Photobucket

Sunday, July 26, 2009

ဝါခေါင်လချည်ဖြူဖွဲံ့ မင်္ဂလာပွဲ သမိုင်းအကျဉ်း

ကရင်အမျိုးသားများ၏ မင်္ဂလာရှိသော ရိုးရာဓလေ့များအနက် ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့  မင်္ဂလာပွဲတော် အလွန်

မွန်မြတ်သော ရိုးရာပွဲတော်တစ်ခု ဖြစ်ပါသည်။ ဤမင်္ဂလာပွဲတော်သည် ဘာသာရေးပွဲတော်တစ်ခုမဟုတ်ပါ။ ရှေးဘိုး

ဘေးဘီဘင် ကရင်လူကြီးများ၏ အဆိုအမိန့် အရ ၀ါခေါင်လသည် မကောင်းဆိုးဝါးများ၏ မြူးတူးပျော်ပါးသည့် လရာ

သီဖြစ်သည်။ ထိုမကောင်းဆိုးဝါး ၀ိဉာဉ်(လိပ်ပြာ)များသည် လူသားတို့ ၏ ၀ိဉာဉ် (လိပ်ပြာ)များထံ ခိုဝင် ပူးကပ်မှုပြု

တတ်သည့်အပေါ် လူသားများ၏ ၀ိဉာဉ် (လိပ်ပြာ)နှင့် ပူးကပ်ကျွမ်းဝင်မည်ကို အလွန်စိုးရွံသဖြင့် မိဘဘိုးဘွားများမှာ

သားသမီးမြေးမြစ်များ၏ ၀ိဉာဉ် (လိပ်ပြာ)ကို ခေါ်ပြီး သန့် ရှင်းဖြူစင်သည့် ချည်ဖြူဖြင့် တုတ်ချည် ချုပ်နှောင်လိုက်ခြင်း

ဖြစ်သည်။

ကရင်လူမျိုးများသည် မြန်မာပြည်ဟု ယခုခေါ်ဆိုသောဒေသသို့  မရောက်ရှိလာမှီအချိန်ကာလကတည်းကပင် မွန်ဂိုး

လီးယားနိုင်ငံရှိ ကုန်းပြင်မြင့်မှနေ၍ ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို နှစ်စဉ် ဆင်နွှဲလာခဲ့ကြပါသည်။ ဟိုးရှေး

ခေတ် ဘိုးဘေးဘီဘင်များသည် ယခုခေတ် ကျွန်ုပ်တို့ ခေတ်ကာလ လူများနှင့် အလွန်ကွဲပြားခြားနားစွာဖြင့် အသက်

ရှည်ကြာကြပါသည်။ ခေတ်မှီဆေးဝါးများကို ရယူသုံးစွဲပြီး အသက်ရှည်ကြာကြခြင်းမဟုတ်ချေ။ ထိုသို့  အသက်ရှည်

ကြာကြသည့်အတွက် (ဖေါဟ်လ်ုဆီ့ – လီလ်ုယာ) (သားသမီးတကျိတ် မြေးတရာ) ဟူ၍ ဘိုးဘွားများ ပြောစမှတ်ရှိ

သည်ကို တွေ့  ရှိမှတ်သားမိပါသည်။ အဆိုပါအဆက်ဆက် အများအပြားသော သားသမီးများသည် နိယာမအရ အချိန်

တန်အရွယ်ရောက် အိမ်ထောင်သားမွေးပြုကြပြီး ရောကြည်ရာ၊ မျက်နုရာ မိမိတို့  ကျွမ်းကျင်ခုံမင်သည့် လုပ်ငန်းအစုစု

ဖြင့် အရပ်ဒေသအသီးသီးသို့ ထွက်ခွါလှုပ်ရှား အသက်မွေးဝမ်းပြုကြသည့်အခါ မိဘဘိုးဘွားများနှင့် အလှမ်းဝေးကွာကြ

ပြီး မွန်ဂိုးလီးယားသားအနွယ်ဝင် များနှင့် ထိုင်း၊ တရုတ်အနွယ်ဝင်လူမျိုးများတို့ နှင့်အတူ ရောနှောနေထိုင်လာကြသည့်

