို တမင်မျိုးထားပြီးစားကြတဲ့ လူတွေရှိပါတယ်။ တလောက ရွာကအဖိုးကြီးတယောက်ဟာ ကောက်ညှင်းစီးစီးစား
ချင်တာနဲ့ ရှမ်းပြည်ကကောက်ညှင်းမျိုး မှာယူပြီး သူ့သမက်ကို အစိုက်ခိုင်းတယ်။ မျိုးကရှားရှားပါးပါးရလာတော့ လယ်
တကွက်လောက်ပဲ ကြဲခင်းလိုက်ရတယ်။
"ကောက်ညှင်းစပါးပင်တွေ ရင့်လာတဲ့အခါမှာ အနှံကလဲ အောင်အောင်မြင်မြင်၊ သန်ကလဲအင်မတန်သန်တော့ တပင်တ
ပင်ဟာ လူတရပ်လောက်မြင့်တယ်။ အချိန်ကြတော့ ရိတ်ကြပါလေရော။ ဒီနယ်မှာရိတ်တယ်ဆိုတာက ရိုးပြတ်ကို အရှေ
ကြီးချန်ထားပြီး အနှံနားကကပ်ရိတ်ကြတာကလား။ ရိတ်လို့ပြီးတော့ ကောက်ညှင်းကလဲ လယ်တခွက်စားလောက်က
လေးဖြစ်တော့ နွားနဲ့တောင်မနယ်ရဘူး၊ နေလှန်း၊ အစေ့ချွေပြီး ထောင်ထုကာ ဖွတ်လိုက်ကြတာဘဲ။
ကောက်ညှင်းကိုဖွပ်ထောင်းပြီးလို့ ပုတ်ကလေးထဲ ထဲ့ထားတဲ့အချိန်မှာ အဲဒီအဖိုးကြီးရဲ့ မိတ်ဆွေတယောက်ဟာ ဆင်နဲ့
ရောက်လာတယ်။ ရောက်လာပြီး ဆင်ရဲ့နောက်ခြေတဖက်ကို ထူးခတ်ကာ ကောက်ညှင်းစိုက်တဲ့ လယ်စွန်မှာ ကောက်
ညှင်းရိုးပြတ်ပင်နဲ့ ဆင်ထူးက သံကြိုးနဲ့ချည်ပြီး ဆင်ကိုလန်ထားလိုက်တယ်။
" နေ့လယ် နေပူလာတော့ ဆင်ကြီးက သူ့ကိုထူးခတ်ပြီး လန်ထားတဲ့လယ်ကွက်ထဲမှာ မနေချင်ဘူး၊ ရုန်းတယ်။ ဒီလိုရုန်း
ပေမဲ့ ကောက်ညှင်းရိုးပြတ်ပင်က ပြုတ်မထွက်ဘူး။ အပင်ကတောင် ဒါလောက်စီးပြီးမြဲခံနေတယ်။ ဆင်ကြီးကတဖြေဖြေ
စိတ်တိုလာပြီး အားရှိသလောက်ရုန်းတယ်။ ကောက်ညှင်းစပါးပင်ရိုးပြတ်ကတော့ ဖြုံတောင်မဖြုံဘူး။ နောက်တော့ နေပူ
တာကို ဆင်ကြီးကမခံနိုင် အားကြီးလွန်းလို့အော်ပြီးအားကုန်ရုန်းတဲ့အခါ ကောက်ညှင်းရိုးပြတ်ပင်ကတော့ ဘာမှမဖြစ်ဘူး
နဲ့တောင်မနဲ့ဘူး။ လယ်ကွက်ကြီးသာ ဆင်ရဲ့အားကိုမခံနိုင်လို့ ရွဲ့သွားတယ်။ အဲဒီလောက်စီးတဲ့မျိုး " လို့ ပြန်ပြောလိုက်
တယ်။
ဒီတော့ ဆရာချစ်က "အပင်တောင်ဒီလောက်စီးနေယင် ခင်ဗျာ့ကောက်ညှင်းကို စားတော့ကောဗျာ" လို့ ဆက်မေးတယ်။
ဒီတခါဖူးပန်းမွေးက " အဲ....အဖိုးကြီးကလဲ ဧည့်သယ်ပြန်သွားတော့ စမ်းကြည့်ရအောင်ဆိုပြီး သူ့ကောက်ညှင်းကို သူ့ဖာ
သာချက်ပြီးစားကြည့်တယ်။ အရသာကလဲကောင်း၊ အဆီအပြားကလဲရှိနဲ့ ကောင်းလှတယ်လို့ဆိုတယ်။ မနက်ကျလို့အဖိုး
ကြီးက ထပြီး တပိုးတပါးသွာတဲ့အခါတော့ ကောက်ညှင်းဟာ ၀မ်းထဲမှာစီးခံနေတာနဲ့ ပါချလိုက်တဲ့မစင်ဟာ မပြတ်လို့ ၂
ရက်တိတိအိမ်သာထဲမှာ ထိုင်နေရသတဲ့ " လို့ သူ့စကားကို အဆုံးသတ်လိုက်တယ်။
ဒီတော့မှ မန္တလေးကမှန်စီရွှေချဆရာ ဦးချစ်က " ခင်ဗျာတို့ ခလောက်နို့ကောက်ညှင်းက ကျုပ်တို့ကောက်ညှင်းထက် စီး
ပါပေတယ် " လို့ ၀န်ခံပြီး ဘားအံကို ပြန်လာခဲ့တယ်လို့ သိရတယ်။
လူထုဦးလှ၏ ခလောက်နို့ပုံပြင်များမှ ပြန်လည်တင်ပြခြင်းဖြစ်သည်။
Saturday, September 5, 2009
Thursday, September 3, 2009
Tuesday, September 1, 2009