အတွက် မိဘဘိုးဘွားများက မိမိ၏ သားသမီးမြေးမြစ်များ ကွဲပြား ပျောက်ကွယ်သွားမည်ကို စိုးရိမ်ပူပန်ကြ၍ ၀ါခေါင်လ

ပြည့်ရောက်သည့်အခါ တနယ်တကျေးသို့ နေထိုင်ကြသည့် သားသမီးမြေးမြစ်များ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး

အစရှိသည်အားဖြင့် မည်ကဲ့သို့  ဖြစ်ရှိနေသည်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ မြင်သိရှိနိုင်ရန်နှင့် စီမံဆောင်ရွက်ပေးနိုင်

ရန်အတွက် စုစည်းကာ တချိန်တနေရာတည်း၌ပင် လိုအပ်သလို စီမံဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ သားသမီးမြေးမြစ်

များအတွင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးပြီး စိတ်ဝမ်းကွဲပြားမှုမရှိစေရန် တစုတစည်းတည်း ဆုံးမဩ၀ါဒပေးနိုင်ရန်

လည်းဖြစ်ပါသည်။

ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွါလာကြသည့်အခါ အုပ်စုခွဲ၍ “မောဝ်ထါ်”

(အမိဘက်) “ဖါထါ်” (အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထိုသို့ အုပ်မကွဲမှီကတည်းက တဦးနှင့်တဦး ပြန်လည်

မှတ်မိစေရန်နှင့် အချင်းချင်း အသိအမှတ်ပြုစောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး မိဘဘိုးဘွားများဖြစ်သည့် ကရင့်ခေါင်း

ဆောင်များက မိမိ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်သညာအဖြစ် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။ ကရင်လူမျိုးများ

သည်ကိုဘီသန္တာရအား ဖြတ်သန်းရာတွင် မိုးအများဆုံးရွာသောလဖြစ်သည့် ၀ါခေါင်လတွင် ဖြတ်သန်းလာခဲ့ကြသည်။ အ

ဘယ်ကြောင့်ဆိုသော် သဲကန္တရအား ဖြတ်သန်းရာတွင် မိုးများရွာသည့်အတွက် အပူဒဏ်ခံနိုင်ခြင်း၊ သောက်သုံးရေများ

အလွယ်တကူ ရရှိခြင်းတို့ ကြောင့် ဖြစ်သည်။ ထိုသို့  သဲကန္တရာမဖြတ်သန်းမှီ တဦးနှင့်တဦး ပြန်လည်မှတ်မိကြစေရန်

ရည်ရွယ်၍လက်ကောက်ဝတ်တွင် အမှတ်အသားအဖြစ် ချည်ဖြူဖွဲ့ နှောင်ပေးခြင်းဖြစ်သည်ဟု ယူဆကြသည်။ ထို့ အပြင်

ဝါခေါင်လတွင် ကရင်လူမျိုးတို့ သည် လယ်ယာလုပ်ငန်းခွင်အတွင်းသို့ ဝင် ရောက်လုပ်ကိုင်ကြသည့် အချိန်အခါဖြစ်သည့်

အလျှောက်အလွန်ပင်ပန်းသဖြင့် မကောင်းဆိုး ၀ါးများ ပူးကပ်သည့်အခါ လူ၏ခန္ဓာကိုယ်၌ရှိသော ၀ိဉာဉ် (လိပ်ပြာ)များ

လွှင့်ပါးမသွားစေဘဲ အစားအသောက်များများ ပိုမိုစားသုံးနိုင်ရန်ရည်ရွယ်၍ ချည်ဖြူဖွဲ့ ခြင်း ပြုလုပ်ကြသည်ဟု ယုံကြည်

ကြသည်။ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် စင်စစ်အားဖြင့် အလွန်ကောင်းမြတ်သည့် အနှစ်သာရနှင့် ရည်ရွယ်

ချက်များ ပါရှိပါသည်။ ကရင်လူမျိုးသည် စိတ်ထားဖြူစင်သန့် ရှင်းပြီး၊ ကံတရားအပေါ် သက်ဝင်ယုံကြည်အားကိုးသော

လူမျိုးတမျိုးဖြစ်သည်နှင့်အညီ အစဉ်သဖြင့် ကံကောင်းအကြောင်းလှစေရန်နှင့် မကောင်းသည့်အကြောင်းတရားများ

ကြုံတွေ ခံစားရခြင်းမျိုး မရှိစေရန်အတွက် မိဘဘိုးဘွားများမှ မေတ္တာပို့ သ ဆုတောင်းပထနာ ပြုပေးခြင်းလည်းဖြစ်ပါ

သည်။ အချုပ်အားဖြင့် ဆိုရပါလျှင် ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်လှုပ်ရှားခြင်း၊ ကောင်း

မြတ်သည့် ကိုယ်ကျင့်တရားနှင့်ပြည့်စုံရန် အားထုတ်ကြိုးပမ်းစေခြင်း၊ မိမိ၏အမျိုးသားရေးစိတ်ဓါတ်များ ယဉ်ကျေးမှုအ

မွေအနှစ်များ တိုးတက်ပွားများ ရှင်သန်နိုးကြားစေခြင်းများကို ပြည်လည်လှစ်ဟနိုးဆွပေးသည့် ကရင့်ရိုးရာ ၀ါခေါင်လ

ချည်ဖြူဖွဲ့  မင်္ဂလာပွဲတော်ကိုအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလုပ်ဆောင်ခြင်းဖြစ်ပါသည်။

ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် တောင်ပေါ်၊ မြေပြန့်  ကရင်တစ်မျိုးသားလုံး၏ မင်္ဂလာရှိသောနေ့ 

ကြီးတနေ့  ဖြစ်ပါသည်။ ဤကဲ့သို့  ကရင်မိဘဘိုးဘွာားများ၏ တစ်ခုတည်းသော ရိုးရာအမွေအနှစ်ကြီးဖြစ်ပြီး ကရင်အ

မျိုးသားအားလုံး၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပေးခဲ့သော နေ့ ကြီးတနေ့  လည်းဖြစ်ပါသည်။ကရင့်ရိုးရာဝါ

ခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် ၀ါခေါင်လဆန်း ၁ ရက်မှ ၁၅ ရက် လပြည့်နေ့ အထိ နှစ်စဉ် ကျင်းပလုပ်ဆောင်

ခဲ့ကြပြီးလမည့် ကရင့်သက္ကရာဇ် ၂၇၄၈ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၅ ရက် လပြည့်နေ့ တွင် ပြည်တွင်း၊ ပြည်ပမှ ကရင်အ

မျိုးသားများဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပလုပ်ဆောင်မည်ဖြစ်ပါသည်။

ဖားစည်သံမှတဆင့် http://kda2005.blogspot.com/မှကူးယူတင်ပြပါသည်။

Read More...

Saturday, July 25, 2009

အဲလါဏ်ုဆိုဒ်



Read More...

Thursday, July 23, 2009

တီမသေအတွက် နိုင်ငံတော်


Read More...

Tuesday, July 21, 2009

Need Answer

ဘယ်သူ့အလှည့်လဲ

ဦးသုဇန (မြိုင်ကြီးငူဆရာတော်)

ဘယ်သူ့အတွက်လဲ

Read More...

ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်း

Read More...

Friday, July 17, 2009

9-year old rocks 'Talent'



Tallan Nobel Latz

A 9-year-old who plays blues guitar? Sounds like perfect fodder for a talent show. With an interest in
"rocky blues,"this little soul man wows the audience with his technical prowess. As host Nick Cannon
exclaims, "Tallan got talent!" The boy has class, too -- he says he'd like to win the prize money so his
mom can quit her job and they can spend more time together.

Read More...

Saturday, July 4, 2009

သက်တမ်းရှည် ကရင်တာလပေါ့ဟင်း


ကရင်လူမျိုးများ၏ ရိုးရာဟင်းတစ်မျိုးမှာ "တာလပေါ့ဟင်း" ဖြစ်ပါသည်။ ကရင်သက္ကရာဇ်သည် ၂၇၄၈-ခုနှစ်ဖြစ်၏။

ကရင်လူမျိုးတို့သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ရှိခဲ့သောလူမျိုးများ ဖြစ်ပါသည်။ ကရင်တာလပေါ့

ဟင်းသည် လူမျိုးနှင့်အတူ ပေါ်ပေါက်လာသော ဟင်းဖြစ်၍ "သက်တမ်းရှည်ဟင်း"ဟုဆိုနိုင်ပါသည်။ စားသုံးသူအ

ပေါ်မှာ မူတည်ပြီး တာလပေါ့ဟင်းကို ချက်နိုင်သော အမျိုးအစားများစွာ ရှိသည်။

" အရည်ကျဲတာလပေါ့၊ အရည်ပြစ်တာလပေါ့" နှင့် "နံရံကပ်နိုင်သော တာလပေါ့" ဟင်းဟူ၍ များစွာရှိသည်။ စာရေး

သူကိုယ်တိုင် မချက်တတ်သော်လည်း ကရင်ပြည်နယ်- ကရင်ရွာတိုင်း အိမ်သူမများ ချက်တတ်ကြသည်။ တာလပေါ့

ဟင်း မချက်တတ်ပါက အိမ်ရှင်မ ကောင်းတစ်ယောက်အဖြစ် ကရင်ဖထီးတို့က အသိအမှတ် မပြုနိုင်ချေ။ အိမ်ရှင်မ

ကောင်းတစ်ယောက်ဖြစ်လိုပါက တာလပေါ့ဟင်းချက်တတ်မှ ဖြစ်ပါလိမ့်မည်။

ကရင်အမျိုးသား၊ အမျိုးသမီး(ဖထီး/အမိုး)များတါင် တာလပေါ့ဟင်းကို ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်သော ပုဂ္ဂိုလ်

များစွာရှိ၏။ စွယ်စုံအရသာနှင့် ချက်ပြီး ပူပူနွေးနွေးထမင်းနှင့် စားမိပါက ထမင်းတစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်

သွားမှန်း မသိတော့ပေ။ ကရင်ရွာကို အဝေးကဧည့်သည်များ အလည်ရောက်လာခိုက် ပူပူနွေးနွေး တာလပေါ့ဟင်းနှင့်

ထမင်းစားမိပါက ထိုအိမ်၊ ထိုမိသားစု၊ ထိုရွာကို လွမ်းတမြေ့မြေ့ အောက်မေ့တတ်ကြပြီး မမေ့နိုင်တော့ပေ။ တစ်ဦးနှင့်

တစ်ဦးလည်း ခင်မင်ရင်းနှီးလာ၏။

ကရင်ရိုးရာ-တာလပေါ့ဟင်းသည် ကရင်ရိုးရာ "မိတ်ဆုံစားပွဲများ၊ ကရင်နှစ်သစ်ကူးနေ့များ၊ ၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ

ရက်များ၊ ဘုန်းတော်ကြီးကျောင်း အလှူပွဲများ"၌ အိုးသူကြီး ဖထီးတို့အတွက် အစွမ်းပြချက်ပြုတ်ခွင့်ရသော ရက်များပင်

ဖြစ်ပါသည်။

၎င်းတာလပေါ့ဟင်းတွင် အထူအားဖြင့် "မျှစ်၊ ခရု" ပါဝင်စေပြီး ဘယ်လောက်ပင်စားစား ဝမ်းမပျက်တတ်ပေ။ သဘာဝအ

စားအစာ မျိုးနွယ်စုဟင်းဖြစ်၍ ကရင်အမျိုးသားတိုင်း ထိုတာလပေါ့ဟင်းကို "ရိုးရာဟင်းအဖြစ်" ချက်ပြုတ်စားသောက်

ထိန်းသိန်းနေထိုင်လာကြသည်။

ကမ္ဘာပေါ်တွင် နာမည်ကြီးဟိုတယ်များ၊ စားသောက်ဆိုင်များတွင် ရှာဖွေစားသုံးရန် မတွေ့နိုင်ချေ။ တစ်ချို့ကရင်အမျိုး

သားများ မြန်မာ၊ထိုင်း၊ မလေးရှား၊ စင်္ကာပူစသောနိုင်ငံများ၌ ဟိုတယ်ြုကီးတွင် အလုပ် လုပ်နေကြပြီး ဟိုတယ်အစားအ

စာများကို သာ နေ့စဉ်စားသုံးရသဖြင့် ရက်ရှည်လများ ငြီးငွေ့လာကြသည်။" မိမိတို့ မြို့ရွာများသို့ - တာလပေါ့ဟင်းပူပူ

နွေးနွေး စားချင်လိုက်တာ…" စသည်ဖြင့် တမ်းတမိလာ၏။

မိမိတို့ မိသားစုနှင့် ထမင်းဝိုင်းတွင် အားရပါးရ မြိန်ရေ ရှက်ရေဖြင့် ပျော်ပျော်ပါးပါး စားချင်ကြး၏။ ငယ်စဉ်ဘဝက အစား

အသောက်ကို မမေ့တတ်ပေ။ " ကရင်ဘဝ၊ ကရင်ရိုးရာ၊ ကရင်ဓလေ့ " စားသောက်ဖွယ်ကို မမေ့နိုင်ချေ။ ကရင်လူမျိုးများ

သည် ကရင်စာကိုဖတ်၍ ကရင်စကားကိုပြောရင်း ကရင်ဝတ်စုံဝတ်ဆင်ကာ ကရင်ဒုံးယိမ်း ကပြီးသောအခါ ကရင်တာလ

ပေါ့ဟင်း ပူပူနွေးနွေးကို အမောပြေစားသောက်ကြပါက ကရင်ပီသသည်ဟု ရှေးကရင်ပညာရှိလူကြီးများက အဆိုအမိန့်

ရှိခဲ့၏။

ထိုအဆိုအမိန့်နှင့်အညီ ယနေ့ကရင်အမျိုးသားတို့၏ မျိုးဆက်သက်တမ်းသည် " နှစ်ပေါင်းနှစ်ထောင်" ကျော်လာပြီ။ သို့အ

တွက်ကြောင့် ကရင်အမျိုးသားများ ရှိနေလျှင် တာလပေါ့ဟင်းလည်း ရှိရမည်။ " ကရင်အမျိုးသားနှင့် တာလပေါ့ဟင်း " ခွဲ

ခြား၍ မရပါ။ သီးခြားခွဲထုတ်၍လည်း မဖြစ်နိုင်ပေ။ တာလပေါ့ဟင်းကို မေ့ပျောက်ပါက ကရင်အမျိုးသား၏ စိတ်ဓာတ်ကို

မေ့ပျောက်သလိုဖြစ်နေလိမ့်မည်။

" သက်တမ်းရှည် ကရင်တာလပေါ့ဟင်း " ကို ကရင်မျိုးနွယ်စုတို့၏ " ရိုးရာအစားအစာ" အဖြစ်ဖြင့် ထိန်းသိမ်းရမည် ဖြစ်

ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

တေဇော (ငှက်ပျောတော)

http://kda2005.blogspot.com/မှ ကူးယူတင်ပြသည်။

Read More...

Friday, July 3, 2009

Does America Care About Burma/ Myanmar ?

Read More...

Myanmar ( The Philanthropist )

Read More...

Wednesday, July 1, 2009

The wrist tying is coming



Sgaw and Pwo are gathering together

From many remote places

To celebrate in their beautiful traditional clothes.

Oh Karen People, do not be divided.

If we do not respect and preserve our traditional culture and literature,

They will be lost one day.

No matter the religion, Buddhist or Christian, young or old,

The Karen’s affairs are the responsibility of all Karen, with the same aim and heart.

Once a year when tying wrists in the full moon night,

We will come together happily calling on each others souls.

Original composition by Sain Tin Aye, performed by "Golden Pestle" 2005.

Read More...

Photobucket